
Privacy ဆိုတာဘာလဲ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အရာတွေကို သတိမပြုမိပဲနဲ့ လူမှုကွန်ယက်ပေါ်မှာတင်ဖြစ်တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ privacy ကို အလေးမထားမိခြင်းကြောင့် မသမာသူတွေနဲ့ သူစိမ်းတွေက အလွယ်တကူရယူနိုင်ပါတယ်။ တကယ်တော့ privacy ဆိုတာ ကိုယ့်ရေးကိုယ်တာကိစ္စဖြစ်ပြီး အရာရာဟာ သူများနဲ့မမျှဝေသင့်တဲ့အရာတွေဖြစ်ပါတယ်။
Cyberbullying ဆိုတဲ့အကြောင်းကို ဒီတစ်ခါ မိတ်ဆွေတို့ကိုမျှဝေပေးချင်ပါတယ်။ အခုလို အင်တာနက်ခေတ်ကြီးမှာ မိတ်ဆွေတို့ကိုယ်တိုင် cyber bullying လုပ်နေမှန်းမသိတာမျိုးနဲ့သတိမပြုမိတာမျိုးဖြစ်နိုင်ပါတယ်၊ အဲ့ဒါကြောင့်လည်း သိပြီးသားသူတွေအတွက်ရော reminder အနေနဲ့ဖြစ်ဖြစ်၊ မသိသေးသူတွေအတွက်ပါ ဒီစာလေးကိုရေးပေးလိုက်ပါတယ်။ အဲ့ဒီတော့ cyberbullying ဆိုတာ မြန်မာလိုဘာသာပြန်မယ်ဆိုရင်