အီးမေးလ်ဆိုတာက ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုနေကြရတာဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်လို့ သုံးကြသလို ကိုယ်ရေးကိုယ်တာကိစ္စ အတွက်သုံးတာလည်းရှိပါတယ်။ ဘော်ဒါတို့အနေနဲ့ အီးမေးလ်ဖွင့်တဲ့အခါကြရင် ကိုယ်နဲ့မသိတဲ့ အခြားလူတွေဆီက စာတွေပို့လာပြီး attachments/files တွေပို့လာတဲ့အခါကြရင် ဖွင့်မိလိုက်တာမျိုးနဲ့ဒေါင်းလုပ် လုပ်မိတာမျိုးတွေလုပ်လေ့ရှိကြပါသလား? လုပ်လေ့ရှိတယ်ဆိုရင်တော့ ဘာလို့ ကိုယ်မသိတဲ့ မေးလ်တွေနဲ့ files တွေကို မဖွင့်သင့်ဘူးလည်းဆိုတာ အတူတူဖတ်ကြည့်ကြရအောင်နော်။ Email ထဲကိုဝင်တတ်တဲ့ link and files တွေက PHISHING ဖြစ်ပါတယ်။ PHISHING ဆိုတာ တကယ်ကိုယုံကြည်ရတဲ့ အလုပ်အီးမေးလ်တစ်ခုကလိုလိုနဲ့ ကိုယ့်ကိုစာပို့တဲ့ပုံစံမျိုးနဲ့ပို့တတ်ကြပါတယ်။ သူတို့တွေက ဒီအီးမေးလ်ဖွင့်ပြီး သူတို့ပို့တဲ့ အချက်လက်အချို့ကို ဖွင့်ရင်ကို အလုပ်အဆင်ပြေတော့မဲ့ပုံစံမျိုး အလုပ်ကမ်းလှမ်းတဲ့ပုံစံမျိုးတွေ ပို့လေ့ရှိကြပါတယ်။ ဖွင့်လိုက်ပြီဆိုတာနဲ့ ကိုယ့်မှာရှိသမျှဒေတာ သတင်းအချက်အလက်တွေကို သူတို့ယူနိုင်တဲ့အနေထားကို ဖြစ်သွားပါပြီ။ နောက်တစ်ခုကတော့ RANSOMWARE လုပ်ခြင်းဖြစ်ပါတယ်။ အဲ့တာကြတော့ သားကောင်ဖြစ်တဲ့ မိမိရဲ့အချက်လက်အကုန်လုံးကို သူတို့ပို့တဲ့ attachements ဖွင့်လိုက်တာနဲ့တင် သူတို့က အကုန်ရယူနိုင်ပြီးသားပါပဲ။ ယူပြီးတာတင်မကဘူးနော်၊ ကိုယ့်ဆီကနေ ပိုက်ဆံ (သို့မဟုတ်) သူတို့လိုချင်တဲ့တစ်ခြားအရာတွေကို မရမချင်းတောင်းတော့မှာပဲဖြစ်တယ်။ Blackmail လို့ခေါ်ပါတယ်၊ ကိုယ့်အချက်လက်တွေကို ပိုက်ဆံနဲ့လဲလှဲငွေညှစ်ဖို့ ခြိမ်းခြောက်ခြင်းပဲဖြစ်ပါတယ်။ အပေါ်ကလိုအဖြစ်ဆိုးတွေကို မကြုံရအောင် ဘာတွေသုံးပြီ ကာကွယ်ကြမလဲ? ပထမဆုံးအနေနဲ့ advanced spam protection (https://www.solarwindsmsp.com/products/mail/use-cases/spam-filtering ) လို့ခေါ်တဲ့ tool လေးကို ဒေါင်းထားလို့ရပါတယ်။ (ရက် ၃၀ အခမဲ့ အစမ်းသုံးလို့ရပါတယ် ) အဲ့ဒီ tool လေးရဲ့အားသာချက်တွေကတော့ spam mails တွေကို စစ်ထုတ်ပေးတဲ့နေရာမှာ 99% သေချာပါတယ်။ spam mails ဆိုတာကိုယ့်ကို အန္တရာယ်ပြုပြီး ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုယူသွားနိုင်တဲ့အရာတွေမို့၊ advanced spam protection ဟာအသုံးဝင်မဲ့ tool လေးဖြစ်ပါတယ်။ SolarWinds® Mail Assure( https://www.solarwindsmsp.com/?promo=blog ) ကိုလည်း ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ သူလည်း ရက် ၃၀ အခမဲ့စမ်းသပ်ကြည့်လို့ရပါတယ်။ သူ့ကိုလည်း နိုင်ငံတော်တော် များများမှာ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်တွေမှာသုံးတတ်ကြပြီး အသုံးဝင်တဲ့ tool လေးဖြစ်ပါတယ်။ အပေါ်ကလို အလုပ်တွေမရှုပ်ချင်ဘူးဆိုရင်တော့ ကိုယ့် အီးမေးလ်ကို အလုပ်ကလူတွေနဲ့ကိုယ်နဲ့ခင်တဲ့သူတွေအတွက်ပဲထားပါ။ မသိသင့်တဲ့သူတွေကိုမပေးပါနဲ့။ facebook လို လူတိုင်းသိနိုင် မြင်နိုင်တဲ့နေရာမှာလည်း ဖော်ပြမထားပါနဲ့။ Public မှာသုံးမဲ့ မေးလ်ရယ်၊ ကိုယ်ပိုင် personal မေးလ်ရယ်ကို ဖြစ်နိုင်ရင်ခွဲထားပါ။ နောက်တစ်ခုက ကိုယ်မသိတဲ့ website/link တွေထဲလျှောက်ဝင်လို့ မေးလ်တောင်းတာမျိုးဆိုရင် ကိုယ့်အရေးကြီးတဲ့မေးလ်ကိုမထည့်ပါနဲ့။ အခုဖော်ပြပေးထားတဲ့ နည်းလမ်းတစ်ချို့က မသိသေးတဲ့ ဘော်ဒါတို့အတွက် အသုံးတည့်မယ်လို့ထင်ပါတယ်။ အားလုံးပဲဘေးကင်းစွာ မေးလ်သုံးနိုင်ကြပါစေ။ Sources: https://www.bluehost.com/blog/top-5-tips-to-reduce-spam-or-junk-email/?utm_source=google&utm_medium=genericsearch&gclid=Cj0KCQiAqdP9BRDVARIsAGSZ8AmsalWYgxlau7GiOdej9g1FcsaVwegmkRTU_D4q3rjW_Cv_n9TkMUYaAl0fEALw_wcB&gclsrc=aw.ds https://www.keepnetlabs.com/anti-phishing-solution-threat-simulation-2/
