Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?
Campaign ဆိုတာဘာလဲ?
Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို
စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။
အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင်
ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့
Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ
“SaveIrrwaddyDolphins” တို့ “JusticeForVictoria” တို့လို
လှုံ့ဆော်မှုတွေဟာဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ
အများစုကပါဝင်ကြတဲ့လှုံ့ဆော်မှုလေးတွေပဲဖြစ်ပါတယ်။
Campaign မှာ အွန်လိုင်းနဲ့ အပြင်မှာလုပ်တဲ့ (online and offline campaign)
Campaign နှစ်မျိုးခွဲထားပါတယ်။ အပြင်မှာလုပ်ရင်လည်း
ကောင်းသောထိရောက်မှုတွေရှိသလို အွန်လိုင်းမှာလုပ်ရင်လည်း
ကောင်းသောအကျိုးတွေကိုရနိုင်ပါတယ်။ အခုပြောမှာက အွန်လိုင်းပေါ်မှာ
Campaign ဘယ်လိုလုပ်မလဲဆိုတာကိုပါပဲ။
ဒီတော့ ဘော်ဒါတို့အနေနဲ့ ကိုယ်ယုံကြည်တဲ့အကြောင်းတွေ
မတရားဘူးလို့ထင်တဲ့အရာတွေ စတဲ့ အကြောင်းတွေကို
စည်းရုံးလှုံ့ဆော်မယ်ဆိုရင် ဘယ်ကနေစကြမလဲ?
Campaignတစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?
ပထမဆုံးအနေနဲ့ ရည်ရွယ်ချက်နဲ့ရည်မှန်းချက်လိုမယ်၊
ဒီရည်မှန်းချက်တွေကို ချထားပြီးပြီဆိုရင်လည်း
လိုက်လုပ်နိုင်ဖို့တစ်ခါတည်းစဥ်းစားထားရမယ်။
ကိုယ်ထားတဲ့ Goal ကလည်း ရှင်းလင်းပြတ်သားဖို့လိုတယ်။
ဥပမာ အင်တာနက်ပေါ် အမုန်းစကားတွေမပွားရဘူးဆိုရင်
ဘယ်လိုဒါကိုထိရောက်အောင် လှုံ့ဆော်ကြမလဲလို့ဆုံးဖြတ်ထားရမှာဖြစ်ပါတယ်။
အချိန်အတိုင်းတာတစ်ခုထိလည်း ကြိုတင်စဥ်းစားထားသင့်ပါတယ်။
ဒီ Campaign ကိုဘယ်လောက်ကြာကြာလုပ်မလဲဆိုတာလည်း
ဆုံးဖြစ်ချက်ချထားဖို့လိုပါတယ်။
Campaignတစ်ခုမှာနောက်အရေးကြီးတဲ့အချက်ကတော့
အသက်၊ ကျား၊ မ၊ စတဲ့ ရှင်းလင်းပြီး ရည်ရွယ်တဲ့
ပရိတ်သတ်ကိုထားရမှာဖြစ်တယ်။ ဘယ်အသက်ရွယ်နဲ့
ဘယ်သူတွေစီကိုရောက်စေချင်လည်းဆိုတာကို သေချာစီစဥ်ထားဖို့လိုပါတယ်။
Storytelling (ဇတ်လမ်း)လိုပုံစံနဲ့ ကိုယ်ပေးချင်တဲ့ Message ကိုတင်ပြတာကလည်း
Campaignမှာလုပ်လေ့လုပ်ထရှိတဲ့ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ဇတ်လမ်းလေးရိုက်ပြီး ပြသခြင်းအားဖြင့်လူတွေရဲ့ခံစားချက်ကိုနှိုးစော်စေသလို၊
ဘယ်သူဘယ်ဝါကိုမှ ထိခိုက်စေတာမျိုးမဖြစ်ပဲ၊ ဇတ်လမ်းကြည့်တဲ့လူတွေအနေနဲ့
ဇတ်လမ်းနဲ့စီးမျှော် ပြီး လိုက်ခံစားပေးတတ်ကြပါတယ်။ ဆိုပါစို့ အင်တာနက်ပေါ်
အမုန်းစကားတွေမပြောရဘူးဆိုတာကို ဇတ်လမ်းလေးဖန်တီးပြီးတော့ တင်ရင်၊
လူတွေက ရုပ်ရှင်ကြည့်နေရသလိုပဲခံစားရပြီး၊
ကိုယ့်ရဲ့အချို့ အမူအကျင့်တွေကိုပြန်ပြီးစဥ်းစားဖြစ်မယ်ဆိုရင်၊
ဒါကိုယ့်ရဲ့ Campaignက အောင်မြင်တယ်လို့ပြောလို့ရတာပေါ့။
နောက်ဆုံးအချက်နေနဲ့၊ ကိုယ်လုပ်တဲ့Campaign
ကို အချိန်တိုင်းတာတစ်ခုထိ ဆက်သွားဖို့ဆိုရင် အမြဲ active ဖြစ်နေဖို့လိုမယ်။
Page ထောင်ထားတယ်ဆိုရင် ကိုယ့် Page
မှာ ကိုယ့်ကိုအားပေးနေတဲ့သူတွေနဲ့ရင်ဘက်ချင်းနီးတဲ့သူတွေ
ရည်ရွယ်ချက်တူတဲ့သူတွေကိုအမြဲ engage ဖြစ်နေဖို့လိုပါတယ်။
Related