ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ?
ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို
ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications
တွေအများကြီးထဲကမှ Snapseed Application ကိုမိတ်ဆက်ပေးချင်ပါတယ်။
Instagram models, facebook influencers တွေသုံးလေ့ရှိတဲ့
Application လေးဖြစ်သလို၊ ပုံကိုကြည့်လိုက်တာနဲ့ professional
ဆန်တယ်လို့ထင်ရလောက်အောင် ပုံတွေကိုပြင်လို့ရတဲ့Appလေးဖြစ်ပါတယ်။
ဒါဆို ဆက်ပြီး Snapseedသုံးပုံသုံးနည်းကို ဆက်လေ့လာကြည့်ကြရအောင်။
Snapseed App မရှိသေးရင် အရင်ဆုံး ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းပြီးတာနဲ့စသုံးလို့ရပါပြီ။
Snapseed ထဲဝင်လိုက်ပြီဆိုရင် Tools ဆိုတဲ့အထဲမှာ
အများကြီးရွေးချယ်လို့ရတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။
Tools ထဲမှာအသုံးပြုကြတာများပြီး သုံးကောင်းတာလေးတွေဆိုရင် ပထမဆုံးအနေနဲ့
“Healing” ဖြစ်ပါတယ်။ အဲ့ဒီထဲမှာဘာတွေလုပ်လို့ရလည်းဆိုရင် . .
ဥပမာ ကိုယ်ကသူငယ်ချင်းနဲ့အမှတ်တရပုံရိုက်ထားတဲ့အခါ
အနောက်ခံပုံထဲမှာ တခြားလူပါနေတာဖြစ်ဖြစ်၊
ကိုယ်မမြင်စေချင်တဲ့အရာတွေနဲ့ရှုပ်နေတယ်ဆိုရင်၊
healing ထဲဝင်ပြီး ကိုယ်ဖျက်ချင်တဲ့ဟာကို zoom ဆွဲပြီး “healing brush”
လေးနဲ့ဖျက်လိုက်ရုံပါပဲ။ အဲ့တာလေးနဲ့ပွတ်လိုက်ရုံနဲ့
ကိုယ့်ပုံထဲမပါစေချင်တာတွေကိုဖျက်လိုက်လို့ရသလို ကြည့်ရတာလည်း
ပုံကရှုပ်မနေတော့ဘူးပေါ့။ ကိုယ်လိုချင်တဲ့အနေထားရသွားပြီဆိုရင်
ညာဘက်ထောင့်လေးမှာရှိတဲ့ အမှန်ချစ်လေးကိုနှိပ်လိုက်ပြီးပုံကို save လုပ်လိုက်ရုံပါပဲ။
Tools ထဲမှာရှိတဲ့ကျန်တဲ့အရာတွေကတော့
text, vignette, expand တို့လို tools လေးတွေပဲဖြစ်ပါတယ်။
အဲ့ဒီထဲမှာဆိုရင် ပုံတွေကို ပိုအရောင်လင်းစေချင်တာမျိုးပဲဖြစ်ဖြစ်၊
အရပ်လေးနည်းနည်းရှည်ထွက်ချင်လို့သုံးတာပဲဖြစ်ဖြစ်၊အမျိုးစားအစုံကိုသုံးကြည့်လို့ရပါတယ်။
နောက်တစ်ခု Snapseed မှာအသုံးများတာတွေကတော့ Filters ပဲဖြစ်ပါတယ်။
Filters ထဲမှာဆိုရင် ကိုယ်လိုချင်တဲ့ခံစားချက်နဲ့ကိုက်ညီမဲ့
အရောင်လေးတွေကိုပြောင်းလို့ရမှာဖြစ်ပါတယ်။
Lens blur,Grunge, drama, black&white,
noir, grainy film စတဲ့အရောင်အစုံကိုပြောင်းလို့ရမှာဖြစ်ပါတယ်။
ဒီအရောင်တွေက Iphone သမားတွေရော
Android သမားတွေရော အားလုံးရဲ့
Camera မှာ ရှိလေ့ရှိထမဟုတ်တဲ့အရောင်တွေကိုတွေ့ရမှာဖြစ်ပါတယ်။
အပေါ်မှာပြောပြသွားတဲ့ tools, filters တွေက
တစ်ခုထဲနဲ့ပုံကိုပြင်လို့ရတာမျိုးမဟုတ်ပါဘူးနော် ၊
သူ့အားသာချက်က ပုံလေးကို ဥပမာ black&white
ပြောင်းပြီးတော့ နည်းနည်းလေးဝါးစေချင်တယ်ဆိုရင်
ပုံကိုဝါးလို့ရသလို၊ ပုံကိုဘောင်ခတ်ချင်တာမျိုးဆိုရင်လည်း
တစ်ခါတည်းလုပ်လို့ရတာတွေကို Snapseed မှာတွေ့ရမှာဖြစ်ပါတယ်။
နောက်ကြရင် videos လေးတွေနဲ့ snapseed သုံးပြီး
ပုံဘယ်လိုပြင်လို့ရလည်းဆိုတာကိုတင်ပေးသွားမှာမို့ အားလုံးစောင့်မျှော်ပေးကြပါအုံး။
Related