Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

VPN ကိုဘာလို့သုံးသင့်လဲ?

Posted on November 29, 2020November 29, 2020
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။
VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ 
ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 
VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ 
VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊
ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့ 
အချက်လက်တွေကို ကာကွယ်ပေးသော ကိရိယာလည်းဖြစ်ပါတယ်။
 အင်တာနက်သုံးတဲ့အခါမှာ VPNဟာ လုံခြုံမူကိုပိုမိုမြှင့်တင်ပေးလို့ စိတ်ချရစေပါတယ်။ 
အများသုံး Wi-Fi Networks တွေမှာဆိုရင်
 အများသောအားဖြင့်မလုံခြုံတဲ့အတွက် VPN ရှိဖို့က အရေးကြီးပါတယ်။  
သင့်ရဲ့လိုအပ်ချက်အရ၊ သင်ဝယ်ယူလို့ရတဲ့ VPN အမျိုးစားအမျိုးမျိုးရှိပါတယ်။
ExpressVPN ဆိုရင် အသုံးပြုတဲ့နေရာမှာလွယ်ကူပြီး မြန်ဆန်ပါတယ်။ 
Netflix တို့လို streaming media မှာအသုံးပြုလို့သင့်တော်ပါတယ်။ 
ဈေးသက်သက်သာသာနဲ့သုံးစွဲသူများတဲ့ application တစ်ခုပါ။ 
StrongVPN လည်းပဲ torrenting လုပ်ခြင်းနဲ့ streaming media 
လုပ်ခြင်းတို့မှာ အများစုသုံးကြတဲ့ application တစ်ခုဖြစ်ပါတယ်၊ 
သို့ပေမဲ့ အခြား applications ကဲ့သို့ အလွယ်တစ်ကူအသုံးမပြုနိုင်ပါဘူး။ 
Tunnelbear ကြတော့ စာကြည့်တိုက်တို့၊ ကော်ဖီဆိုင်တို့မှာအသုံးပြုဖို့လွယ်ကူပေမဲ့၊ 
streaming media သုံးဖို့ကိုတော့အကြံမပေးလိုပါဘူး။

ဒီတော့VPNရှိဖို့ဘာကြောင့်အရေးကြီးတာလဲ။ 
အထူးသဖြင့်အများပြည်သူသုံး Wi-Fi ပေါ်တွင် VPN သည်သင်၏
browsing လုပ်ဆောင်မှုကိုကာကွယ်ပေးသောအရာတစ်ခုဖြစ်ပါတယ်။ 
သင်ကကော်ဖီဆိုင်တစ်ခုသို့မဟုတ်စာကြည့်တိုက်လိုအများပြည်သူပိုင်နေရာမှာရောက်နေရင် 
အများသုံး Wi-Fi ကွန်ယက်ကိုချိတ်ဆက်ချင်နေလိမ့်မည်။ 
သို့သော်သင်၏သတင်းအချက်အလက်ကိုလိုချင်သောဟက်ကာတစ်ချို့က
ဤကွန်ယက်ကိုထိန်းချုပ်ထားခြင်းရှိမရှိသင်မည်သို့သေချာနိုင်ပါ့မလည်း။
ဥပမာအားဖြင့်သင်၏အွန်လိုင်းစကားဝှက်များ၊ သင်၏စကားဝှက်များ၊
ခရက်ဒစ်ကဒ်နံပါတ်များနှင့်သင်၏အခြားလျှို့ဝှက်အချက်အလက်များဖြစ်တဲ့
ကိုယ်ရေးကိုယ်တာအချက်အလက်။ VPN ကိုအသုံးပြုခြင်းသည်
ကိုယ်ပိုင်အချက်အလက်များကိုကာကွယ်ရန် Onlineလုံခြုံရေးကိုတိုးမြှင့်စေသည်။ 
VPN အသုံးခြင်းရဲ့နောက်အားသာချက်တစ်ခုက သင်၏တည်နေရာကိုဖုံးကွယ်ထားလို့ရပြီး 
IP Address ကိုလည်းပြောင်းလည်လို့ရခြင်းဖြစ်သည်။ Blocked Websites
တွေကိုလည်းကျော်ကြည့်လို့ရသည်။တိုးတက်လာသည်နှင့်အမျှ ၂၀၀၀ ခုနှစ်မှစ၍ VPN သုံးစွဲသူအရေအတွက်တိုးလာသည်။ 
အဖွဲ့အစည်းများနှင့်ကုမ္ပဏီများသည်လျှို့ဝှက်စွာဆက်သွယ်ရန် VPN ကိုမကြာခဏအသုံးပြုကြသည်။ 

ဘာကြောင့် VPN ရှိသင့်သလဲ။ 
VPNကိုအသုံးပြုခြင်းအားဖြင့်သင်၏သတင်းအချက်အလက်အားလုံးသည်လုံခြုံမှုရှိလိမ့်မည်။
မည်သည့် ၀ဘ်ဆိုဒ်ကိုမဆိုစိုးရိမ်စရာမလိုဘဲကြည့်ရှုနိုင်လိမ့်မည်။ 
သင်၏ဖုန်းဖြင့် အများပြည်သူသုံး Wi-Fi 
လွှင့်စက်ငယ်တစ်ခုနှင့်ချိတ်ဆက်သောအခါ VPN ကိုသုံးရန်အရေးကြီးသည်။ 
၎င်းသည် သင့်၏ Facebook, Emails, Twitter 
နှင့်ဓာတ်ပုံများကဲ့သို့သောကိုယ်ရေးကိုယ်တာအချက်အလက်များကို အလွယ်တကူ 
ခိုးယူနိုင်ခြင်းမှ ကာကွယ် ပေးသည်။VPN ထားရှိခြင်းဖြင့်သင်၏အချက်အလက်များကိုမည်သူတစ် 
ဦးတစ်ယောက်မျှအလွယ်တကူ ရရှိနိုင်လိမ့်မည်မဟုတ်ပါ။

 

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။