Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

Zoom အကြောင်း အပိုင်း၂

Posted on November 12, 2020November 12, 2020
 ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom
 အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ 
(Zoom  အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက
 ဒီလင့် (https://bit.ly/2K0PUjj ) 
လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။  
Zoom မှာ ဘယ်လိုမျိုး host (ဖိတ်ခေါ်သူ) 
ဘက်ကသုံးလေ့ရှိကြလဲနဲ့ဘယ်လိုဝယ်ယူကြလဲဆိုတာကို
 လေ့လာကြရအောင်။ Zoom ကို မဝယ်ယူပဲ(free) 
မိနစ် ၄၀ သုံးလို့ရပါတယ်။ ( free download  https://zoom.us/billing ) 
နောက်တစ်ခုကတော့ တစ်လကို
  12-14  dollars လစဥ်ကြေးပေးသွင်းပြီး အသုံးပြုလို့ရပါတယ်
 အောက်ကလင့်ကိုနှိပ်ပြီး ဝယ်ယူအသုံးပြုလို့ရပါတယ်။
  လူဦးရေ အယောက် ၁၀၀ ထိပါဝင်သော လုပ်ငန်းများအတွက် အသုံးပြုနိုင်ပါတယ်။  (https://zoom.us/account/billing/buy?plan=pro&subPlan=allSubPlan&type=basic2pro&period=annual )
 နောက်ဆုံးတစ်ခုကတော့ စီးပွားရေးအကြီးစားတွေလုပ်နေတဲ့ 
Company တွေသုံးလို့ရပြီး တစ်လကို 199 dollars ပေးရုံနဲ့ 
လူဦးရေ ၃၀၀ ထိဖိတ်ခေါ်နိုင်ပါတယ်။   ( https://zoom.us/account/billing/buy?plan=biz&subPlan=allSubPlan&type=basic2pro&period=annual ) 
 အပေါ်က Zoom Account တွေကိုလုပ်ပြီး ဝယ်လို့ပြီးသွားပြီဆိုရင် 
Zoom ကိုဖိတ်ခေါ်သူအနေနဲ့ ဘယ်လိုသုံးကြမလဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်။ 
 Zoom Account ကိုဝယ်ထားပြီး 
host လုပ်‌တော့မယ်ဆိုရင် အရင်ဆုံး အကောင့်ထဲဝင်လိုက်ပါ။ 
အကောင့်ထဲဝင်ပြီးပြီဆိုရင် home မှာ “New Meeting” “Join” “Schedule” 
နဲ့ “Share Screen” တို့ကိုတွေ့ရမှာဖြစ်ပါတယ်။  တကယ်လို့ ကိုယ်က
 နောက်အပတ်ထဲမှာမှ အစည်းဝေးတစ်ခုလုပ်ချင်တယ်၊ 
ကြိုတင်လည်း ပါဝင်မဲ့သူတွေအတွက် zoom link and password 
လေးပေးထားချင်တယ်ဆိုရင် schedule ကိုအရင်နှိပ်ပါ။ 
 အဲ့ဒီထဲမှာဆိုရင် ကိုယ် အစည်းဝေးလုပ်မဲ့နေ့နဲ့အချိန်ကိုscheduleကိုနှိပ်ခါ 
ထည့်ထားလို့ရပါတယ်။ အစည်းဝေးလုပ်ဖို့အတွက် ဝင်သွားပြီးဖြစ်တဲ့အခါ
 ဖိတ်ခေါ်သူအနေနဲ့ ပါဝင်သူတွေက တကယ်လို့ 
Screen Share လုပ်ချင်တာမျိုးဆိုရင် Security မှ
ာ Screen Share တာလေးနှိပ်ပေးလို့ရပါတယ်။ 
အချို့ ဖိတ်ခေါ်သူတွေအနေနဲ့ဆိုရင် ကိုယ်သင်တန်းပေးနေတာ(သို့) 
အစည်းဝေးကိုပြန်ကြည့်ချင်တာမျိုးဆိုရင်  
Record ကိုနှိပ်ပြီးမှတ်တမ်းတင်ထားနိုင်ပါတယ်။ Security မှာ 
နောက်ထပ်  ပါဝင်သူတွေအတွက် “Chat”
 “Rename Themselves” “Unmute Themselves” တို့လည်းရှိပါတယ်။ 
တစ်ခါတစ်လေမှာ ပါဝင်သူတွေဘက်က စာရေးချင်တဲ့အခါ
 Chatကိုနှိပ်ပြီး၊ ကိုယ့် Microphone ကို Unmute (အသံပိတ်ခြင်းနှင့်အသံဖွင့်ခြင်းတို့)
လုပ်ချင်တဲ့အခါ “Unmute Themselves” ကိုနှိပ်ခါပြုလုပ်နိုင်ပါတယ်။ 
နာမည်ကို ပြောင်းချင်တဲ့အခါ အဖွဲ့စည်းနာမည်ထည့်ချင်လို့
 ပြန်ပြောင်းချင်တာမျိုးတို့ဆိုရင်လည်း “Rename Themselves”
 လို့နှိပ်ပေးလိုက်ရင် တစ်ဖက်က နာမည်ပြောင်းလို့ရမှာဖြစ်ပါတယ်။
 Participants ကိုနှိပ်လိုက်ရင် ဘယ်သူတွေပါဝင်လည်းဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
 တစ်ဖက်က အသံတွေဆူညံနေရင်လည်း 
ကိုယ်က ဖိတ်ခေါ်သူအနေနဲ့သူတို့ကိုအသံလှမ်းပိတ်ထားတာမျိုးလုပ်လို့ရပါတယ်။ 
အစည်းဝေးပြီးဆုံးတဲ့အခါ End ကိုနှိပ်ပြီး 
တစ်ယောက်ထဲအစည်းဝေးကထွက်သွားချင်တယ်ဆိုရင် 
 leave meeting ကိုနှိပ်လို့ရပြီး၊ အားလုံးကိုထွက်စေချင်တယ်ဆိုရင် 
End Meeting For All နှိပ်ပြီးထွက်ခဲ့ရုံပါပဲ။ အားလုံးပဲ Zoom အသုံးပြုရင်း
 စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ကြပါစေ။ 
 


Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2022 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။