Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?

Posted on November 5, 2020November 5, 2020
 ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking
(သတင်းအချက်အလက်စစ်ဆေးခြင်း) 
နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ 
ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို
(https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။
သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ 
ဘယ် page တွေကအကူညီတောင်းပြီး 
စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။
သတင်းအတုယောင်တွေကို စစ်ချင်တဲ့အခါ 
ပထမဆုံးအချက်အနေနဲ့ 
သတင်းရင်းမြစ်ကို သေသေချာချာ ကြည့်ရှုစစ်ဆေးပေးပါ။ 
သတင်းရင်းမြစ်(Sources)တွေက မပါလာပဲ 
အင်တာနက်စာမျက်နှာ(website) တစ်ခုထဲမှာ 
 လင့်ခ် (link)တစ်ခုထဲသုံးပြီးတော့
 မိမိတို့ကိုယ်ပိုင် သတင်းအချက်အလက်များ 
အနေနဲ့ ရေးသားဖော်ပြဖြန့်ဝေ ကြတာတွေရှိပါတယ်။
 ဒါကြောင့်သတင်းရင်းမြစ်ကိုသေချာစစ်ဆေးပေးပါ။
ဘယ်လို link/ website/article 
တွေကနုတ်ယူကူးယူလာလဲဆိုတာကိုစစ်ဆေးပေးပါ။

ဒုတိယ အရေးကြီးအချက်အနေနဲ့ 
သတင်းတင်တဲ့နေ့စွဲတွေကို သေချာစစ်ဆေးပေးပါ။
သတင်းက လွန်ခဲ့တဲ့နှစ်တွေကသတင်းတွေဖြစ်နေတတ်သလို၊ 
တစ်ခြားနိုင်ငံကသတင်းတွေလည်းဖြစ်နေနိုင်ပါတယ်၊ 
ဒါကြောင့် နေ့စွဲတွေကို စစ်ဆေးပေးပါ။ 
Update ဖြစ်မဖြစ်ဆိုတာမျိုးလည်းသိထားသင့်ပါတယ်။

တတိယအနေနဲ့ 
ကိုးကားတဲ့အချက်များကိုစစ်ဆေးပေးပါ။ ဘယ်သတင်းတွေနဲ့ဘယ်လိုစာကနေဖတ်ထားပြီး ဒီသတင်းကို ကိုးကားထားရသလဲဆိုတာကိုစစ်ဆေးပေးပါ။

နောက်တစ်ချက်အနေနဲ့ကတော့ 
တစ်ခြားသတင်းတွေမှာရော ဒီသတင်းကဖော်ပြနေလားဆိုတာကို စစ်ဆေးပေးပါ။
တစ်ခြားသောသတင်းရင်းမြစ်အချက်အလက်တွေနဲ့အတူတူတိုက်ကြည့်ပေးပါ။
မိမိဖတ်ထားတဲ့သတင်းတစ်ခုက တစ်ခြားသော သတင်းတိုက်တွေနဲ့သတင်းစာတွေမှ
ာ မတူညီတဲ့သတင်းတွေဖြစ်နေနိုင်ပါတယ်။
ဟာသလုပ်သလိုရေးပြီး သတင်းလုပ်တတ်တာတွေလည်းရှိပါတယ်။ 
ဒါကြောင့်အပျော်အပြက်ရေးထားတာလား၊ 
သတင်းပုံစံရေးထားတာလားဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့
 ပုံတွေကိုအတုအနေနဲ့လုပ်ထားပြီး သတင်းမှန်လိုပုံစံမျိုးရေးတာတွေကိုသတိပြုမိဖို့လိုပါတယ်။
Photoshopped လုပ်ထားလားမလုပ်ထားလားလားဆိုတာကို
 ဥပမာ တင်ထားတဲ့အချက်အချက်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့
 အပြင်အဆင်မျိုးတွေကိုပြနေတာဆိုရင် ဒါဟာ သတင်းအမှား(သို့) ပုံကိုပြန်ပြင်ထားတယ်ဆိုတဲ့သဲလွန်စကိုရမှာဖြစ်ပါတယ်။ 

သတင်းအတုယောင်တွေကိုဘယ်လို page တွေမှာမေးမြန်းလေ့လာလို့ရလည်းဆိုရင်
အရမ်းအသုံးများကြတဲ့ page  လေးကတော့ “Think Before You Trust” ဆိုတဲ့ page 
 ( https://www.facebook.com/ThinkBeforeYouTrust)
လေးပဲဖြစ်ပါတယ်၊ သတင်းတော်တော်များများကိုလည်း updateဖြစ်သလို ပုံတွေနဲ့တစ်ခါတည်း အမှား၊အမှန်တွေကိုတင်ပေးနေတဲ့ အားပေးသူများနေတဲ့ pageလေးပဲဖြစ်ပါတယ်။ ဘေးမှာလင့်လေးချထားပေးတယ်နော်။
ကဲ
နောက် page လေးကတော့ MIDOပဲဖြစ်ပါတယ်။ 
( https://www.facebook.com/Myanmarido )
သတင်းမှားခြင်း မှန်ခြင်းတွေကိုသိချင်ရင် သူတို့ကိုစာပို့မေးလိုက်တာနဲ့ ၂-၃ရက်အတွင်းသူတို့က အကြောင်းပြန်ကြားပေးပါတယ်နော်။ သူတို့ကလဲ သတင်းတု သတင်းမှားတွေကိုစစ်ဆေးတဲ့နေရာမှာ နာမည်တစ်ခုရထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။
အားလုံးပဲမျက်စိကိုရှင်ရှင်ထားပါ၊ 
အွန်လိုင်းမှာတွေ့သမျှကိုမယုံဖို့တိုက်တွန်းရင်း အားလုံးဘေးကင်းစွာအင်တာနက်သုံးနိုင်ကြပါစေနော်။

Sources:  https://www.mindtools.com/pages/article/fake-news.htm

https://yali.state.gov/importance-fact-checking/

https://researchguides.ben.edu/c.php?g=608230&p=4219925

 

 

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။