ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ
အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို
ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း
လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊
အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့
မအားလပ်တာမျိုးဖြစ်နေလို့ မဲပေးဖို့အချိန်မရ
(သို့) အချိန်မပေးလိုက်ရတာ
မျိုးဖြစ်မှာကိုလည်း မပူရတော့ဘူး။
ဒါ့ကြောင့်အမျိုးသမီးမဲဆန္ဒရှင်တွေအနေနဲ့
ငါးနှစ်မှတစ်ကြိမ်ရတဲ့ မဲပေးနိုင်ခွင့်ကို
အကျိုးရှိစေဖို့ ကိုယ့်အသံ၊ ကိုယ့်အခက်အခဲကို
နားထောင်နိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို
မဲပေးရွေးချယ်ဖို့လိုပါတယ်။
မဲဘယ်လိုပေးရမယ်ဆိုတာမသိလို့
မဲမပေးလိုက်တာမျိုးမဖြစ်ရအောင်
ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာ
ဗဟုသုတ အစုံအလင်ကို VoteMM website ( https://www.votemm.info ) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီ Website လေးမှာ VoteMM ဆိုတာဘာလဲ၊ ဘာတွေလေ့လာနိုင်လဲနဲ့ VoteMM ရဲ့ထူးခြားချက်တွေကို မျှဝေပေးထားပါတယ်။
ရွေးကောက်ပွဲအကြောင်းသိလိုပါသလား? VoteMM မှာလေ့လာပါ..
VoteMM ဆိုတာ?
VoteMM ဟာ ဖန်တီးရာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက
ပူးပေါင်းအကောင်အထည်ဖော်ထားတဲ့
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊
ဗဟုသုတတွေနဲ့ ဆန္ဒမဲပေးခြင်းနဲ့သက်ဆိုင်တဲ့
သိထားသင့်တဲ့အကြောင်းအရာတွေကို
တစုတစည်းတည်း online ကနေအလွယ်တကူလေ့လာနိုင်တဲ့
နေရာလေး ဖြစ်ပါတယ်။
VoteMM မှာဘာတွေ လေ့လာနိုင်မလဲ?
(၂၀၂၀)ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေ၊
ဗဟုသုတတွေ၊ ပြည့်စုံမှန်ကန်တဲ့မဲတပြား
ဖြစ်စေဖို့ သိရှိလိုက်နာရမယ့်အချက်တွေ၊
ဒါ့အပြင် ပါဝင်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့
မိမိမဲဆန္ဒနယ်မှာ ဘယ်ပါတီတွေ ဘယ်ကိုယ်စားလှယ်လောင်းတွေ
ပါဝင်ယှဉ်ပြိုင်မလဲဆိုတာလေ့လာနိုင်ပြီး မိမိနဲ့ကိုက်ညီတဲ့
ကိုယ်စားလှယ်/ပါတီ တွေကိုစနစ်တကျရွေးချယ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
VoteMM ရဲ့ထူးခြားချက်တွေက..
ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာ အသိပညာနဲ့အချက်အလက်တွေကို မှတ်သားရလွယ်တဲ့ data visualization လေးတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဉာဏ်စမ်းလေးတွေကို ပျော်စရာကဏ္ဍ ( https://www.votemm.info/games)
မှာဝင်ဖြေရင်း အလွယ်တကူလေ့လာနိုင်သလို
VoteMM Chatbot (https://m.me/votemm.info)
မှာလည်း မိတ်ဆွေတို့သိလိုတဲ့အချက်တွေကို အချိန်မရွေး လေ့လာမေးမြန်းနိုင်ပါတယ်။
သတင်းအချက်အလက်တွေကို VoteMM website( https://www.votemm.info)
နဲ့ Vote MM Facebook Page မှာ
အချိန်နဲ့တပြေးညီ Up to Date လုပ်ပေးသွားမှာဖြစ်တာကြောင့်
အမြဲတမ်းစောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
VoteMM ကိုမိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ ဖန်တီးရာ (Phandeeyar),
ရွေးကောက်ပွဲ ဆိုင်ရာပြည်သူ့ လှုပ်ရှားမှု အဖွဲ့ (PACE),
Internews Myanmar နှင့် International Institute for Democracy and Electoral Assistance (Internation IDEA)
အဖွဲ့တို့မှ နည်းပညာပိုင်းဖြင့်လည်းကောင်း၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များ၊ သတင်းဆောင်းပါးများနှင့်သင်ရိုးညွှန်းတမ်းများ စိစစ်ပြုစုမျှဝေခြင်းဖြင့်လည်းကောင်း အဘက်ဘက်မှ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ထားတာဖြစ်ပါတယ်။
“လေ့လာ ရွေးချယ် မဲပေးမယ်”
#VoteMM
Related