မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊
လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code
ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့)
မိမိအိမ်ထောင်ဖက်ကို password/PIN code
တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊
မပေါင်းတော့တာမျိုးဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးမဲ့စေတဲ့
မလိုလားအပ်တဲ့ကိစ္စတွေဖြစ်ပေါ်လာနိုင်ပါတယ်။
အကျိုး အပြစ်ကိုချိန်ကြည့်မယ်ဆိုရင်
ဆိုးစေတဲ့ဘက်က ပိုပြီးတော့များနေပါတယ်။
မိမိကိုမကျေနပ်လို့ မိမိရဲ့အကောင့်ထဲဝင်ပြီး
စျေးလျှောက်ဝယ်ခြင်း၊
မိမိဘာလုပ်နေတယ် ဘယ်သူတွေနဲ့ပြောဆိုထားတယ်ဆိုတာကို
သတင်းလိုက်မုဆိုးဆန်ဆန်
မိမိအကောင့်ထဲဝင်ကြည့်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။
Relationship နဲ့ပတ်သတ်တဲ့ သုတေသနတွေ
လေ့လာတွေ့ရှိချက်တွေအရ ပြတ်သွားပြီးလျှင်
မိမိရဲ့အဆက်ဟောင်းမှ မိမိရဲ့အကောင့်ထဲသို့ဝင်ရောက်
မွှေတာမျိုးတွေလုပ်တတ်ကြတယ်လို့ သိရှိထားရပါတယ်။
ဖြစ်နိုင်လျှင် အစထဲက password ကိုမပေးပါနဲ့၊
ပေးထားပြီးလို့ ပြတ်သွားကြတယ်ဆိုရင်လည်း password ပြောင်းဖို့မမေ့ပါနဲ့။
နားလည်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာ
တစ်ဦး privacyကို တစ်ဦးက အပြန်အလှန်လေးစားမှုပေးနိုင်ခြင်းပဲဖြစ်ပါတယ်။
စည်းကမ်းရှိပြီး တစ်ဦးပေါ်တစ်ဦးယုံကြည်တဲ့ ချစ်သူ၊
အိမ်ထောင်ဖက်ဖြစ်ဖို့ကလည်း ပျော်ရွှင်ပြည့်စုံတဲ့ relationship
တစ်ခုတည်ဆောက်ဖို့အတွက် အဓိကကျတဲ့အရေးကြီးအချက်တစ်ခုဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ မိမိသူငယ်ချင်းနှင့် မိမိအချင်းချင်းကြားက
ကိုယ်ရေးကိုယ်တာတွေကိုပြောပြထားတယ်ဆိုတာမျိုးရှိခဲ့ရင်
အဲ့ဒီလိုပြောဆိုထားတာတွေကို မိမိအိမ်ထောင်ဖက် (သို့)
ချစ်သူက မြင်သွားရင်မကောင်းပါဘူး။ တစ်ဖက်ကသူငယ်ချင်းကို
မိမိအိမ်ထောင်ဖက်(သို့)ချစ်သူကမသိသလို၊
မိမိသူငယ်ချင်းကလည်း ယုံကြည်လို့ ကိုယ်ရေးကိုယ်တာတွေ
နှစ်ကိုယ်ကြား ဖွင့်ဟထားကြတဲ့အတွက်
မိမိအပြင်ဘယ်သူမှမသိတာအကောင်းဆုံးပါ။
ဖြစ်နိုင်ရင် (မိမိသာသိရမယ့် သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ အထူးလျှို့ဝှက်ချက်များဆိုပါက) တစ်ဖက်သားပြောသမျှစာတွေကို
ဖတ်ပြီးတာနဲ့ ဖျက်ပစ်လိုက်တာက ပိုပြီး
လုံခြုံစိတ်ချရပါလိမ့်မယ်။ မိမိဘော်ဒါတွေနဲ့
ဘာရယ်မဟုတ် စ,နောက် ထားတာတွေကလည်း
မိမိချစ်သူ(သို့)အိမ်ထောင်ဖက်မြင်ရင်
နားလည်မှုလွဲမှားပြီး စကားများရန်ဖြစ်လာနိုင်ခြင်းများရှိတာကြောင့်
အချို့ကိစ္စများကို privacy ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေနှင့် ဆိုရင်လည်း မိမိရဲ့အလုပ်မှာသုံးတဲ့
မေးလ်(email account) password ကိုမပေးထားသင့်ပါဘူး။
ဥပမာအနေနဲ့ မိမိကအလုပ်မလာဖြစ်လို့၊
ဖျားလို့ ဖုန်းလှမ်းဆက်ပြီး mail ထဲဝင်ပြီး
ဘာလုပ်ပါ ညာလုပ်ပါလို့ ပြောရင်း မထင်မှတ်ပဲ
မိမိလစာ (သို့မဟုတ်) မိမိနှင့်မိမိအလုပ်ရှင်သာသိသင့်တာတွေကို
လုပ်ဖော်ကိုင်ဖက်က တွေ့မြင်သွားခဲ့ရင်မသင့်တော်ပါဘူး။
မသိသင့်၊ မသိအပ်တဲ့အရာတွေ ရှိကိုရှိပါတယ်။
ဥပမာ - လစာလိုမျိုး တစ်ဖက်သားကသိသွားပြီး
သူတို့လစာက မိမိလစာအောက် နည်းနေတာမျိုးဆိုလျှင်၏
ရှင်းရခက်တဲ့ တစ်အုံ့နွေးနွေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
Privacy ရှိခြင်းဟာ အင်မတန်ကို လူတိုင်းအတွက်အရေးကြီးပါတယ်။
privacy ဆိုတာ ကိုယ့်ရေးကိုယ်တာကိစ္စသာဖြစ်ပြီး
သူများနဲ့မမျှဝေသင့်တဲ့အရာတွေဖြစ်ပါတယ်။
Privacy ဆိုတာ လူ့အခွင့်ရေးထဲက
ကိုယ့်ရဲ့ရပိုင်ခွင့်ဖြစ်တဲ့ rights တစ်ခုပါပဲ။
ဒါကြောင့် အရာရာအားလုံးကို လူတိုင်း ပေးသိစရာမလိုပါဘူး။
ပိုမိုစိတ်ချလုံခြုံသောအနေအထားကို လိုချင်လို့သော်လည်းကောင်း
(သို့) မိမိကိုယ်ရေးကိုယ်တာကို တခြားတစ်ယောက်သိသွားခဲ့ပြီဟု
သံသယရှိရင်သော်လည်းကောင်း Password ကိုမကြာခဏပြောင်းပေးသင့်ပါတယ်။
ထိုကဲ့သို့ ပြုလုပ်ပေးခြင်းက မိမိလုံခြုံရေးအတွက်အများကြီးအထောက်ကူဖြစ်စေပါလိမ့်မယ်။
မလိုလားအပ်တဲ့ အန္တရာယ်များ မဖိတ်ခေါ်မိစေဖို့ ပိုမိုဘေးကင်းလုံခြုံစေဖို့အတွက် ထိန်းသိမ်းသင့်သော ကိုယ်ရေးကိုယ်တာများကို အတူတကွထိန်းသိမ်းကြပါစို့။
Sources: https://www.kaspersky.com/blog/connected-love-privacy-report/
https://www.bustle.com/wellness/noodles-snowflake-emojis-meaning
Related