ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို
ဝေခွဲရခက်လေ့ရှိကြပါတယ်။
အွန်လိုင်းပေါ်မှာ သတင်းတွေမျှဝေတဲ့အခါ
အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။
ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊
မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊
အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်တွေက
မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။
အဲ့ဒီတော့ အသေးစိတ်ထပ်သိရအောင် အောက်မှာဖော်ပြထားတဲ့
သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်များကို ဆက်ကြည့်လိုက်ကြရအောင်နော်။
၁. တစ်ဖက်သားကိုနာကျင်လိုစိတ်ရှိတာမျိုးမဟုတ်ပဲနဲ့
အချက်အလက် မမှန်ကန်တာတွေကို မျှဝေပြီး
အပျော်အပျက်သဘောမျိုးရေးသားခြင်းဖြင့်
နောက်ပြောင်ခြင်းကိုပြုလုပ်လေ့ရှိတဲ့သတင်းများ။
၂.မှန်ကန်တဲ့သတင်းအချက်လက်တွေသုံးပြီး
လူတစ်ဦးတစ်ယောက်ကို
ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေလိုစိတ်နဲ့
ဖြန့်ဝေတဲ့ပုံစံမျိုးလုပ်လေ့ရှိတဲ့ သတင်းများ။
၃.စစ်မှန်တဲ့သတင်းအရင်းမြစ်တွေကိုသုံးလေ့ရှိပေမယ့်
ကိုယ်လိုရာကိုယ်ဆွဲတွေးထားတဲ့
အချက်အလက်တွေကိုထည့်သွင်းထားတဲ့သတင်းများ။
၄. စစ်မှန်တဲ့ဓာတ်ပုံတွေကို
ပြန်လည်ပြုပြင်ပြောင်းလဲပြီး
လှည့်စားဖို့ကြိုးစားတတ်တဲ့သတင်းများ။
၅. စာရဲ့ခေါင်းစဥ် ၊ ပြထားတဲ့ပုံတို့နဲ့
ဆက်စပ်မှုမရှိ ရေးထားတဲ့သတင်းများ။
၆. အချက်လက်တွေလည်းမှားယွင်းမူရှိသလို
ထိခိုက်လိုစိတ်အပြည့်နဲ့ရေးထားတဲ့သတင်းများ။
အထက်ပါဖော်ပြထားတဲ့ သတင်းတင်ပြပုံ
၆ ချက်စလုံးဟာဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ
နေ့စဥ်လိုလို တွေ့နေကြရစမြဲဖြစ်တဲ့
သတင်းအမှား သတင်းအတုတင်ဆက်ပုံတွေပဲဖြစ်ပါတယ်။
အွန်လိုင်းကို ပုံမှန်သုံးလေ့ရှိသူမဟုတ်ဘူးဆိုရင်
ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့သတင်းတွေကို
နေ့စဥ်တွေ့နေရမှာ အသေချာပါပဲ။
ဒါကြောင့် သတင်းအတုယောင်တွေနဲ့
ပြင်ထားတဲ့ပုံတွေကို သတိထားတတ်ဖို့လိုပါတယ်။
သတင်းမှားတွေကိုဖြန့်ဝေခြင်းဟာ အကျိုးမရှိသလို
ကိုယ်တိုင်မသိလို့ ဖြန့်မိရင်လည်း
သူများတွေကိုထိခိုက်နစ်နာစေပါတယ်။
အခုလို Covid ဖြစ်နေတဲ့အချိန်မှာဆိုရင်
ဘယ်ဆေးသောက်ရင်ပျောက်တယ်
ဆိုတာလိုမျိုး မဟုတ်မမှန်တဲ့သတင်းတွေအများကြီးထွက်ပါတယ်။
ပုံနဲ့သတင်းအချို့ရဲ့မမှန်ကန်မူတွေကို
ဘယ်လိုစစ်ရမလဲဆိုတာကို
အင်တာနက်ဘော်ဒါကနေတစ်ဆင့်
ထပ်ပြီး ဖော်ပြသွားပေးမှာဖြစ်ပါတယ်။
သတင်းစစ်မှန်ခြင်း မမှန်ခြင်းကို URL ကိုဘယ်လိုစစ်ကြမလဲ?
Photoshopped လုပ်ထားတဲ့ပုံတွေကို
အစစ်မှန် ဟုတ် မဟုတ် ဘယ်လိုစစ်ကြမလဲ?
သတင်းရင်းမြစ်တွေကိုဘယ်လိုရှာရမလဲ?
စတာတွေကို ဘယ်လိုရှာရမလဲ၊
စစ်ရမလဲကိုသိချင်ရင် like and follow လုပ်ထားပေးပါ။
နောက်လာမဲ့ လ မှာ အကုန်လုံးတင်သွားပေးမှာဖြစ်ပါတယ်။
အားလုံးပဲဘေးရန်ကင်းကွာပြီး
ဆိုရှယ်မီဒီယာကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေ။
Sources:
https://shawneesu.libguides.com/c.php?g=651556&p=4570051 https://twitter.com/i/events/859394302304235521?s=09
Related