Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?

Posted on September 25, 2020September 25, 2020




 အင်တာနက်ဘော်ဒါမှာ 
Covid-19 နဲ့ပတ်သက်လို့ 
ဘယ်မှာသတင်းအမှန်နဲ့
သတင်းမြန်တာတွေကို
ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။
Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု
တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင်
အောက်မှာဖော်ပြထားတဲ့ 
Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။

World Health Organization Myanmar (WHO)
(https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr)
ဒီPageမှာဆိုရင် 
ကျန်းမာရေးအရဘယ်လိုညီညွတ်အောင်နေထိုင်စားသောက်ရမလဲနဲ့ 
ကျန်းမာရေးဆိုင်ရာအဝဝကိုရေးထားတာဖြစ်ပါတယ်။
မှန်ကန်တဲ့သတင်းတွေဖြစ်သလို 
ဆေးပညာနဲ့ပတ်သတ်သမျှ 
လူတွေပူးပေါင်းအလုပ်လုပ်နေကြတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက် 
ယုံကြည်စိတ်ချစွာလေ့လာနိုင်ပါတယ်။ 

Dr.Thuta Chatbot Page (https://www.facebook.com/Dr.ThutaChatbot)
မှာဆိုရင်တော့ Covid-19 မြန်မာပြည်ကိုစလာပြီး သိပ်မကြာခင်မှာပဲ
အားလုံးက အွန်လိုင်းကနေတစ်ဆင့် 
ကိုယ်သိချင်တဲ့ Covid-19 နဲ့ 
သက်ဆိုင်တဲ့မေးခွန်းတွေမေးလို့ရပါတယ်။
မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ 
ဘယ်နှစ်ယောက်ရောဂါတွေဖြစ်သွားပြီလဲ၊
ဘယ်မြို့နယ်တွေမှာ လူနာတွေများနေပြီလဲနဲ့
ဘယ်လိုဒီရောဂါဆိုးကြီးကနေ ကာကွယ်‌စောင့်ရှောက်ရမလဲဆိုတာကို 
ဒီ Pageလေးက အချိန်နဲ့တစ်ပြေးညီ 
သတင်းများမျှဝေ‌ပေးတဲ့အတွက် 
ဘော်ဒါတို့အားလုံးအချိန်မ‌ရွေးchat box မှာသွားမေးလို့ရပါတယ်။ 


Ministry of Health and Sports,Myanmar
 (MOHS)
(https://www.facebook.com/MinistryOfHealthAndSportsMyanmar?_rdc=1&_rdr) ကတော့ ည ၈ နာရီဆိုတာနဲ့ တစ်နေ့ကို 
Covidလူနာဘယ်လောက်ရှိပြီနဲ့ 
ဘယ်မြို့နယ်တွေကဖြစ်ကြောင်းတင်ပေးပါတယ်။
လူနာတွေရဲ့အသက်နဲ့ ကျားလား၊ 
မ လား ဆိုတာတွေကအစ သိရတဲ့နေရာလေးပါ။ 
အစိုးရပိုင်းအနေနဲ့ဘာတွေကိုလုပ်ဆောင်နေလည်းဆိုတာကို
လည်းသိရှိဖို့လွယ်ကူတဲ့ Page လေးပါ။

သတင်းမှန်များဖတ်လို့ အားလုံးပဲဘေးကင်းနိုင်ကြပါစေ။

 

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။