Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

COVID ကာလမှာ စိုးရိမ်မှုတွေကဘာဖြစ်မလဲ?

Posted on September 25, 2020September 25, 2020

 
Covid ကာလမှာ သတင်းမှားတွေနဲ့ 
ကောလာဟလတစ်ချို့
ထွက်နေတာကိုတွေ့ရှိရပါတယ်။ 
အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ 
ကျန်းမာရေးဂရုစိုက်ဖို့က 
အရမ်းအရေးကြီးပါတယ်။ လူကြီးလူငယ်မရွေး 
ကူးစက်ဖြစ်ပွားနေတဲ့ဒီကာလမှာ 
ဘာတွေက ကောလာဟလတွေဖြစ်မလဲ။ 
ဘာတွေကိုစိုးရိမ်နေကြတာလဲ။ 
ဆိုတာကို ပြောဆိုဆွေးနွေးချင်ပါတယ်။
Covidနဲ့ ပတ်သတ်တဲ့ တစ်ချို့ကောလာဟလတွေကတော့ 
၁။ Covid-19 နှင့်ပတ်သတ်သည့် 
အချက်အလက်များကို တရုတ်အစိုးရမှ
 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်သို့ပေးပို့ရန်ပျက်ကွက်ခဲ့သည်ဆိုသည့် 
သတင်းမှာသတင်းမှားဖြစ်ပါသည်။

၂။ မကွေးမှ ပျံလွန်တော်မူသွားသော 
ဘုန်းကြီးသည် Covid-19 
ကူးစက်ခံရခြင်းကြောင့်
 ဖြစ်သည်ဆိုသည်မှာလည်း သတင်းအမှားဖြပါသည်။
၃။ အရက်သောက်ခြင်းသည် 
ကိုဗစ်ကိုကာကွယ်နိုင်သည်ဆိုသည်မှာလည်း
မှားယွင်းသောသတင်းအချက်အလက်ဖြစ်ပါသည်။
၄။ ရေနွေးနဲ့ဆားကို တစ်နေ့သုံးကြိမ် ပလုပ်ကျင်းပေးခြင်း၊ 
သောက်သုံးခြင်းဖြင့် ကိုဗစ်မဖြစ်အောင်ကာကွယ်နိုင်သည်ဆိုသည်မှာလည်း 
သတင်းအမှားဖြစ်ပါတယ်။
၅။ ကိုဗစ်ကာလမှာ ဖုန်းနံပါတ်နှင့်မှတ်ပုံတင်နံပါတ်တွေကို 
Facebook Groupတွေထဲ(ဖေ့ဘွတ်အဖွဲ့တွေထဲ)
ဝင်ပြီးပေးခြင်းအားဖြင့် 
Wave Money သို့မဟုတ် True Money 
နှင့်ငွေကြေးထောက်ပံ့မည်ဆိုတာ သတင်းမှားဖြစ်ပါသည်။

ကိုဗစ်ရောဂါကြောင့် စိုးရိမ်ပူပန်မူများကတော့ 
၁။ ကိုဗစ်ရောဂါပိုးကူးစက်ခံစားရပြီး 
ရောဂါလက္ခဏာမပြသူများသည်
 ပတ်ဝန်းကျင်တွင်သွားလာလှုပ်ရှားနေပြီး
 ရောဂါပိုးများ ထပ်မံပြန့်ပွားမှာကိုစိုးရိမ်ကြခြင်း။
၂။ ကာကွယ်ကုသဆေးများအချိန်မှီမရောက်ရှိမှာကို 
စိုးရိမ်ကြခြင်း။
၃။ ယခု ကိုဗစ်ဒုတိယလှိုင်းတွင် 
စီးပွားရေးအခက်အခဲကြောင့်
 မိသားစုစားဝတ်နေ‌ရေးများ မဖြေရှင်းနိုင်မည်ကိုစိုးရိမ်နေကြခြင်း။
၄။ ကိုဗစ်နဲ့ပတ်သတ်လို့သွားလာရေးမှာ အစိုးရဘက်ကမတင်းကြပ်မှ
ာကိုစိုးရိမ်ကြခြင်း။
သတင်းအမှန်တွေကိုအမြဲတစေစောင့်ကြည့်နေဖို့နဲ့
ကျန်းမာရေးကိုဂရုစိုက်ဖို့ အင်တာနက်ဘော်ဒါကနေ
တိုက်တွန်းလိုက်ပါတယ်။
သတင်းအမှန်နဲ့ သတင်းမြန်မြန်ရနိုင်မဲ့ 
post ကိုလည်းတင်သွားပေးအုံးမှာဖြစ်ပါတယ်။ 

Sources: 
https://www.cdc.gov/coronavirus/2019-ncov/global-covid-19/non-us-community-mitigation.html
https://www.cdc.gov/coronavirus/2019-ncov/global-covid-19/operational-considerations-isolation-centers-H.pdf
https://www.cdc.gov/coronavirus/2019-ncov/global-covid-19/non-us-clinical-mitigation.html
https://misinforeview.hks.harvard.edu/article/misinformation-more-likely-to-use-non-specific-authority-references-twitter-analysis-of-two-covid-19-myths/?akid=122.19143.Q8lZsl&mc_cid=4f0ea4a0b7&mc_eid=09a6148c8d&rd=1&t=9
https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/2019-novel-coronavirus-myth-versus-fact

 

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။