မထွေးနဲ့ ဦးကိုဆို တဲ့လင်မယားနှစ်ယောက်ရှိပါတယ်။
သူတို့နှစ်ယောက်က Covid ကာလကြီးမှာ
အလုပ်တွေကလည်းအဆင်မပြေ၊
သားသမီးတွေကလည်း သားတစ်ယောက်
သမီးတစ်ယောက်ဆိုတော့၊
သူတို့မှာ အင်မတန်ကိုရုန်းကန်ကြရပါတယ်။
တစ်ရက်တော့ ဦးကိုကစိတ်ပြေလက်ပျောက်
အင်တာနက်သုံးရင်းနဲ့ Facebook ပေါ်မှာ
၁ သိန်းသွင်း ရင် ၁၀ သိန်းကိုအချိန်တိုတိုလေးနဲ့ပြန်ရမယ်ဆိုတဲ့
Post လေးကိုတွေ့တော့
သူစိတ်အရမ်းလှုပ်ရှားသွားပြီး
Facebook မှာPostတင်ထားသူကို ဆက်သွယ်ပါတယ်။
ဆက်သွယ်တဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးက
သူတို့Group ထဲဝင်ပြီး Website ထဲငွေသွင်းလို့ရကြောင်းကိုပြောပြပါတယ်။
ဒါနဲ့ ဦးကိုလဲ စိတ်အားထက်သန်စွာပဲ
အဆင့်ဆင့်သွားရင်း ပိုက်ဆံကို ၁ သိန်းသွင်းလိုက်ပါတော့တယ်။
တစ်ပတ်အတွင်းပိုက်ဆံအပိုငွေတွေဝင်တော့မယ်ဆိုတဲ့စိတ်နဲ့သူက
သူ့မိန်းမ မထွေးကိုမပြောပဲ အံ့သြသွားအောင်ဆိုပြီး စောင့်နေခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲသူ့အမျိုးသမီး မထွေးကလည်း
Instagram ပေါ်က ပြည်ပမှာနေထိုင်ပါတယ်လို့
ဆိုသူတစ်ဦးနဲ့စကားပြောဖြစ်နေပြီး၊
အဲ့ဒီလူက မထွေးဘယ်လောက်လှကြောင်းနဲ့
သူက မြန်မာပြည်ကို လက်ဆောင်နဲ့ပိုက်ဆံအချို့ပို့ပေးချင်တယ်ဆိုပြီး
ပြောလာပါတယ်။မထွေးလဲ
စားဝတ်နေရေးမပြေလည်နေတဲ့အတွက်ကြောင့်
လက်ခံခဲ့ပါတယ်။ သူလည်းပဲသူ့ ခင်ပွန်းဖြစ်သူကို
ဘာမှမပြောခဲ့ပါဘူး၊
လက်ဆောင်နဲ့ပိုက်ဆံရောက်လာမှပဲ
အံ့သြအောင်လုပ်မယ်ဆိုပြီး
ကြိတ်တွေး ကြိတ်ပျော်နေခဲ့ပါတယ်။
လင်မယားနှစ်ယောက်
ပိုက်ဆံအလွယ်ရမဲ့လမ်းလေးကိုတွေ့ထားကြတာမို့
ကိုယ်စီ ကိုယ်စီကို ကြိတ်ကြည်နူးနေခဲ့ကြတာပေါ့။
တစ်ပတ် နှစ်ပတ်လည်းကြာရော
မထွေးကိုလက်ဆောင်တွေနဲ့ပိုက်ဆံတွေကို
ပို့လိုက်ပြီဖြစ်ကြောင်း
ဖုန်းဝင်လာပါတော့တယ်။မထွေးလဲ ဝမ်းသာအားရနဲ့
ဘယ်မှာသွားယူရမလဲနဲ့ ဘယ်သူ့ကိုဆက်သွယ်ရမလဲဆိုပြီး
ခက်ခဲနေတဲ့အချိန် ငွေလေးဝင်ပြီးဆိုပြီး
မျက်ရည်ကျမတတ်မေးလိုက်ပါတယ်။
လက်ဆောင်တွေနဲ့ပိုက်ဆံက အိမ်အရောက်
ပို့ပေးမှာဖြစ်ပြီး အရင်ဆုံး ပို့ခအနေနဲ့
ဒေါ်လာ ၂၀၀နဲ့၃၀၀လောက်
ပေးရမယ်လို့ပြောပါတယ်။
မထွေးက စဥ်းစားမရဖြစ်သွားပြီး ဒီလောက်တောင်
ပေးရမှာ မဟုတ်သေးဘူးဆိုပြီး၊
အွန်လိုင်းကနေ ပြည်ပကသူ့ကိုစာပို့သူကို
စကားထပ်ပြောကြည့်ပါတယ်၊ အဲ့ဒီလူကလည်း
ဟုတ်ပါတယ် ပိုက်ဆံ ဒေါ်လာ၂၀၀ ပေးရုံနဲ့ အကုန်သွားထုပ်လို့ရကြောင်းပြောလာပါတယ်။
မထွေးမှာအဲ့လောက်ပိုက်ဆံမရှိသလို၊
မရှိလို့ သူများစီက မျှော်ကိုးမိပါတယ်ဆိုခါမှ
ဒီလိုပြောရမလားဆိုပြီးစိတ်တို ဒေါသတွေထွက်ပြီး
အပြန်အလှန်စကားတွေများရင်း
အဲ့ဒီလူက သူ့ကို block လုပ်သွားပါတော့တယ်။
အဲ့ဒီအခါမှ သူလည်းစိတ်ညစ်ညစ်နဲ့သူ့ခင်ပွန်းကို
အလုံးစုံ ပြောပြတော့မှ ဦးကိုလည်းပဲပိုပိုက်ဆံရင်း
လိုက်ရပြီး အခုဆို ၂ ပတ်ကြာသွားသည်ထိ
ဘာမှပြန်မရကြောင်းနဲ့သူ့ ကို မိတ်ဆက်ပေးသူကအစ
ပိုက်ဆံတွေလိမ်ခံသွားရကြောင်းပြောပြဖြစ်ကြရင်း
စကားများသည်ထိဖြစ်သွားပါတော့တယ်။
စကားများနေလည်းမထူးဘူး သူတို့လိုမဖြစ်အောင်
အွန်လိုင်းပေါ်သူတို့လိုမဖြစ်အောင် မျှဝေကြမယ်ဆိုပြီး
တိုင်တိုင်ပင်ပင်နဲ့ သူတို့အဖြစ်တွေကို ပြန်ဝေမျှခဲ့ကြပါတယ်။
အဲ့ခါမှသူတို့ post အောက်က commentတွေမှာလဲ
လိမ်ခံခဲ့ရတာတွေခြင်းတူကြောင်း
ပိုက်ဆံတွေပါသွားကြကြောင်းဘဝတူတွေပေါ်လာပါတော့တယ်။
ပြည်ပက ဆိုသူမှာလည်း သူများပုံကိုသုံးလို့
profileအတုကြီးနဲ့လိမ်နေကြောင်းပေါ်လာပါတော့တယ်။
ဒီအဖြစ်ပျက်တွေသည် social media တွင်ဖြစ်လေ့ဖြစ်ထရှိပြီး
မထွေးနဲ့ဦးကိုရဲ့ပုံပြင်လေးကို
သာရကယူစေချင်လို့ရေးလိုက်ရခြင်းဖြစ်ပါတယ်။
နာမည်အရင်းတွေနဲ့တကယ်လိမ်လည်သူတွေရဲ့နာမည်တွေထည့်မကောင်းတာမို့လို့
ပုံပြင်သဘောရေးထားခြင်းဖြစ်ပါသည်။
တကယ်လည်းအပြင်လောကမှာတကယ်ဖြစ်နေတာမို့
သတိပြုစေချင်ပါသည်။
လိမ်လည်သူတွေရဲ့အပြုမူတွေကို
သတိထားရအောင် ဒီပုံစံလေးတွေနဲ့သူတို့ချဥ်း ကပ်တတ်ပါတယ်။
ဥပမာ ကြားမှာ (mutual friends) သူငယ်ချင်းမရှိပဲနဲ့
add လုပ်ပြီး ဘယ်လိုလှကြောင်း
သို့မဟုတ် ဘယ်လိုအလုပ်တွေအတူတူလုပ်ချင်ကြောင်း ပိုက်ဆံတွေ
ရှယ်ရာဝင်တာနဲ့ လအနည်းငယ်တွင်းများစွာရနိုင်ကြောင်း၊
အနည်းဆုံးပမာဏဘယ်လောက်ထည့်ရမယ်နဲ့
မြန်မြန်ဆန်ဆန်ငွေကိုထည့်ဖို့ဖိအားလည်းပေးလေ့ရှိပါတယ်။
Profile အတုတွေနဲ့ကိုယ်နဲ့မသိတဲ့သူက
ငွေရေးကြေးရေးတွေကိုအလွယ်တကူ
ပေးမဲ့အကြောင်းနဲ့ ငွေဘယ်လောက်ထည့်ရင်
ဘယ်နှစ်ဆပြန်ရမယ်ဖြစ်ကြောင်းတွေပြောလာရင်
မယုံကြပါနဲ့။ ဘယ်အရာမှလွယ်လွယ်နဲ့မရပါဘူး။
အားလုံးပဲအွန်လိုင်းပေါ်တွင်လိမ်လည်လှည့်ဖျားခြင်းများမှ ကင်းဝေးကြပါစေ။
Source:
https://www.frontiermyanmar.net/en/it-was-too-good-to-be-true-scl-myanmar-scam-defrauds-thousands/
Related