Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အင်တာနက်ငွေကြေးနှင့်လူမူဘဝ

Posted on September 18, 2020September 18, 2020
အင်တာနက်မှာဆိုရင် အများကြီးအထောက်ကူပြုတဲ့လုပ်ဆောင်ချက်တွေထဲမှာမှ 
ငွေလွှဲ တာလဲတစ်ခုအပါဝင်ပါပဲ။ 
အွန်လိုင်းပေါ်ကနေတစ်ဆင့်ဘဏ်လုပ်ငန်းစဥ် လုပ်ဆောင်မူတွေကို 
Mobile Bankingလို့ ခေါ်ပါတယ်။ 
Mobile Banking မှာအဓိကလုပ်လို့ရတာကတော့ 
ကိုယ်တိုင်ကိုယ်ကျဘဏ်ကိုသွားစရာမလိုပဲ လွယ်လွယ်ကူကူနဲ့ 
တစ်ဖက်ကိုပိုက်ဆံလွှဲလို့ရတာပဲဖြစ်ပါတယ်။
Mobile Banking ဖြင့်လုပ်ဆောင်နိုင်သော အကျိုးကျေးဇူးများကတော့ 
- ဘဏ်မရှိတဲ့နေရာဒေသတွေမှာ အလွယ်တကူအသုံးပြုလို့ရခြင်း 
- Covid -19 ဖြစ်နေတဲ့အချိန်မှာကိုယ်တိုင် ငွေစက္ကူ ကိုင်ဆောင်စရာမလိုခြင်း 
- အင်တာနက်ရှိတဲ့ ဘယ်နေရာဒေသမှာမဆို ငွေပေးချေမူဆိုင်ရာများအားလုံးကို လုပ်ဆောင်နိုင်ခြင်း
- ATM Card မေ့ကျန်ခဲ့ရင်တောင် Mobile Banking မှာရှိတဲ့ 
  ကဒ်မဲ့ငွေထုတ်စနစ်ဖြင့်ပိုက်ဆံထုတ်နိုင်ခြင်း 
- အလွယ်တစ်ကူ ကိုယ့်ဘဏ်ထဲ ပိုက်ဆံဘယ်လောက်ရှိလည်းဆိုတာကို စစ်နိုင်ခြင်း 
- မီတာခပေးပေးဆောင်နိုင်ခြင်း 
- မိမိဖုန်းနှင့်အခြာဖုန်းများအတွက်လည်း ဖုန်းဘေလ် ဖြည့်လို့ရခြင်း 
- ပိတ်ရက်တွေမှာလည်း ပိုက်ဆံလွှဲနိုင်ခြင်း
- Online shopping ကဲ့သို့သော အင်တာနက်ငွေပေးချေမှုများလုပ်ဆောင်နိုင်ခြင်း 

Mobile Banking ကိုအသုံးပြုမယ်ဆိုရင် အရင်ဦးဆုံး 
Register လုပ်ထားဖို့လိုအပ်ပါတယ်။ 
ဘဏ်မှာကိုယ်တိုင်သွားပြီး register လုပ်နိုင်သလို၊
မိမိကိုယ်တိုင် register  လည်းလုပ်နိုင်ပါတယ်။ 
Register လုပ်ရင်တော့နောက်အရေးကြီးတဲ့တစ်ချက်က
ကိုယ့်ဘဏ်မှာစဖွင့်တုန်းကဖုန်းနံပါတ်ဖြစ်ဖို့တော့လိုအပ်ပါတယ်။  
တကယ်လို့ ကိုယ်ဖွင့်ထားတဲ့ဖုန်းနံပါတ်က ပျောက်သွားတယ် 
ဖုန်းနံပါတ်အသစ်ရသွားတယ်ဆိုရင်တော့ ဘဏ်ကို အသိသွားပေးဖို့တော့လိုအပ်ပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့ဘဏ်တစ်ခုချင်းစီရဲ့register လုပ်ပုံနဲ့ငွေလွဲပုံတွေကို official ချပြထားတဲ့ information တွေကိုပြထားပေးပါတယ်။ 

KBZ Mobile banking အတွက် registration လုပ်ပုံနဲ့ငွေလွှဲပုံကိုဒီ လင့်လေးတွေမှာဖတ်ရှု့နိုင်ပါတယ်။
 
Online Self Registration
https://ibanking.kbzbank.com/B001/UserManual_pdf/IAT.pdf AYA Mobile Banking အတွက် registration လုပ်ပုံနဲ့ငွေလွှဲပုံကို ဒီလင့်လေးတွေမှာဖတ်ရှု့နိုင်ပါတယ်။ https://ibankapp.ayabank.com/ https://www.facebook.com/MytelPayOfficial/videos/743262716203741 CB Mobile Banking အတွက် registration လုပ်ပုံကို ဒီလင့်လေးမှာဖတ်ရှု့နိုင်ပါတယ်။ အခြားဘဏ် များရဲ့Mobile Bankingဝင်ဆောင်မှုများနှင့် Registerလုပ်နည်းများသည်လည်း အပေါ်တွင်ဖော်ပြထားသောဘဏ်များနှင့် အနည်းငယ်သာ ကွာခြားမူရှိပါတယ်။ မှတ်ချက်။ ။ ဘဏ်တော်တော်များများမှာ ကိုယ့်ဘဏ်အချင်းချင်းကိုပဲငွေလွှဲလို့ရတာများပါတယ်။ အားလုံးပဲ အခက်အခဲကင်းစွာ Mobile Banking ကိုအသုံးပြုနိုင်ကြပါစေ။ Sources - https://rubygarage.org/blog/mobile-banking-benefits https://www.kbzbank.com/mm/online-self-registration-2/ https://ibanking.kbzbank.com/B001/UserManual_pdf/IAT.pdf https://www.cbbank.com.mm/mm/consumer-banking/daily-banking https://www.kbzbank.com/mm/benefits-of-personal-online-banking/#Remit2u

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2022 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။