Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

Cyber Grooming နှင့် Sexual Harassment တို့ကိုသတိပြုရန်။

Posted on September 16, 2020September 25, 2020

Cyber Grooming နှင့် Sexual Harassment 
ဆိုတဲ့အကြောင်းလေးကို 
မျှ‌ဝေသွားချင်ပါတယ်။ Cyber Grooming 
ဆိုတာ များသောအားဖြင့် 
အသက်ပြည့်ပြီးသူလူကြီးက 
၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို 
လူမှုကွန်ယက်ကတဆင့် ဆက်သွယ်
 မိတ်ဆွေဖွဲ့ကာ ရင်းနှီးမှုရယူပြီး၊ 
ကလေးနဲ့ခင်မင်အောင်ကြိုးစားတည်ဆောက်တာမျိုးဖြစ်ပါတယ်။ 
အသက်မပြည့်သူရဲ့
ယုံကြည်မှုတစ်ခုတည်ဆောက်ပြီးတဲ့အခါ 
ဒီလူကြီးတွေရဲ့ရည်ရွယ်ချက်ကတော့ 
ကလေးရဲ့ မဖွယ်မရာပုံတွေပို့ခိုင်းတာမျိုးလုပ်ခိုင်းလေ့ရှိပြီး၊ 
လိင်ပိုင်းဆိုင်ရာအရလည်း 
နှောင့်ယှက် အနိုင်ယူခြင်းတို့ကိုလုပ်လေ့ရှိပါတယ်။
သူတို့လိုချင်တာမှမရရင်လည်းချိန်းခြောက်တာမျိုးတွေ လုပ်တတ်ပါတယ်။
 ခံရတဲ့သူများမှာ အမျိုးသမီးငယ်တွေလည်းရှိသလို အမျိုးသားငယ်တွေလည်းရှိပါတယ်။ 

ပိုပြီး သတိထားမိအောင် ဒီလူတွေလုပ်တတ်တဲ့အပြုမူတွေကိုဖော်ပြရမယ်ဆိုရင်တော့၊
ပုံအတုတွေသုံးပြီး အသက်ငယ်ရွယ်သူတွေရဲ့ account တွေကို 
လိုက်ရှာပြီး add/followလုပ်လေ့ရှိပါတယ်။ 
လုပ်ပြီးရင် သူတို့ဘက်ကိုပါအောင် 
သူတို့ နဲ့ရင်းနှီးမှုရအောင်လုပ်လေ့ရှိပါတယ်။
 ဒါကိုတော့ catfishingလို့ခေါ်ပြီး 
အများအားဖြင့်ကတော့ 
သူများပုံလှလှလေးတွေကိုသုံးပြီးလိမ်လည်တာတို့၊ 
လိင်ပိုင်းဆိုင်ရာအရအသုံးချချင်တာတို့နဲ့
တခြားသောမကောင်းတဲ့အကြံတွေနဲ့ချဥ်းကပ်လေ့ရှိကြပါတယ်။ 
 နောက်တစ်ခုကတော့ အပြင်မှာတွေ့ချင်တယ်လို့တောင်းဆိုပြီး၊
 လက်ခံလိုက်ပါက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများနဲ့ 
ငွေညှစ်တာမျိုးတွေကိုလည်းလုပ်လေ့ရှိကြပါတယ်။ 

အပေါ်ကအဖြစ်ပျက်တွေလိုမကြုံရအောင် ဘယ်လိုကာကွယ်ကြမလဲ။ 
အင်္ဂလိပ်လိုစကားလုံးလေးတစ်လုံးရှိပါတယ်၊ 
အဲ့ဒါကတော့ STAR ဆိုတဲ့စကားလုံးလေးပါ၊ 
သူ့ရဲ့အရှည်ကောက်ကတော့  
S- safe sharing ပါ။ အန္တရာယ်ကင်းစွာမျှဝေခြင်း (မိမိကိုယ်တိုင်နှင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုအွန်လိုင်းပေါ်တွင်လုံခြုံအောင်ထားပါ)

T ကိုကိုယ်စားပြုတာကတော့ Trust ပါ။  ယုံကြည်မှု 
(အွန်လိုင်းပေါ်တွင် တွေ့ရသောအရာအားလုံးတိုင်းကို မယုံကြည်ပါနှင့်) 

A ကိုကိုယ်စားပြုတာကတော့  Action ပါ။ လုပ်ဆောင်မှု 
(အွန်လိုင်းပေါ်မှာ သင့်အနေနှင့် စိုးရိမ်တာ (သို့မဟုတ်) စိတ်ညစ်တာ တစ်ခုခုဖြစ်လျှင် တစ်စုံတစ်ယောက်ကို အမြဲ ပြောပြပါ။)

R ကတော့  Respect ပဲဖြစ်ပါတယ်။  လေးစားမှု (အွန်လိုင်းပေါ်မှာ ယဉ်ကျေးမှုနှင့် နေထိုင်ပါ)

မိမိနှင့်မသိတဲ့သူတွေနဲ့ဖြစ်နိုင်ရင်
account ထဲမှာမထားပါနဲ့။ 
မိဘဖြစ်သူတွေအနေနဲ့လည်း
ဒီစာလေးကိုဖတ်နေတယ်ဆိုရင် မိမိသားသမီးများ
ဆိုရှယ်မီဒီယာသုံးနေတယ်ဆိုရင် အထူးဂရုစိုက်ပြီး၊
ပွင့်လင်းစွာ ဒီလိုအကြောင်းရှိနိုင်တာတွေကိုရှင်းပြထားပါ။  
သားသမီးများဘက်ကရင်ဖွင့်ပြီး အခက်အခဲ ကြုံလာတယ်ဆိုရင်လည်း 
အလေးထားပြီးနားထောင်ပေးကြပါ။ နောက်များမှာလည်း 
cyber grooming နှင့် sexual harassment နဲ့ပတ်သတ်လို့ 
 အပိုင်းလေးတွေနဲ့မျှ‌ဝေသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာလည်း ဓါးစာခံ ဖြစ်ခဲ့ရတဲ့ သူတွေရဲ့အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ စောင့်မျှော်ပေးရင်း ဘေးကင်းစွာ အင်တာနက်ကိုသုံးနိုင်ကျပါစေ။ 

Sources: 
 https://www.digitalinformationworld.com/2019/03/infographic-how-to-handle-online-harassment.html 

https://www.childsafenet.org/new-page-15 

https://docs.google.com/presentation/d/1ib9xgi5jiJCU9u2GyX4JwR8ZeebBqb54__TXvmgnMrw/edit?

fbclid=IwAR3TascC0N4DgHGvGRDPxMQz7g15MULdm3vkj8ELwS4dlhd_nv5QGmMb-lY#slide=id.g918d9ddaba_0_24 
 

Related

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2022 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။