Cyberbullying ဆိုတဲ့အကြောင်းကို ဒီတစ်ခါ မိတ်ဆွေတို့ကိုမျှဝေပေးချင်ပါတယ်။
အခုလို အင်တာနက်ခေတ်ကြီးမှာ မိတ်ဆွေတို့ကိုယ်တိုင် cyber bullying လုပ်နေမှန်းမသိတာမျိုးနဲ့သတိမပြုမိတာမျိုးဖြစ်နိုင်ပါတယ်၊ အဲ့ဒါကြောင့်လည်း
သိပြီးသားသူတွေအတွက်ရော reminder အနေနဲ့ဖြစ်ဖြစ်၊ မသိသေးသူတွေအတွက်ပါ ဒီစာလေးကိုရေးပေးလိုက်ပါတယ်။
အဲ့ဒီတော့ cyberbullying ဆိုတာ မြန်မာလိုဘာသာပြန်မယ်ဆိုရင်
အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခြင်းတစ်မျိုးပါပဲ။ ဥပမာဆိုရင် အနိုင်ကျင့်ခြင်းတွေကို
လူမှုကွန်ယက်ဖြစ်တဲ့ Facebook, Twitter, Instagram တို့လိုနေရာမျိုးမှာမြင်လေ့ရှိကြမယ်ထင်ပါတယ်။ လူတစ်ယောက်ရဲ့ဖြစ်တည်မူကို ကိုယ့်ဘက်က မကြိုက်မနှစ်သက်လို့ဖြစ်ဖြစ် နာကျင်အောင် comment, message တို့ကနေတဆင့်ပို့တာမျိုးလဲဖြစ်နိုင်ပါတယ်။
တခြားသော cyberbullying အဖြစ်သတ်မှတ်လို့ရတဲ့အရာတွေကတော့ မိမိရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အွန်လိုင်းမှာ ဖော်ပြခြင်း ကောလဟာလများ ဖြန့်ဝေခြင်း အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ တစ်စုံတစ်ယောက်ကို နှောက်ယှက်ခြင်း။
တစ်စုံတစ်ဦးအား စိတ်အနှောက်အယှက်ဖြစ်စေသော အမည်များခေါ်ခြင်။း
တစ်စုံတစ်ဦးအား လိင်ပိုင်းဆိုင်ရာအနှောက်အယှက်များကို ပြောခြင်း။
တစ်စုံတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ အရှက်ရစေအောင်ပြုလုပ်ခြင်း။
တစ်စုံတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း။
လူမှုကွန်ယက်ကတစ်ဆင့် အနိုင်ကျင့်ပြောဆိုတဲ့စကားနဲ့စာတွေကြောင့်
အနိုင်ကျင့်ခံရသူဖြစ်သူမှာ ဖြစ်တတ်လာတဲ့အရာတွေကတော့
ကိုယ့်ကိုကိုယ်တန်ဖိုးမထားနိုင်တော့ခြင်း။
မိသားစုနှင့်ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ရှောင်နေခြင်း။
အဆိုးဆုံးသော သက်ရောက်မှုတွေကတော့ ကိုယ့်ကိုကိုယ်နာကျင်အောင်ပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။
ဒီလို အနိုင်ကျင့်ခြင်းတွေကို မိမိကအစ ကာကွယ်ဖို့လိုပါတယ်။
မိမိကိုယ်တိုင် တစ်ဖက်သားကို သတိမပြုမိပဲ အနိုင်ကျင့်မိနေမိပြီလားဆိုတာကိုလည်း
ပြန်သုံးသပ်နေဖို့လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ cyberbullying
ကိုကာကွယ်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် အနိုင်ကျင့်တဲ့သူတစ်ယောက်မဖြစ်အောင် နေထိုင်ပါ။
(မိမိပြောဆိုသောလုပ်ကိုင်သောအရာများကိုတာဝန်ခံပါ။ ပြန်လည်စဉ်းစား သုံးသပ်ပါ။
ကိုယ်ချင်းစာပေးပါ။) အခုလို corona ဖြစ်နေတဲ့ကာလမှာ လူနာဖြစ်သူတွေကို ပုံမရိုက်ခြင်း၊ လိပ်စာဖော်ပြခြင်းနှင့် မိသားစုအမည်များဖော်ပြခြင်းများ မပြုလုပ်ခြင်းဖြင့်လည်းကူညီပါ။
တစ်ခြားသူများအတွက် ရပ်တည်ပေးပါ။ (မှန်ကန်တဲ့ အရာများလုပ်ဖို့အတွက် မကြောက်ပါနဲ့။) အဆိပ်အတောက်ဖြစ်စေတဲ့ post, comment, videos, နဲ့ photos များရှောင်ရှားပါ။ တစ်ခုခုရှုပ်ထွေးစေသော အရာများကြုံလာပါကလည်း သက်ဆိုင်ရာကျွမ်းကျင်သူများကို အကူညီတောင်းပါ။
Source:
https://www.bullying.co.uk/cyberbullying/effects-of-cyberbullying/
Related