အခုလို Covid ကာလအတွင်းမှာလည်း
ကဏ္ဍအသီးသီးမှာလည်ပတ်လျက်ရှိတဲ့
ယန္တရားတွေ ရပ်တန့်မသွားဖို့ လူမှုရေး၊ စီးပွားရေးအစရှိတဲ့
အရေးကြီးတာတွေလုပ်နိုင်ဖို့ နည်းပညာအကူအညီအဖြစ်
Zoom ကို အသုံးပြုကာ ဆက်လက်ဆောင်ရွက်နိုင်တဲ့၊
အသုံးပြုသင့်တဲ့ နည်းပညာ tool တစ်ခုဖြစ်တဲ့
Zoom အကြောင်းကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။
Zoom ဆိုတာဘာလဲ?
Zoom ဆိုတာ laptop, phone,tablet ရှိရုံနဲ့ အင်တာနက်ရှိတဲ့
ဘယ်နေရာကနေမဆို တစ်ဦးနှင့်တစ်ဦး နီးနီးဝေးဝေး လွယ်လင့်တကူဆက်သွယ်နိုင်တဲ့
Application တစ်ခုပဲဖြစ်ပါတယ်။ Zoom မှာ
အခမဲ့စမ်းသုံးကြည့်ခြင်း နှင့်အခကြေးငွေပေးပြီးလိုင်စင်နှင့်သုံးခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။
Zoom ကို အခကြေးငွေမသုံးပဲ အသုံးပြုမယ်ဆိုရင် မိနစ် (၄၀) ခန့်လောက်ပဲအသုံးပြုနိုင်တာဖြစ်ပါတယ်။
Zoom ကိုအသုံးပြုဖို့အတွက် Gmail Account ရှိဖို့လိုအပ်ပါတယ်။
Zoomကိုဘယ်နေရာမှာသုံးကြတာလဲ?
Zoomကိုဖန်တီးထားတဲ့အဓိကရည်ရွယ်ချက်ကတော့
လူအချင်းချင်းအကွာအဝေးကို (အထူးသဖြင့်ခုလို ကိုရိုနာ ကာလမှာ)
ပဓာနထားစရာမလိုပဲ လုပ်ငန်းဆောင်တာများကိုအလွယ်တကူဆောင်ရွက်နိုင်စေခြင်းပဲဖြစ်ပါတယ်။
Zoom ကိုသုံးမယ်ဆိုရင် . . .
အင်တာနက် သို့မဟုတ် wifi
ဖွင့်ထားဖို့လိုအပ်ပါတယ်။(Internet Connection ရှိနေဖို့လိုအပ်ပါတယ်)
Zoom Application ရှိဖို့လိုပါတယ်။
Zoom Application ကိုဘယ်ကနေဘယ်လိုရနိုင်မလဲ ?
(Android Phone များအတွက်ဆိုရင် Google Play Store
နှင့် အခြားသော App Store များတွင် အလွယ်တကူရရှိနိုင်ပါတယ်။
၎င်းတို့၏ Search Box မှာ Zoom လို့ရိုက်ထည့်ပြီး
Zoom Application ကို ဒေါင်းလုပ်ရနိုင်ပါတယ်။ )
Zoom Application ရပြီးတဲ့နောက်မှာတော့မိမိရဲ့
Gmail ကိုဖြည့်သွင်းပြီး မိမိနှစ်သက်ရာ စကားဝှက်ထားကာ
အစမ်း တစ်လ စတင်အသုံးပြုနိုင်ပါပြီ။ ရေရှည်အတွက်အသုံးပြုလိုသူများကတော့
တစ်နှစ်စာ လိုင်စင်ကို Online ငွေချေစနစ်ဖြင့် အဆင့်ဆင့်ပြုလုပ်
၀ယ်ယူအသုံးပြုနိုင်ပါတယ်။ (Online ငွေချေစနစ်များအကြောင်း အသေးစိတ်ကို နောင်လာမည့မည့် ဆောင်းပါးများမှာ ဖတ်နိုင်ပါသည်။ )
iOS Phone အတွက်ဆိုရင်တော့ App Store မှာ အထက်ပါလုပ်ဆောင်ချက်များအတိုင်း
ရှာဖွေဒေါင်းလုပ်နိုင်ပါတယ်။ Personal Computer/Laptop များ
အတွက်ကတော့ Google Search Box တွင် Zoom Application For Computer Free Download လို့ရိုက်ထည့်ပြီးဒေါင်းနိုင်ပါတယ်၊ ကျန်တဲ့အချက်များကတော့ ဖုန်းမှာပြုလုပ်ရတဲ့လုပ်ဆောင်ချက်များအတိုင်းပဲ ဖြစ်ပါတယ်။
Zoomရဲ့လုပ်ဆောင်ချက်တွေအသက်၀င်အောင်ဘယ်လိုသုံးမလဲ?
Zoom မှာ Host (ဖိတ်ခေါ်သူ)နဲ့ Participant (ပါဝင်ဆက်သွယ်သူ)ဆိုပြီး
နှစ်ပိုင်းရှိပါတယ်။ အသုံးများတဲ့ Participants ဘက်ကနေပြီးတော့ပြောပြပေးပါမယ်။
Participant အနေနဲ့ Zoom ထဲဝင်မယ်ဆိုရင် Join a meetingဆိုတဲ့အပြာရောင်ခလုတ်လေးကိုနှိပ်ပါ။ Meeting ID ဆိုတဲ့နေရာမှာ Host ပေးထားတဲ့ နံပါတ်များကိုထည့်ပါ။Join Meeting ခလုတ်ကိုနှိပ်ပြီး Host ပေးထားတဲ့ လျို့ဝှက်နံပါတ်ကိုထည့်ပါ။
Host ဘက်ကဆိုရင်တော့မဖြစ်မနေ လိုင်စင်နဲ့ ၀ယ်ထားတဲ့ အကောင့်တစ်ခုရှိနေဖို့လိုအပ်ပါတယ်။
Host အနေ့ဆိုရင် Sign In လုပ်ပြီး Zoom က ချပေးတဲ့ Meeting ID နဲ့ Password ကို Participants ဖြစ်တဲ့သူကိုပေးရမှာဖြစ်ပါတယ်။
Video Zoom ရဲ့လုပ်ဆောင်ချက်တွေအသက် ဝင်အောင်ဘယ်လိုသုံးမလဲ?
video နဲ့ microphone ရှိတဲ့နေရာမှာ ကိုယ့်ဘက်ကအသံမထွက်ချင်ဘူးဆိုရင် အသံကိုပိတ်ထားဖို့ Microphone အနီရောင်လေးကို Muteနှိပ်ထားလို့ရပါတယ်။
Zoom ကိုသုံးပြီး ကိုယ့်ရဲ့ Computer screen ကိုShare လုပ်ပြီးကိုယ့် Meeting ထဲမှာရောက်နေတဲ့ သူတွေကို ပြသနိုင်ပါတယ်။ ပြီးတော့ ကိုယ် Share လုပ်ပြီးမျှဝေပြသထားတဲ့ Computer Screen ကို Meeting စီစဉ်သူ Host ကသော်လည်းကောင်း Meeting တက်ရောက်သူ Participants တွေကသော်လည်းကောင်း ရေးခြစ်တာတွေ၊ အမှတ်အသားပြုလုပ်တွေကိုလည်း လုပ်နိုင်ပါတယ်။ နောက်ထပ်
Zoom ထဲမှာပါတဲ့လုပ်ဆောင်ချက်တွေကတော့ participants, chat, record and reactionsလုပ်ရတာမျိုးတွေလည်းတွေ့ရမှာဖြစ်ပါတယ်။ participants မှာတော့ အစည်းဝေးမှာဘယ်နှစ်ယောက်ပါဝင်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်၊၊ Chat ကိုနှိပ်ရင်တော့ စာနဲ့ရိုက်ပြီးဆက်သွယ်လို့ရနိုင်မှာဖြစ်ပါတယ်။ record ကတော့ ကိုယ်နားမလည်တာရှိလို့ ပြန်ကြည့်ချင်ခဲ့ရင် အသံဖမ်းတာမျိုး မှတ်တမ်း ယူတာမျိုးလုပ်နိုင်သလို၊ reactions ကတော့ ကိုယ်သဘောကျတဲ့ emoji (messengerမှာလိုမျိုး လက်ခုတ်တီးပြခြင်း၊ပြုံးပြခြင်း) လေးတွေကိုပို့ပေးနိုင်ပါတယ်။
အခုလို Covid ကာလမှာ Zoom Application ဟာ တဖြည်းဖြည်းနဲ့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုလဲဖြစ်လာခဲ့ပါတယ်။
နောင်များမှာလည်း Zoom ကို businessအဖြစ် ဘယ်လို
ဝယ်ယူသုံးရမလည်းဆိုတာကို အသေးစိတ်ရေးပြသွားမှာမို့ ဖတ်ရှု့ စောင့်မျှော်နိုင်ပါတယ်။
Sources: https://www.pocket-lint.com/apps/news/151426-what-is-zoom-and-how-does-it-work-plus-tips-and-tricks https://www.businessinsider.com/what-is-zoom-guide#how-to-get-zoom
Related