Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

Skype အကြောင်းသိကောင်းစရာ

Posted on September 11, 2020September 11, 2020
 Skype ရဲ့ အရေးပါပုံ နဲ့ Skype ကိုဘယ်လို အသုံးပြုရမလဲဆိုတဲ့အကြောင်းကို ဒီတစ်ခါ ပြောပြ
ချင်ပါတယ်။ Skype က၂၀၀၃ ခုနှစ်မှာ ပေါ်ပေါက်လာပြီး ဆယ်စုနှစ်  
နှစ်ခုနီးပါးကိုအောင်မြင်မှုတွေဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ 
ဆက်သွယ်​ရေး Application ဆရာကြီးလို့ပြောရင်လည်းမမှားပါဘူး။

Skype ရဲ့အကြောင်းကိုချဲ့ပြောရမယ်ဆိုရင် Skype က သန်းနဲ့ချီတဲ့လူတွေရဲ့
လူမူစီးပွားရေးလုပ်ငန်းတွေမှာ  Video Call ဆက်သွယ်မူတွေ၊အသံနဲ့ဆက်သွယ်မူတွေ
(အင်တာနက်ဖုန်းလိုင်းဆက်သွယ်မူကဲ့သို့)၊ စတဲ့နေရာတွေမှာလည်းအသုံးပြုကြပါတယ်။

Skype ကို သာမာန်သုံးတာနဲ့ စီးပွားလုပ်ငန်းသုံးဆိုပြီး နှစ်မျိုး ရှိပါသေးတယ်။
သာမာန်  ရိုးရိုးသုံး Skype က​တော့ ၀န်ထမ်းတွေအယောက် ၂၀ လောက်ရှိတဲ့ 
စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်ပါတယ်။ 
တကယ့်စီးပွားရေးလုပ်ငန်းအကြီးတွေမှာဆိုရင်တော့ Business Account(စီးပွားလုပ်ငန်းသုံး)
ကိုအသုံးပြုပြီး လူပေါင်း ၂၅၀ လောက်ထိ အွန်လိုင်းအစည်းအဝေးတွေလုပ်နိုင်ပါတယ်။

Skype အသုံးပြုပုံအဆင့်ဆင့်ကတော့ 
Skype Application ကိုစတင်အသုံးပြုမယ်ဆိုရင် 
ကွန်ပျူတာ သို့မဟုတ် ဖုန်းကဲ့သို့ ဆက်သွယ်​ရေးကိရိယာတစ်ခုခုနဲ့ 
အင်တာနက်လိုင်းရှိ​နေဖို့ပဲလိုအပ်ပါတယ်။

Android ဖုန်းဖြင့်ဖြစ်‌စေ iOS ဖုန်းဖြင့်ဖြစ်​စေ
အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး အသုံးပြုနည်း လမ်းညွှန်က​တော့ 
Phone များအတွက်အနေနဲ့ Google Play Store နဲ့
အခြားသော App Store များမှာ အလွယ်တကူရရှိနိုင်ပါတယ်။ 
Search Box မှာ Skype လို့ရိုက်ထည့်ပြီး  
Skype Application ကို ‌ဒေါင်းလုပ်ရနိုင်ပါတယ်။
Skype Application ရပြီးတဲ့နောက်မှာတော့
မိတ်ဆွေရဲ့ Gmailသို့မဟုတ် Phone Numberကိုဖြည့်သွင်းပြီး
မိမိနှစ်သက်ရာ စကားဝှက်ထားကာ စတင်အသုံးပြုနိုင်ပါတယ်။

အရင်ဆုံး Welcome to Skype လို့ပေါ်လာပါလိမ့်မယ်။
အောက်နားမှာရှိတဲ့ Let’s Go ကိုနှိပ်ပေးပါ။
Sign In or Create New ဆိုရင် Create ကိုနှိပ်ပေးပါ။
အဲ့ဒီကနေ Gmail Account သို့မဟုတ် Phone Number ထည့်ပေးပါ။
အဲ့တာပြီးသွားရင် ကိုယ်သုံးချင်တဲ့ နာမည်ကိုထည့်ပေးပါ။
Next လို့နှိပ်ပြီးရင် Phone/Email တစ်ခုခုကို One-time Password ပို့လာပါလိမ့်မယ်။
အဲ့တာပြီးရင်တော့ one time password ကိုထည့်ပြီး sign in လုပ်လို့ရပါပြီ။
၀င်ပြီးသွားလို့ Settings မှာ Change Password ကိုနှိပ်ပီး 
ကိုယ်နှစ်သက်ရာ Password ကိုပြောင်းနိုင်ပါတယ်။
Enter your password မှာ enter your current password ပေါ်လာရင် 
ခုနက one time password ကိုနှိပ်ပြီး new password မှာကိုယ်ထည့်ချင်တဲ့ 
password  ကိုထည့်ပြီး save လုပ်လို့ရပါပြီ။

Skype ထဲ၀င်ပြီးသွားရင်တော့ Contacts ဆိုတာလေးကိုနှိပ်ပြီး 
Add a new contact မှာကိုယ်နဲ့ဆက်သွယ်မဲ့သူရဲ့
Skype Account ကိုရေးချပီး add လိုက်ရုံပါပဲ။
‌အဲ့တာတွေအားလုံးပြီးတာနဲ့  Call/Chat စလုပ်လို့ရပါပြီ။
နောက်များမှာလည်း Skype ကို စီးပွားရေးနဲ့ပတ်သတ်လို့ 
ဘယ်လိုတွေအသုံးပြုလည်းဆိုတာကို အပိုင်းလေးတွေနဲ့
မျှ‌ဝေသွားပေးမယ်မှာဖြစ်ပါတယ်။
အားလုံး ​ဘေးဘယာ​ဝေးကွာ၍ ဆက်သွယ်​ရေးကိစ္စအဝဝ
အထစ်အ​ငေါ့မရှိ အဆင်​ပြေ​ချော​မွေ့ကြပါ​စေ။

 

Related

1 thought on “Skype အကြောင်းသိကောင်းစရာ”

  1. Nyunt Nyunt Aye says:
    September 14, 2020 at 2:32 pm

    Skype က ကလေးတွေစာသင်တာအစဉ်ပြေလားရှင့်
    နားမလည်လို့ပါနော်
    မူလတန်းအဆင့်ကလေးတွေဆိုတော့ email ကအစဉ်မပြေလို့

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။