Zoom လိုပဲအသုံးပြုနိုင်တဲ့ Google Meet နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ Google Meet သုံးဖို့ဆိုရင် အရင်ဆုံး Gmail ရှိရမှာဖြစ်ပါတယ်။
ဒီ Google Meetဟာဆိုရင်လည်း သင်တန်းတွေပို့ချလို့ရသလို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြောနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင် Meet.google.com ကိုအရင်နှိပ်ပြီးသွားရမှာဖြစ်တယ် အဲ့ဒီမှာဆိုရင် Join a meeting ကိုတွေ့မြင်ရမှာဖြစ်ပါတယ်
ကိုယ်က Host (ဖိတ်ခေါ်သူ)လုပ်တဲ့သူမဟုတ်ပဲနဲ့ Participant (ပါ၀င်ဆက်သွယ်သူ)အနေနဲ့၀င်မယ်ဆိုရင် Host ကပေးတဲ့ Password လေးထည့်ပြီး join လုပ်ရုံပါပဲ။
၀င်လိုက်ပြီဆိုရင် Camera ကိုမြင်ရပါလိမ့်မယ်။ သုံးတဲ့သူက ဒီ Camera ကိုဖွင့်မလား မဖွင့်ဘူးလားဆိုတာကို Camera Icon ပုံလေးကိုနှိပ်ပြီး Camera on/off လုပ်လို့ရပါတယ်။Microphone အသံဆိုရင်လည်းအဲ့ဒီလိုပဲ Microphone Icon (အသံပုံ)လေးကိုနှိပ်ပြီး on/off လုပ်လို့ရပါတယ်။
အဲ့ဒီအဆင့်တွေပြီးပြီဆိုရင် join now ကိုနှိပ်ပြီး ဆက်သွယ်နိုင်ပါပြီ။
တကယ်လို့ ကိုက laptop မှာဖြစ်နေပြီး host ဖြစ်နေတယ်ဆိုရင်
Copy Joining Info ဆိုတာလေးကိုနှိပ်ပြီး ကိုယ်နဲ့ပြောမဲ့သူကို
အဲ့ဒီ link လေးကို gmail, messenger or viber ကိုအဆင်ပြေတဲ့နေရာကနေ link လေးကိုပို့ပေးလို့ရပါတယ်။
ကိုယ့်ဘက်က presentation ပြချင်တာရှိရင်လည်း
Present Now ဆိုတာလေးကိုနှိပ်ပြီး screen ကိုလည်းပြသလို့ရပါတယ်။
ညာဘက်ကMeeting details မှာဆိုရင် people chat ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ အဲ့နေရာမှာဆိုရင် လူဘယ်နှစ်ယောက် ရှိနေလည်းဆိုတာမြင်ရမှာဖြစ်ပြီး၊
chat နေရာမှာကြတော့ ကိုယ်ရေးချင်တဲ့စာ သို့မဟုတ် link တစ်ခုခုကိုလည်းပို့ပေးလို့ရပါတယ်။
ဖုန်းမှာဆိုရင်လည်း iOS မှာဆိုရင် App Store မှာ Google Meet ကိုဒေါင်းလို့ရပြီး
Android Phone မှာဆိုရင်တော့ Google Playမှာ install လုပ်လို့ရပါတယ်။
အခြားအဆင့်တွေကတော့ အပေါ်မှာပြောထားတဲ့အတိုင်း ဆက်လုပ်ဆောင်သွားရုံပါပဲ။
Google Meet စသုံးတဲ့သူတွေအဖို့တော့ laptop ကနေသုံးခြင်းဟာ ပိုလွယ်ကူမြန်ဆန်လို့ laptop ဖြင့်သုံးဖို့ကို ပိုမိုအကြံပြုချင်ပါတယ်။
Google meet ကိုနောက်များမှာလည်း တခြားဘာတွေသုံးလို့ရလည်းဆိုတာကို အပိုင်းနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်။
Sources:
https://apps.google.com/intl/en/meet/how-it-works/
https://www.cnet.com/how-to/google-meet-4-steps-to-setting-up-googles-video-chat-app-free/
These links were valid til 8th September
Related