Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

ပညာလို အိုသည်မရှိ

Posted on January 28, 2019September 11, 2020

အပိုင်း ၂။ ပညာလို အိုသည်မရှိ

ကဲ အရင်တစ်ခေါက်က ကိုယ် အင်တာနက်ပေါ်မှာ ဖတ်နေတဲ့ အကြောင်းအရာတစ်ခုရဲ့ အရည်အသွေးနဲ့ ယုံကြည်နိုင်မှုကို ခွဲခြမ်းစိတ်ဖြာပုံကို ပြောပြခဲ့တယ်နော်။ အခုတစ်ခါမှာတော့ ပေါ်ဦးသိသလောက် အင်တာနက်ပေါ်က ကောင်းရာကောင်းနိုး စာပေကျမ်းဂန်လေလာလို့ရတဲ့ နာမည်ကျော် နေရာလေးတွေပြောပြမယ်ကွယ်။

၁။ Wikipedia / ဝီကီပီးဒီးယား


လူသိများကြတဲ့ ဝီကီပီးဒီးယား ဆိုတာက အင်တာနက်ပေါ်က စာပေကျမ်းဂန်လေ့လာတဲ့ သူတွေ စုပေါင်းဝိုင်းဖွဲ့ပြီးရေးထားတဲ့ အွန်လိုင်း စွယ်စုံကျမ်းပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသန်းပေါင်းများစွာ လုပ်အားပေး ဝင်ရောက်ရေးသားထားလို့ ရေးတဲ့သူရှိရင်ရှိသလို ရေးထားတဲ့ ဘာသာစကားပေါင်းရာကျော် ဖတ်ရှုလို့ရပေမဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားတဲ့ ဆောင်းပါးတွေကတော့ အများဆုံးပေါ့။ မောင်မယ်တို့ မြန်မာယူနီကုတ် အသုံးပြုမယ်ဆိုရင်တော့ မြန်မာလိုလည်း ဖတ်လို့ရပါတယ်။ ဘယ်သူမဆို ဝင်ရေးလို့ရတယ်ဆိုတော့ လူဆိုတာ တခါတလေ အမှားလည်း လုပ်မိတတ်ကြတာက သဘာဝပဲမို့ သူ့ရဲ့ ဆောင်းပါးတိုင်းကို ၁၀၀ ရာခိုင်းနှုန်း တစ်ထစ်ချ ယုံကြည်လို့ မရဘူးဆိုပေမဲ့ အထွေထွေ ကိုးကားမှီငြမ်းဖို့တော့ အလွန်အသုံးဝင်ပါတယ်။

၂။ Youtube

Youtube ကတော့ လူတိုင်းက သူတို့ပြုလုပ်ထားတဲ့ ဗီဒီယိုတွေကို လူတိုင်းမြင်နိုင်အောင် ဝေမျှနိုင်တဲ့ အွန်လိုင်း စင်္ကြန်တစ်ခုပေါ့။ ပေါ်ဦးပြောထားပြီးသလိုပဲ ဘယ်သူမဆို ဗီဒီယိုတွေကို ဝေမျှလို့ရတယ်ဆိုတော့ အကျိုးမရှိ အချိန်ကုန်စေမယ့် အကြောင်းအရာတွေ လုပ်တင်ထားတာရှိနိုင်တယ်ဆိုပေမယ့် ကိုယ်ရှာတတ်ရင်ရှာနိုင်သလို အကျိုးရှိတဲ့ ဗီဒီယိုတွေ သန်းပေါင်းများစွာရှိပါတယ်။ Youtube ကိုယ်တိုင်ကတော့ လူ့အဖွဲ့အစည်းကို ထိခိုက်စေမယ့်အရာတွေနဲ့ ကလေးသူငယ်တွေနဲ့ မသင့်တော်တဲ့ အရာတွေကိုတော့ သူ့ စင်္ကြန်ပေါ်မှာ လက်မခံပါဘူး။ ဘာပဲပြောပြောလေ ဘယ်ဟာကိုမှ မယုံခင် စဉ်းစားတွေးတော ပြီးမှ ယုံပါလေ ကွယ်ရို့။

၃။ Pinterest


ဖတ်စရာ၊ အသုံးကျစရာ၊ စိတ်ဝင်စားစရာ စာတိုစာစုလေးတွေကို ဓာတ်ပုံတွေ ဒီဇိုင်းလေးတွေနဲ့ လှလှပပ အချင်းချင်း ဝေမျှလို့ရတဲ့ နေရာတစ်ခုပါ။ ကိုယ်စိတ်ဝင်စားတဲ့ ဘယ်အကြောင်းအရာမဆို ရှာတတ်ရှာတတ်သလို အသုံးဝင်တာပေါ့။ သူ့ကို Youtube လိုပါပဲလို့ ပြောချင်ပါတယ်။ သူလိုကိုယ်လို လူတိုင်း ပြန်လည်ဝေမျှနိုင်တာမို့ ဘယ်ဟာကိုမှ မယုံခင် စဉ်းစားတွေးတော ပြီးမှ ယုံကြပါနော်။ Pinterest မှာ Website လည်းရှိသလို App လည်းရှိပါတယ်။

၄။ Khan Academy


သူကတော့ ကျောင်းဘာသာရပ် သင်ခန်းစာတွေကို ဗီဒီယိုပြုလုပ်ထားတဲ့ ပညာရေး website တစ်ခုပါ။ နိုင်ငံတကာ ပညာရေး သင်ရိုးညွန်းတမ်းတွေကို အခြေခံပြုလုပ်ထားတဲ့ သင်တန်းစာတွေဆိုပေမဲ့ မြန်မာဘာသာပြန်ထားပြီးတဲ့ ဗီဒီယိုတွေဆိုရင် မြန်မာစာတမ်းထိုးတွေကို unicode font နဲ့ ဖတ်လို့ရပါတယ်။

၅။ Ted


ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေက သူတို့ အိုင်ဒီယာတွေ၊ လေ့လာတွေ့ရှိချက်တွေ၊ အသိပညာတွေကို အများပြည်သူကို ပြန်လည်ဝေမျှဖို့ ပြုလုပ်တဲ တင်ဆက်ပွဲတွေက ဗီဒီယိုတွေကို ပြန်လည်ဝေမျှထားတာပါ။ အင်္ဂလိပ်အများဆုံးဖြစ်ပေမယ့် တချို့ဗီဒီယိုတွေက မြန်မာစာတမ်းထိုးရှိတယ်ဆိုရင် unicode font နဲ့ ဖတ်လို့ရပါတယ်။

Ted-ed ကတော့ Ted က ပြုလုပ်ထားတဲ့ ၅ မိနစ်စာ အထွေထွေ ဗဟုသုတ ပညာပေး ဗီဒီယိုတွေ စုဆောင်းမှုပါ။

၆။ Memrise


အင်္ဂလိပ်စာ အပါအဝင် ဘာသာစကားပေါင်း ၅၀ နီးပါးက ကို အွန်လိုင်းတစ်ဆင့် လေ့လာ ဝေါဟာရတွေကို အလကားလေ့လာ လေ့ကျင့်လို့ရတဲ့ နေရာတစ်ခုပါ။ အသုံးပြုသူတွေကပဲ ပြန်ဖန်တီးပေးတဲ့ သင်ခန်းစာတွေပါ။ Memrise မှာ Website လည်းရှိသလို App လည်းရှိပါတယ်။

၇။ Code Academy


ကွန်ပျူတာ programme နဲ့ ပက်သက်ပြီး လေ့လာလို့ရတဲ့ သင်ခန်းစာတွေပေးထားတဲ့ နေရာပါ။

၈။​ Open Development Myanmar


မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ အသုံးဝင်တဲ့ data အချက်အလက်တွေကို တစ်နေရာတည်းမှာ စုဆောင်းထားပြီး ရှာဖွေလို့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၉​။​ Open Hluttaw


လွတ်တော်အတွင်းက ကိုယ့်လွှတ်တော်ကိုယ်စားလှယ် ဘယ်သူလဲဆိုတာနဲ့ သူတို့ရဲ့ အချက်အလက်တွေကို စုံစမ်းရှာဖွေလို့ရပြီး သူတို့နဲ့ ဆက်သွယ်ပြောဆိုနိုင်မယ့် နည်းလမ်းတွေလည်း ရှိဖွေလို့ရပါတယ်။ Open Hluttaw မှာ Website လည်းရှိသလို App လည်းရှိပါတယ်။

Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?
အင်တာနက်ဘော်ဒါမှာ Covid-19 နဲ့ပတ်သက်လို့ ဘယ်မှာသတင်းအမှန်နဲ့ သတင်းမြန်တာတွေကို ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။ Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင် အောက်မှာဖော်ပြထားတဲ့ Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ World Health Organization Myanmar (WHO) (https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr) ဒီPageမှာဆိုရင်
1 2 3 … 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။