InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း

    ကဲမောင်မယ်တို့ရေ အရင်တစ်ခေါက် အင်တာနက်ပေါ်မှာ နှောင့်ယှက်တာခံရရင် အကူအညီယူရမယ်လို့ ပြောထားတယ်နော်။ ဒီတစ်ခေါက်မှာ ဖေ့စ်ဘုတ်ပေါ်မှာ နှောင့်ယှက်တာကြုံလာရင် ကိုယ့်ဟာကိုယ် လွယ်လွယ်ဖြေရှင်းလို့ရမယ့်နည်းကို ပြောပြမယ်။ တစ်နည်းကတော့ ကိုယ့်ကို တိုက်ရိုက်လာနှောင့်ယှက်နေရင်တော့ သူက ကိုယ့်ကို Facebook မှာ ဘယ်တော့မှ ပြန်မမြင်ရတော့အောင် သူ့အကောင့်ကို block လုပ်ပစ်တာပါပဲ။ နောက်တစ်ခုက လူတစ်ယောက်က တားမြစ်ထားတဲ့အရာတွေ စံနှုန်းဖောက်ဖျက်နေတာတွေ ကိုယ်ကမြင်ရင် သူ့ကို ဖေ့စ်ဘုတ်ကို အကြောင်းကြားတဲ့ report လုပ်နည်းပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့

    ၁။ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် စကားတွေလာလာပြောပြီး နှောင့်ယှက်နေတဲ့အကောင့်ကို Report (ရီပို့) ထုချင်တယ်ဆိုရင်တော့ အဲ့အကောင့်ရဲ့ ညာဘက်အပေါ်ထောင့်မှာ ⓘ ပုံစံလေး ရှိပါတယ်။



    ၂။ အဲ့ဒါကိုနှိပ်လိုက်ရင် အောက်ကပြထားသလိုပုံစံမျိုးပေါ်လာပါလိမ့်မယ်။ အဲ့ကနေ View profile ဆိုတာကို နှိပ်လိုက်ပါ။ အဲ့ဒီ့အခါ သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဆီကို ရောက်သွားပါလိမ့်မယ်။



    ၃။ သူ့ရဲ့ ဖေ့စ်ဘုတ်ပရိုဖိုင်းဆီကို ရောက်ပြီဆိုရင်တော့ နာမည်ရဲ့အောက်က လေးခုမြောက် ခလုတ်ဖြစ်တဲ့ more ဆိုတာကို နှိပ်လိုက်ပါ။



    ၄။ အပေါ်ဆုံးက Give feedback or report this profile ဆိုတာကို ထပ်နှိပ်ပါ။



    ၅။ ဒီလိုပုံစံပေါ်လာပြီဆိုရင်တော့ သူက ဘယ်လိုဘယ်ပုံနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေလဲဆိုတာကို ရွေးရမှာပါ။ (၁) တစ်ယောက်ယောက်ယောင်ဆောင်နေတဲ့သူ (၂) အကောင့်တု (၃) နာမည်တု (၄) တင်ဖို့မသင်တော်သော ပို့စ်များတင်နေသူ (၅) အဲ့ဒီသူကို ကူညီပါမယ် (၆) အခြား အခုကတော့ (နာမည်တု) Fake Account ဆိုတာကိုရွေးလိုက်ပါတယ်။



    ၆။ Fake Account ဆိုတာကိုရွေးပြီးရင် Send ဆိုတာကို နှိပ်လိုက်ပါ။



    ၇။ ပြီးရင် သုံးခုမြောက်ဖြစ်တဲ့ Report profile ကိုနှိပ်ပါ။



    ၈။ သုံးခုမြောက်မှာ Submitted to Facebook for review ဆိုပြီး ပေါ်လာရင် ရပါပြီ။



    ၉။​ ဒီဟာကတော့ အခုလိုရီပို့လုပ်ရခြင်းဟာ ဖေ့စ်ဘုတ်ရဲ့ လူမှုကွန်ရက်နဲ့ ဆန့်ကျင်နေလို့ လုပ်ရပါတယ်ဆိုတာကို အတည်ပြုရတာဖြစ်ပါတယ်။ အောက်ဆုံးကစာကြောင်းလေးမှာ အမှန်လေးခြစ်ပြီး Report ဆိုတာကိုနှိပ်ပြီးရင်တော့ ရီပို့ထုတာ အောင်မြင်ပါပြီ။



    အပေါ်မှာပြောထားတာကတော့ ကိုယ့်ကို မက်စေ့ချ်တွေမှာ အနှောင့်အယှက်လာပေးတာမျိုးတွေကို ရီပို့ (Report) လုပ်ရတာမျိုးပါ။ အကယ်လို့ Facebook သုံးနေရင်းနဲ့ ကိုယ့်ရဲ့ Wall ပေါ်မှာ အမုန်းစကားကို အသားပေးပြီး ရေးထားတဲ့ပို့စ်တွေ၊ ညစ်ညမ်းစာသားတွေ ပုံတွေ ပါတဲ့ပို့စ်တွေ စတဲ့ ကိုယ်ပါမက အခြားသူတွေပါ မြင်ဖို့မသင့်တော်တဲ့ ပို့စ်မျိုးတွေကို Report လုပ်လို့ရပါတယ်။ အောက်မှာ လုပ်ပုံလုပ်နည်းကို ပြောပြထားပါတယ်။

    ၁။ ပထမဆုံး အဲ့ပို့စ်ရဲ့ ညာဘက်အပေါ်ထောင့်က အစက်လေးသုံးစက်ကို နှိပ်လိုက်ပါ။



    ၂။ ဒီလိုပေါ်လာပြီဆိုရင်တော့ ပို့စ်ပေါ်မူတည်ပြီး Report လုပ်ရတဲ့ ပုံစံကွာသွားမှာဖြစ်ပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်းပဲ ပို့စ်က ဘယ်လိုပို့စ်မျိုး ဖြစ်တယ်ဆိုတာကို ရွေးရမှာပါ။ (၁) ညစ်ညမ်းပုံနှင့်စာများ (၂) အကြမ်းဖက်မှုများ (၃) အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုများ (၄) ကိုယ့်ကိုယ်ကို သတ်သေမှုများ၊ ထိခိုက်နာကျင်အောင် လုပ်ခြင်းများ (၅) သတင်းအမှားများ (၆) စိတ်အနှောင့်အယှက်ပေးသောစာများ၊ပုံများ (၇) တရားမဝင်ရောင်းချမှုများ (၈) အမုန်းစကားများ (၉) အကြမ်းဖက် တိုက်ခိုက်မှုများ



    ၃။ နမူနာအနေနဲ့ Harassment – အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုများကို ရွေးလိုက်ပါတယ်။ ပြီးရင် Send ဆိုတာကို နှိပ်လိုက်ပါ။



    ၄။ အခုလို ပေါ်လာရင်တော့ Submit to Facebook for review – ဖေ့စ်ဘုတ်ဆီကို ဒီတိုင်ကြားချက်ကို ပို့မယ် ဆိုတာကို ထပ်နှိပ်ပါ။ ပြီးရင်တော့ Done – ပြီးဆုံးပြီ ဆိုတာကိုနှိပ်လိုက်ရင်တော့ Report – တိုင်ကြားခြင်းဟာ အောင်မြင်သွားပါပြီ။ ထပ်ပြီးတော့ အဲ့ဒီ့ပေ့ချ်ကတင်တဲ့ ပို့စ်တွေကို ထပ်မမြင်ချင်တော့ဘူးဆိုရင် Block သို့ Unfollow လုပ်လိုက်လို့လည်း ရပါတယ်။



    ဒါဆိုရင် အင်တာနက်ပေါ်မှာ အနှောင့်အယှက်ကင်းပြီး ကိုယ့်ကို စိတ်ရှုပ်အောင်လုပ်မယ့် အဖြစ်တွေက ကင်းစင်သွားပေါ့နော်။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.