InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၃။ ဒါသတင်းလား

    သူငယ်ချင်းတို့ရေ… အခု Minion တို့ ဆက်ပြီး အရည်အသွေးရှိတဲ့ သတင်းတစ်ပုဒ်ကို ဘယ်လို စစ်ရမလဲဆိုတာပြောပြမယ်။ အောက်က သတင်းစစ်မှန်တစ်ပုဒ်ရဲ့ ဝိသေသတွေကို အခြေခံပြီး စဉ်းစားလိုက်ရင် သတင်းဟုတ်မဟုတ်ဆိုတာ ခွဲခြားသိနိုင်မှာပါ။

    ပထမဆုံး တစ်ချက်ကတော့ သူ့မှာ မှတ်သားဖွယ်ရာ အကြောင်းအရာတွေပါလား။ သတင်းဆိုတာ စိတ်ဖြေဖျော်စရာ ဖြစ်စေသလို စိတ်မချမ်းသာစရာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲ့နှစ်ခုကြားက ဘယ်ဟာမဆို ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူရဲ့ အဓိက ရည်ရွယ်ချက်က သင့်ကို ဖြစ်ရပ်တွေနဲ့ လူတွေရဲ့ အကြောင်းတွေကို ကူညီပြောပြပေးဖို့ပဲ ဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘူးဆိုရင် သူဟာ ဖျော်ဖြေရေး သပ်သပ်၊ အရောင်းမြှင့်တင်ရေး၊ ဝါဒဖြန့်ချီရေး၊ ဒါမှမဟုတ် အရင်တခါကပြောခဲ့တဲ့ အလိမ်အညာ (သို့) ဂျင်းတွေသာ ဖြစ်နိုင်ပါတယ်။

    ဒုတိယတစ်ချက်တော့ အချက်အလက်တွေပေါ်မှာ အခြေခံလား။ သတင်းဆိုတာ ခိုင်မာတဲ့ အရင်းအမြစ်ကလာတဲ့ နာမည်၊ နေ့စွဲ၊ နေရာ၊ ကိန်းဂဏန်း၊ ကိုးကားချက် စတာတွေအပေါ် အခြေပြုပြီး ရေးသားရပါတယ်။ မဟုတ်ရင်တော့ ဒါက အရည်အသွေးရှိတဲ့ သတင်းမဟုတ်ပါဘူး။

    တတိယကတော့ ရေးသားသူကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသလား။ သတင်းဆိုရင် သတင်းရေးသားသူနဲ့ ထုတ်ဝေသူတွေကို တိတိကျကျ ဖော်ပြထားပြီး သူတို့ ထုတ်ဝေတဲ့ အကြောင်းအရာအပေါ်ရပ်တည်ပေးနိုင်ပါတယ်။ မဟုတ်ရင်တော့ ဂျင်းဖြစ်ဖို့များပါတယ်။

    ဆက်လက်ပြီး စစ်ဆေးကြည့်လိုက်ရင် သတင်းရေးသားထားတာ ဓမ္မဓိဌာန်ကျလား။ သတင်းဆိုရင် ဘက်ပေါင်းစုံက အချက်အလက်တွေကို မျှမျှတတ ဖော်ပြဖို့ ရည်ရွယ်ရပါတယ်။ တကယ်လို့ ထင်မြင်ချက်တွေ ပါတယ်ဆိုရင် ဘ​ယ်သူ ပြောတယ်ဆိုတာကို တိကျသေချာစွာ ဖော်ပြထားပါတယ်။ မဖော်ပြရင် ဒါစာရေးသူရဲ့ အာဘော်သပ်သပ်ပဲ ဖြစ်လောက်တယ်။

    နောက်ဆုံးတော့ ဒီသတင်းဟာ အချိန်မှန်ကန် သင့်လျော်လား။ သတင်းက အဖြစ်အပျက်တစ်ခုဖြစ်ပြီး မကြာသေးခင် ဒါမှမဟုတ် အရင်က ဖြစ်ခဲ့တဲ့ ပွဲ၊ အကြောင်းအရာနဲ့ ပက်သက်မှု ရှင်းရှင်းလင်းလင်း ရှိနေတဲ့အခါ ပေါ်ထွက်လာတတ်ပါတယ်။ မဟုတ်ရင်တော့ သူက အစီရင်ခံစာ၊ လေ့လာချက်၊ တင်ပြချက် (သို့) ဆောင်းပါးတစ်ခုခုသာ ဖြစ်မယ်။

    ကဲ ဒီအချက်တွေ အကုန်လုံးကို စစ်လိုက်တဲ့ အခါ သူ့မှာ မှတ်သားစရာ အကြောင်းအရာပါတယ်၊ မှန်ကန်တဲ့ အချက်အလက်ပါတယ်၊ ရေးသားသူ/ထုတ်ဝေသူက တာဝန်ခံတယ်၊ ဓမ္မဓိဌာန်ကျတယ်၊ အချိန်မှန် သင့်လျော်တယ်ဆိုရင်တော့ အရည်အသွေးရှိတဲ့ သတင်းတစ်ပုဒ်ပါပဲ။

    အောက်က ပုံမှာလည်း Minionတို့ ပြောတာကို ပြန်ပြီး မြေပုံလုပ်ပြထားတယ်နော်။ သူများတွေကို ပြန်ဝေမျှပေးချင်တယ် ဆိုရင်တော့ လက်နဲ့ထောက်ပြီး “save image” ဆိုပြီး ကိုယ့်ဖုန်းမှာ ယူထားလို့ရတယ်နော်။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.