InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။

    ဂျင်းသတင်းတွေက သူငယ်ချင်းတို့ဆီကို ပုံစံအမျိုးမျိုးနဲ့ လာနေပါတယ် ဒီလိုမျိုး ဂျင်းသတင်းတွေက ကိုယ့်ကို ဂျင်းထည့်လို့မရအောင် ဘယ်လိုဆန်းစစ်ရမလဲဆိုတာကို Minionတို့က အခုပြောပြမယ်။ မှတ်သားကြလော့။

    ၁။ သတင်းခေါင်းစဉ်များကို ဆန်းစစ်ပါ။
    အာမေဍိတ်စကားလုံးတွေ (ဥပမာ – !)လိုမျိုး ထင်ရှားတဲ့ အမှတ်အသားတွေက သတင်းခေါင်းစဉ်တွေမှာ ပါနေပြီဆိုရင် အဲ့ဒါဟာ သတင်းမှားတွေ ဖြစ်တတ်ပါတယ်။ ခေါင်းစဉ်မှာပါတဲ့ အကြောင်းအရာတွေဟာ ထူးထူးဆန်းဆန်းဖြစ်နေတယ်ဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် သတင်းတစ်ပုဒ်ကို မ​​ယုံခင် သတင်းခေါင်းစဉ်များကို သေချာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

    ၂။ သတင်းလာတဲ့ URL ကို ဆန်းစစ်ပါ။
    သတင်းမှားဖြန့်ချိသူတွေဟာ Website URL Link အတုတွေ သုံးပြီးတော့ သတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။ ဒါကြောင့် သတင်းတွေမှာ website link တွေပါရင် အဲဒီ link တွေကို သွားရောက်ကြည့်ရှုပြီး Website တစ်ခုလုံးမှာ ရေးထားတဲ့ အခြားအကြောင်းအရာတွေနဲ့ ချင့်ချိန်ပြီးမှ ယုံပါ။

    ၃။ သတင်းရင်းမြစ်ကို ကြည့်ရှုစစ်ဆေးပါ။
    သတင်းတစ်ပုဒ်ကိုဖတ်မိပြီဆိုရင် အဲဒီသတင်းကိုရေးတဲ့ သတင်းဌာနကို သိလား၊ ယုံကြည်လေးစားရတဲ့သတင်းဌာန တစ်ခုခုကလာတဲ့ သတင်းဖြစ်လားဆိုတာကို အရင်ကြည့်ပါ။ အကယ်၍ အဲဒီသတင်းက တစ်ခါမှ မကြားဖူးတဲ့ သတင်းဌာန (သို့) အဖွဲ့အစည်း တစ်ခုခုကလာတဲ့ သတင်းဖြစ်နေရင် ဒီသတင်းဟာ သတင်းမှားဖြစ်နိုင်ချေများပါတယ်။

    ၄။ အချိန်နဲ့ နေ့စွဲများကို တိုက်ဆိုင် စစ်ဆေးပါ။
    တစ်ခါတရံ ပဋိပက္ခသတင်းဟောင်းတွေကို သတင်းအသစ်ပုံစံ ပြန်လည်ဖန်တီးပြီး မျှဝေကြတာ တွေ့ရပါတယ်။ လူတွေက သတင်းဖတ်တဲ့အခါမှာ သတင်းခေါင်းစဉ်နဲ့ သတင်းအကြောင်းအရာသာ ဖတ်တတ်ပြီး ရက်စွဲစစ်ဖို့ မေ့တတ်ကြပါတယ်။ ဒါကို သတင်းမှား ဖြန့်ချိသူတွေက အခွင့်ကောင်းယူပြီးတော့ သတင်းအဟောင်းတွေကိုပဲ နေ့စွဲပြောင်းကာ ပြန်တင်တတ်ကြပါတယ်။

    ၅။ အရေးအသား မူမမှန်တာကို သတိထားပါ။
    သတင်းတစ်ပုဒ်မှာ စာလုံးပေါင်းအမှား အမြောက်အများပါနေမယ် ဒါမှမဟုတ် စာကြောင်းတွေကို မဖြတ်မတောက်ပဲ ဖော်ပြထားတယ်ဆိုရင် သတင်းမှား ဖြစ်နိုင်ချေများပါတယ်။ သတင်းဌာနကြီးတွေဟာ သတင်းတစ်ပုဒ်ပုဒ်ကို ဖော်ပြပြီဆိုရင် စာလုံးပေါင်းတွေ စစ်ရပါတယ်၊ စာကြောင်းအဖြတ်အတောက်တွေကို ဂရုစိုက်ရပါတယ်။ သတင်းမှား ဖြန့်ချိသူတွေကတော့ သတင်းဌာနတွေလို စေ့စပ်သေချာမှုမရှိပဲ သတင်းမှားတွေသာ အမြန်ဆုံး ဖြန့်ချိချင်တာကြောင့် ဒီလိုအသေးစိတ်တွေကို အလေးမထားတတ်ကြပါဘူး။ ဒါကြောင့် စာလုံးပေါင်းတွေ မှားနေတာ၊ သဒ္ဒါတွေ မှားနေတာ၊ စာတွေအဖြတ်အတောက်မရှိ မှားနေတာဆိုရင် သတင်းမှားဖြစ်နိုင်ချေ များပါတယ်။

    ၆။ သတင်းကိုးကားချက်များကို စစ်ဆေးပါ။
    သတင်းရလာတဲ့ အရင်းမြစ်ကို ဖေါ်ပြတဲ့အခါမှာ ဘယ်သူတွေက ပြောလဲဆိုတာကို ဂရုတစိုက်ကြည့်ပါ။ (ဥပမာ – အမည်မဖော်လိုသူ ပြည်သူတစ်ဦးမှ ပြောသည်ဆိုတာမျိုးက သတင်းရဲ့ ခိုင်မာမှုကို သံသယရှိစရာကောင်းပါတယ်။) နောက်ပြီးတော့ သတင်းမှာပါတဲ့ နေရာတွေ၊ ဒေသတွေက အပြင်မှာ တကယ်မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖတ်နေတဲ့ သတင်းက ခိုင်မာမှု ရှိမရှိသိနိုင်အောင် နေရာဒေသတွေ ကိုးကားထားချက် တွေကို သေချာစစ်ဆေးကြည့်ပါ။

    ၇။ အခြား သတင်းရင်းမြစ်များနှင့်လည်း တိုက်ဆိုင်စစ်ဆေးပါ။
    အရေးကြီးသတင်းတစ်ပုဒ်ကို ဖတ်တဲ့အခါမှာ အခြားသတင်းဌာနတွေက ဒီသတင်းကို တင်ရဲ့လား ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ တရားဝင် သတင်းဌာနတွေက တင်တဲ့ သတင်းတွေက မှန်ကန်ပါတယ်။ အကယ်၍များ တခြားတရားဝင်သတင်းဌာနတွေက မတင်ပဲ ကိုယ်ဖတ်နေတဲ့ Page ကပဲ သတင်းအသစ်အဆန်းတွေ တင်နေတယ်ဆိုရင်တော့ သတင်းမှားဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့် သတင်းဖတ်တဲ့နေရာမှာ တခြားသတင်းဌာနတွေက တင်ထားသလားဆိုတာ သတိပြုကြည့်ပါ။

    ၈။ သတင်းတု သတင်းလိမ်တွေကို သိပြုပါ။
    အချို့သတင်းတွေက အပြင်မှာတကယ်မဖြစ်ပွားပဲနဲ့ ဖြစ်သယောင်ယောင် လုပ်ကြံဖန်တီးပြီး ရေးသားထားတတ်ပါတယ်။ ဥပမာ ဘယ်ရပ်ကွက်၊ ဘယ်မြို့မှာတော့ဖြင့် မီးတွေလောင်နေပြီ ကအစ နဂါးကြီးမွေးလာပြီအဆုံး အတည်ရေးတတ်ကြပါတယ်။ တစ်ချို့က နောက်ချင် ပြောင်ချင်တာ၊ တစ်ချို့ကတော့ ပြဿနာတက်ပြီး ဆူပူမှုဖြစ်စေချင်တာပါ။ ဒါကြောင့် သတင်းဖတ်တဲ့အခါမှာ အပြင်မှာ တကယ့်ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားပြီးမှ ယုံကြည်၊ မျှဝေဖို့ အရေးကြီးပါတယ်။ ဟာသပုံစံရေးထားတဲ့ သတင်းတုတွေကလည်း အမုန်းတရားတွေကို အခြေခံပြီး ရေးသားထားတယ်ဆိုရင် ဟာသလို့ကိုယ်ကထင်ပြီး မျှဝေလိုက်ရာကနေ ပြဿနာတက်စေနိုင်လို့ လွယ်လွယ်ကူကူ မမျှဝေကြဖို့ လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။

    ဂျင်းသတင်းတွေရဲ့ ဂုဏ်သတ္တိတွေကို ပြောပြီးရင် ဆက်လက်ပြီး ပညာရှင်ဆန်တဲ့ သတင်းတွေရဲ့ ဝိသေသတွေကို ပြောပါဦးမည်။ နောက်ဆုံတစ်ခု အနေနဲ့ကတော့ သူငယ်ချင်းတို့ကို ဂျင်းသတင်းတွေကို ရှာဖွေဖော်ထုတ်ပြီး သတင်းပညာပေးလုပ်နေတဲ့ အင်တာနက်စာမျက်နှာ တွေးပြီးမှယုံ မှာနောက်ထပ်အများကြီးထပ်လေ့လာလို့ ရပါသေးတယ်လို့ ပြောချင်ပါတယ်။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.