InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား

    သူင​ယ်ချင်းတို့ရေ…. အရင်တစ်ခေါက်တုန်းက ပေါ်ဦးနဲ့ စာဥတို့နဲ့ တွေ့ဆုံခဲ့ကြတုန်းက သူတို့ပြောခဲ့တာတွေထဲမှာ အင်တာနက်ကို လူပေါင်းစုံတည်ဆောက်ထားတယ်ဆိုတာ မှတ်မိကြသေးလား။ ဒီတစ်ခေါက်ကျတော့ Minion တို့က အင်တာနက်ပေါ်က သတင်းတွေ ထုတ်လုပ်ကြရာမှာ ပညာရှင်သတင်းထောက်တွေ သတင်းယူရေးသားထားတဲ့ သတင်းတွေရှိသလို ဂျင်းကောင်တွေ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်ထားကြတဲ့ ဂျင်းသတင်းရှိတာကို ပြောပြချင်တယ်နော်။ ပညာရှင်သတင်းထောက်တွေ သတင်းယူရေးသားထားတဲ့ သတင်းတွေကတော့ အားလုံးသိကြတဲ့ အထင်ကရ သတင်းဌာနကြီးတွေကလာတဲ့ သတင်းတွေပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ လူတွေကို ဒုက္ခပေးချင်တဲ့ သူတွေက အချက်အလက်တွေ အကြောင်းအရာတွေကို သတင်းပုံစံနဲ့ လူတွေဆီကို ပို့လေ့ရှိတယ်ကွ။ အဲ့လိုပဲ ကိုယ်မကြားဖူးတဲ့ သတင်းဌာန အဆန်းတစ်ခုကလာတယ်ဆိုရင်တော့ သူငယ်ချင်းတို့ သတိထားရမယ့် အချက်တွေကို ခဏနေပြောပြမယ်။ အခုတော့ Minionတို့က ဂျင်းသတင်းတွေ လူတွေဘာ့ကြောင့်လုပ်ကြတယ်ဆိုတာ အကျဉ်းချုပ် ပြောပြမယ်လေ။

    သူငယ်ချင်းတို့ရေ… ဒီခေတ်မှာ အင်တာနက်ဆိုတာ လူတိုင်းပိုင်တဲ့နေရာ။ Minionတို့လို့ ပေါက်စလေးတွေလည်း ရေးချင်တာရေးလို့ရသလို သြဇာအင်အား ကြီးမားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အုပ်ချုပ်သူတို့၊ ပုဂ္ဂလိက အဖွဲ့တို့ကလည်း အသုံးချပြီး လူတွေဆီရောက်အောင်ပြုလုပ်လို့ရတာလေ။​ အခုခေတ်မှာ လူတိုင်း smart phone ကိုင်နိုင်ရင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူရိုက်နိုင်ပြီး လူတွေဆီကို အလွယ်စာရေးပြီး ပြောပြနိုင်တာပဲ။ Minionတို့ ပေါက်စတွေကိုယ်တိုင် သတင်းထောက်တွေဖြစ်နိုင်နေပြီလေ။ စိတ်ရင်းကောင်းနဲ့ သတင်းထုတ်လုပ်သူတွေက သတင်းအချက်အလက်တွေကို ပေးရင် ကောင်းမွန်တဲ့ အကျိုးတွေ ရနိုင်သလို တခါတရံ မကောင်းတဲ့သူတွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူတွေကို လှည့်ဖြားသူတွေလည်း ရှိသကွ။

    သတင်းတုဆိုတာ ဒီကနေ့မှာ တစ်ကမ္ဘာလုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ၂၀၁၇ ကဆိုရင် တစ်ကမ္ဘာလုံးမှာ သတင်းတုဆိုတဲ့ စကားကို လူတိုင်းပြောစမှတ်တွင်ခဲ့ပြီး Fake News (သတင်းတု) ကို ၂၀၁၇ ရဲ့ စာလုံးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အမေရိကမှာလည်း ဒေါ်နယ်ထရမ့်က သူမကြိုက်တဲ့ သတင်းတွေဆိုရင် သတင်းတုလို့ပဲ လျှောက်ပြောခဲ့လို့ တစ်ကမ္ဘာလုံးအမြင်မှာ ဟားစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သတင်းတုဆိုတာ ဒီမိုကရေစီရဲ့ ရန်သူကြီးလို့ တစ်ကမ္ဘာလုံးက သဘောပေါက်လာကြပါပြီ။

    ဒါဆိုရင် သူငယ်ချင်းတို့ Fake News (သတင်းတု) ဆိုတာ အခုခေတ်မှ ပေါ်လာတဲ့အရာလား။

    အမှန်တော့ သတင်းတုဆိုတာ ဟိုးရှေးရှေးတုန်းကတည်းက ရှိနေခဲ့တဲ့ အရာတစ်ခုပဲ။

    ဟိုးရှေးပဝေသဏီကတည်းကစပြီး အုပ်ချုပ်သူတွေက သတင်းတု (သို့) ကောလဟာလတွေ ဖန်တီးပြီး ရန်သူတွေကို လှည့်ဖျားတဲ့ လက်နက်အနေနဲ့ ခေတ်အဆက်ဆက် သုံးခဲ့ကြတာ ရှိပါတယ်။ နောက်ပြီး အုပ်ချုပ်သူတွေက ပြည်သူတွေရဲ့ အတွေးအခေါ်တွေကို ပုံသွင်းဖို့လည်း လုပ်တာမျိုး ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အီဂျစ်မှာ Sphinx (လူခေါင်းနဲ့ခြင်္သေ့ပုံ ကျောက်ရုပ်ကြီး)တွေ ဆောက်ခဲ့တာက ဘုရင်တွေက သူတို့ရဲ့ တန်ခိုးအာဏာကိုပြပြီး သက်ဦးဆံပိုင်စနစ်တွေကို ခိုင်မာစေဖို့ လုပ်ခဲ့ကြပါတယ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် ဒီလိုမျိုးလုပ်တာကို ဝါဒဖြန့်တယ်လို့ ခေါ်တာပေါ့။

    အင်တာနက်နဲ့ လူမှုကွန်ယက်တွေပေါ်မလာခင် သတင်းအချက်အလက်ကို ဖြန့်ချီရေးလုပ်တယ်ဆိုတာ သိပ်မလွယ်ကူလှပါဘူး။ သတင်းစာတိုက်တစ်ခုကို တည်ထောင်မယ်ဆိုရင် ပုံနှိပ်ရိုက်ရတယ်၊​ ငွေအင်အားနဲ့ အချိန်တွေ စိုက်ထုတ်ရတယ်၊ လူအင်အားသုံးပြီး ဖြန့်ဝေရတယ်။ သတင်းစာဌာနတစ်ခုအပေါ်ကို ယုံကြည်မှုတည်ဆောက်ဖို့ကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ပေးရပါတယ်။ တစ်ချို့ နိုင်ငံတွေမှာ ဆိုရင်လည်း အာဏာပိုင်တွေဆီက စာပေစိစစ်ရေးပြုလုပ်တာတွေ ခံရပါတယ်။ အဲ့လို အခြေအနေတွေမျိုးမှာမို့လို့ သတင်းတုတွေဖြစ်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။

    ဒါပေမယ့် အခု အင်တာနက်နဲ့ လူမှုကွန်ယက်က အဲ့ဒီ ခက်အခဲအတားအဆီးတွေကို ပယ်ဖျက်ပေးလိုက်ပြီးတော့ ငွေကုန်ကြေးကျသက်သာစွာနဲ့ အချိန်တိုအတွင်းမှာ အလွယ်တကူဖြန့်ဝေနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် Facebook နဲ့ Twitter မှာ လူပေါင်းများစွာ ချိတ်ဆက်နေတာကြောင့် သတင်းအချက်အလက်ပြန့်နှံ့တဲ့ အတိုင်းအတာက မကြုံစဖူး ကျယ်ပြန့်လွန်းလှပါတယ်။ အဲ့ဒါကို အခွင့်ကောင်းယူချင်သူတွေက သတင်းတုတွေဖန်တီးပြီး အမြတ်ထုတ်နေကြတာ ရှိပါတယ်။ Minionတို့ရဲ့ အာဘော်အရဆိုရင်တော့ ဂျင်းသတင်းပေါ့။

    သူငယ်ချင်းတို့ရေ… ဒါဆိုရင် ဂျင်းသတင်းတွေဆိုတာ ဘယ်လို ပုံစံမျိုးလေးတွေများလဲ။

    စီးပွားရေး အမြတ်ထုတ်ဖို့ ရေးထားတဲ့ ပေါက်တတ်ကရ (သို့) တစ်ရာဖိုး သုံးပုဒ်။
    လူတွေကို ကောင်းကျိုးပေးမယ့် ရည်ရွယ်ချက် လေးလေးနက်နက်နဲ့ ရေးသားထားတဲ့ အရာ ဘာတစ်ခုမှမပါတဲ့ သတင်းမျိုးတွေပါ။ သူတို့သတင်းမှာ ပါလာတဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ သေချာထောက်ပံ့မထားပဲ ထင်ရာမြင်ရာကို တစ်ဖက်သက်အတွေးတွေနဲ့ မှန်းပြောထားတတ်လို့ မှားယွင်းတဲ့ အချက်အလက်တွေ အမြဲပါတတ်ပါတယ်။ စာရေးဆရာရဲ့ အာဘော်အတွေးအခေါ်တွေကို ရေးတာမျိုးလည်းမဟုတ်သလို သူတို့ရဲ့ တစ်ကိုယ်ရည်အမြင်သာ ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြလေ့မရှိပါဘူး။ လူတွေ ဖတ်ချင်တဲ့ အကြောင်းတွေကို အကြိုက်ဆောင်ရေးထားတတ်ပြီး၊ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သူတို့စာကို လူများများဖတ်ပြီး လူများလာရင် ကြော်ငြာများများရတဲ့အခါ ဝင်ငွေကောင်းကောင်းရချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ။ ဥပမာ ပြောရရင် ‘ရေသောက်ရခြင်း အကျိုးကျေးဇူး ၅ ပါး’ (အမှန်တကယ် သိပ္ပံသုတေသနတွေက ထောက်ပံ့မထားပဲ)၊ ‘ရည်းစားဟောင်း ကိုယ့်ဆီပြန်လာမယ့် နည်း(၇)သွယ်’ စတဲ့စတဲ့ သတင်းတွေလိုပေါ့။

    တစ်ခါတစ်ရံကျရင်တော့ သူတို့က လူတွေ အများကြီးစိတ်ဝင်စားမယ့်အကြောင်းတွေကို တကယ်လည်း အပြင်မှာမဖြစ်ပဲ သတင်းဆိုပြီး လုပ်ကြံရေးသားကြပါတယ်။ ရည်ရွယ်ချက်တွေကတော့ လူများများဖတ်ရင် ပိုက်ဆံများများရချင်တာကြောင့်လည်း ဖြစ်နိုင်သလို တစ်ယောက်ယောက်ကို ချောက်တွန်းချင်လို့ သတင်းအနေနဲ့ ဖန်တီးတာမျိုးလည်းရှိနိုင်တယ်။

    နောက်ဆုံးတစ်မျိုးကတော့ Hoaxes လို့ခေါ်တဲ့ အလိမ်အညာတွေပါ။ သူတို့ကတော့ လူတွေကို ဟိုဟာလုပ်ရင် ထီပေါက်မယ် ဒီဟာလုပ်ရင် ကံကောင်းမယ် ဆိုပြီး လူတွေကို လျှောက်ဂျင်းထည့်တဲ့ ကောင်တွေပဲကွာ။

    အစိုးရရဲ့ အထောက်အပံ့နဲ့ ဂျင်းထည့်ကြသူများ။
    ဒီဂျင်းတွေကတော့ အကျိုးအမြတ်ရဖို့ လုပ်တာမဟုတ်ပါဘူး။ လွှမ်းမိုးမှုရဖို့နဲ့ မဲဆွယ်ဖို့လုပ်မယ့် တစ်ဖက်သတ် လော်ဘီတွေပေါ့။ တစ်ချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံထဲက အစိုးရက ပိုက်ဆံပေးပြီး လုပ်နေတာရှိသလို၊ တခြားနိုင်ငံက အစိုးရက သူများနိုင်ငံရဲ့ နိုင်ငံရေးကို ဝင်စွက်ဖက်ဖို့ လုပ်တာမျိုးလည်း ရှိပါတယ်။ ဥပမာ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲတုန်းကဆိုရင် ရုရှားက ဂျင်းသတင်းရေးတဲ့သူတွေနဲ့ ပိုက်ဆံတွေ အများကြီးသုံးပြီး အမေရိကန်ရွေးကောက်ပွဲကို ဝင်နှောင့်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၇ မှာဆိုရင် ကြေးစားကွန်မန့်ရေးသူတွေကို သုံးပြီး ရွေးကောက်ပွဲအနိုင်ရရှိဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ နိုင်ငံ ၃၀ ကျော်ရှိပါတယ်။

    အလွန်တစ်ရာ ဘက်လိုက်တဲ့ သတင်းရေးသားကြသူများ။
    သူတို့ကတော့ အချက်အလက်နဲ့ အတွေးအမြင်တွေကို ဗလုံးဗထွေးလုပ်ကြတဲ့ သူတွေပေါ့။ နိုင်ငံရေးအမြင် ရှုထောင့် တစ်ခုထဲကိုပဲ တစ်ဖက်ပိတ် ထောက်ခံပေးကြတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။ သူတို့အရေးအသားတွေကို တခြားသတင်းတွေနဲ့ ချင့်ချိန်နှိုင်းယှဥ်စစ်ဆေးပြီးမှာသာ ယုံသင့်ပါတယ်။ သူတို့ သတင်းတွေကို အရေးအသား အသုံးအနှုန်းတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

    သရော်စာ
    တစ်ခါတရံကျရင် တချို့သတင်းတွေက သရော်ချင်တဲ့ ပုံစံနဲ့ သတင်းအချက်အလက်တွေကို သေချာမှားပြီး ရေးသားထားတဲ့ ပုံစံတွေ ရှိပါတယ်။ အဲ့တာတွေကိုတော့ Minion တို့ သေချာ ခွဲကြည့်ပြီး မြင်နိုင်မှရမယ်။ သတိလေးထားပြီး ဖတ်ပြီးတော့ ပျော်စရာ အဖြစ်ပဲယူပါ။

    ကဲ ဒီတစ်ခေါက်တော့ ဂျင်းသတင်းရည်ရွယ်ချက်တွေ သိသွားပြီနော်။​ အခုဆက်ပြီး ဒီဂျင်းသတင်းတွေရဲ့ ဂုဏ်သတ္တိတွေက ဘာလဲဆိုတာ ဆက်ပြောမယ်နော်။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.