Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို

Posted on December 12, 2018September 11, 2020

အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို

မောင်မယ်တို့ရေ လူမှုကွန်ရက်ဆိုတာ တစ်ချိန်တည်းမှာ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးကို ကိုယ့်အကြောင်းတွေ အလွယ်တကူ ပြောပြနိုင်အောင်လို့ ပြုလုပ်ထားပေးတဲ့အတွက် လူတွေနဲ့ ဆက်ဆံတုန့်ပြန့်တာတွေ အလွယ်တကူလုပ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့တစ်ချို့ကိစ္စတွေက လူတွေသိသင့်တဲ့ အရာင်္တွေရှိသလို တစ်ချို့ကိစ္စတွေက နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုသလိုမျိုး ကိုယ့်အန္တရာယ်ကျရောက်မယ့်အရာတွေကိုတော့ လူမှုကွန်ရက်မှာ မဝေမျှသင့်ပါဘူး။

တစ်ခါတစ်လေကျရင် ကိုယ့်ကိုလူအထင်ကြီးမယ့်အကြောင်းတွေကို လူတွေက တင်ချင်လေ့ရှိတာက သိပ်အကြောင်းမဟုတ်ပေမဲ့ တစ်ခါတစ်လေကြတော့ ကိုယ်သိပ်ကြွားလွန်းရာကနေ အန္တရာယ်ကို ဖိတ်ခေါ်သလိုမျိုး မထင်မှတ်ပဲ ဖြစ်သွားနိုင်တယ်။​ ကိုယ့်အကြောင်းကို လူတိုင်း ထဲထဲဝင်ဝင်သိသွားစေမယ့် အချက်အလက်တွေဆိုတာက ဥပမာ – ကိုယ့်မှာပိုက်ဆံဘယ်လောက်ရှိတယ်၊ ဘယ်လောက်လခထုတ်လာတယ်၊ ကိုယ်ဘယ်မှာနေတယ်၊ ကိုယ်ဘယ်အချိန်အိမ်ပြန်လေ့ရှိတယ်၊ ပိတ်ရက်တွေဆို ဘယ်တွေသွားလေ့ရှိတယ် ဘယ်သူတွေနဲ့တွေ့လေ့ရှိတယ် ဆိုတာတွေကို status အဖြစ်တင်နေတာက ကိုယ့်အကြောင်းတွေကို လူအများသိအောင် share မိနေခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် status တင်မယ်ဆိုရင် သေချာစဉ်းစားပြီးမှ တင်ဖို့ကတော့ အရေးကြီးပါတယ်။

နောက်ပြီး ပိုအန္တရာယ်ရှိတာက ကိုယ်ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတာ၊ ရွှေတွေဘယ်လောက်ရှိတာ၊ တန်ဖိုးကြီးပစ္စည်းဘယ်လောက်ရှိတာကို ထုတ်ပြတာမျိုးပေါ့။ အရေးကြီးဆုံးက ကိုယ့်အားနည်းချက်လို ဖြစ်မယ့်အရာတွေကို လူတွေမြင်အောင် ထုတ်ဖော်ပြတာက အန္တရာယ်ကို ဖိတ်ခေါ်တာပဲ။​

တစ်ခု မှတ်မိထားရမှာက ကိုယ်တင်တာကို မြင်နိုင်တဲ့သူတွေကို ကန့်သတ်ထားတာမရှိရင် လူတိုင်းမြင်နိုင်တယ်ဆိုတာပဲ။ ဘ​ယ်လိုသတ်မှတ်ရမလဲဆိုတာကို နောက်ကျရင်ဆက်ပြောပြမယ်။ ကိုယ်က ကိုယ့်ကွန်ရက်ထဲမှာ ဘယ်သူတွေရှိနေတယ်ဆို အကုန်မမှတ်မိသလို ဘယ်သူတွေက ကိုယ့်တင်သမျှတွေကို မြင်နေမလဲဆိုတာကိုလည်းမသိနိုင်ဘူးလေ။ အဲ့တော့ အစကတည်းက ကိုယ့်ကိုအန္တရာယ်ဖြစ်လာနိုင်တဲ့ ဒီလိုကိစ္စတွေကိုမပြောတာက ဘေးအကင်းဆုံးပေါ့။

ဘယ်ဆီကို ရောက်ရောက်
ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
ဝါဝါမြင်တိုင်း ရွှေမဟုတ်
လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
လမ်းဆုံက လူမှုကွန်ရက်
လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
ဘယ်သူမပြု မိမိမှု
လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
« Previous 1 … 3 4 5

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။