Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို

Posted on December 12, 2018September 11, 2020

အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို

မောင်မယ်တို့ရေ လူမှုကွန်ရက်ဆိုတာ တစ်ချိန်တည်းမှာ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးကို ကိုယ့်အကြောင်းတွေ အလွယ်တကူ ပြောပြနိုင်အောင်လို့ ပြုလုပ်ထားပေးတဲ့အတွက် လူတွေနဲ့ ဆက်ဆံတုန့်ပြန့်တာတွေ အလွယ်တကူလုပ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့တစ်ချို့ကိစ္စတွေက လူတွေသိသင့်တဲ့ အရာင်္တွေရှိသလို တစ်ချို့ကိစ္စတွေက နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုသလိုမျိုး ကိုယ့်အန္တရာယ်ကျရောက်မယ့်အရာတွေကိုတော့ လူမှုကွန်ရက်မှာ မဝေမျှသင့်ပါဘူး။

တစ်ခါတစ်လေကျရင် ကိုယ့်ကိုလူအထင်ကြီးမယ့်အကြောင်းတွေကို လူတွေက တင်ချင်လေ့ရှိတာက သိပ်အကြောင်းမဟုတ်ပေမဲ့ တစ်ခါတစ်လေကြတော့ ကိုယ်သိပ်ကြွားလွန်းရာကနေ အန္တရာယ်ကို ဖိတ်ခေါ်သလိုမျိုး မထင်မှတ်ပဲ ဖြစ်သွားနိုင်တယ်။​ ကိုယ့်အကြောင်းကို လူတိုင်း ထဲထဲဝင်ဝင်သိသွားစေမယ့် အချက်အလက်တွေဆိုတာက ဥပမာ – ကိုယ့်မှာပိုက်ဆံဘယ်လောက်ရှိတယ်၊ ဘယ်လောက်လခထုတ်လာတယ်၊ ကိုယ်ဘယ်မှာနေတယ်၊ ကိုယ်ဘယ်အချိန်အိမ်ပြန်လေ့ရှိတယ်၊ ပိတ်ရက်တွေဆို ဘယ်တွေသွားလေ့ရှိတယ် ဘယ်သူတွေနဲ့တွေ့လေ့ရှိတယ် ဆိုတာတွေကို status အဖြစ်တင်နေတာက ကိုယ့်အကြောင်းတွေကို လူအများသိအောင် share မိနေခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် status တင်မယ်ဆိုရင် သေချာစဉ်းစားပြီးမှ တင်ဖို့ကတော့ အရေးကြီးပါတယ်။

နောက်ပြီး ပိုအန္တရာယ်ရှိတာက ကိုယ်ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတာ၊ ရွှေတွေဘယ်လောက်ရှိတာ၊ တန်ဖိုးကြီးပစ္စည်းဘယ်လောက်ရှိတာကို ထုတ်ပြတာမျိုးပေါ့။ အရေးကြီးဆုံးက ကိုယ့်အားနည်းချက်လို ဖြစ်မယ့်အရာတွေကို လူတွေမြင်အောင် ထုတ်ဖော်ပြတာက အန္တရာယ်ကို ဖိတ်ခေါ်တာပဲ။​

တစ်ခု မှတ်မိထားရမှာက ကိုယ်တင်တာကို မြင်နိုင်တဲ့သူတွေကို ကန့်သတ်ထားတာမရှိရင် လူတိုင်းမြင်နိုင်တယ်ဆိုတာပဲ။ ဘ​ယ်လိုသတ်မှတ်ရမလဲဆိုတာကို နောက်ကျရင်ဆက်ပြောပြမယ်။ ကိုယ်က ကိုယ့်ကွန်ရက်ထဲမှာ ဘယ်သူတွေရှိနေတယ်ဆို အကုန်မမှတ်မိသလို ဘယ်သူတွေက ကိုယ့်တင်သမျှတွေကို မြင်နေမလဲဆိုတာကိုလည်းမသိနိုင်ဘူးလေ။ အဲ့တော့ အစကတည်းက ကိုယ့်ကိုအန္တရာယ်ဖြစ်လာနိုင်တဲ့ ဒီလိုကိစ္စတွေကိုမပြောတာက ဘေးအကင်းဆုံးပေါ့။

သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
ပညာလို အိုသည်မရှိ
အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
ကံကိုယုံ၍ ဆူးပုံမနင်းရာ
အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
Report လုပ်နည်းနဲ့ Block လုပ်နည်း
ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
ဒါသတင်းလား
သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
မသိသူကျော်သွား သိသူဖော်စား
အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
« Previous 1 2 3 4 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။