Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်

Posted on December 12, 2018September 11, 2020

အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်

ဇီးကွက်ရေ… ငါတောင် ဒီကွန်ရက်လောကမှာ ကျင်လည်လာတာ ဒီလောက် နှစ်ပေါင်းကြာနေပြီး နင့်လောက် မိတ်ဆွေမများဘူး။ နင်ဘယ်လိုများ လူတွေအများကြီးနဲ့ သိသွားရတာပါလိမ့်။

အင်တာနက်ပေါ်မှာ လူတွေက လူမှုကွန်ရက်ကိုသုံးကြတာ ရည်ရွယ်ချက်အမျိုးမျိုးရှိကြတယ်။ တစ်ချို့က ကိုယ့်ကိုယ့်ကို ကိုယ့်မိတ်ဆွေရင်းတွေနဲ့သာ ချိတ်ဆက်ပြီး နားအေးပါးအေး နေတတ်ကြတဲ့ သဘောရှိပေတယ်၊ တချို့ကတော့ ကိုယ့်ကိုယ်ကို ခြွေရံပေါင်းသင်းများနဲ့ ဝန်းရံနေတာကို သဘောတွေ့ မနော့ခွေ့တတ်ကြတယ်။ ဒါနဲ့ပက်သက်လို့ ဘယ်သူမှ အပြစ်မရှိဘူး။ လူဒိုင်းလူဒိုင်း၊ အဲ့ဟုတ်ပါဝူး မှားလို့၊ လူတိုင်းလူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။

အဲ့ဒီတော့ ကိုယ်က တစ်ခါတစ်ရံ ကိုယ်မသိတဲ့သူတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် ဆင်ခြင်ရမယ့် အချက်လေးတွေကို နှလုံးသွင်းထားရင် ဒုက္ခမရောက်ဘူးပေါ့ကွာ။ တစ်ခါတစ်လေ ကိုယ်က သူနဲ့ ပက်သက်ပြီး တစ်ခုခု သိနေတယ်လို့ ထင်မိတာမျိုး၊ မြင်ဖူးသလိုလို ထင်တာမျိုးနဲ့ ကိုယ်နဲ့အပြင်မှာ တကယ် မသိတဲ့သူတွေနဲ့ အမှတ်မထင် လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေဖြစ်သွားတတ်ကြတာမျိုးတွေ ရှိတယ်လေ။ အပြင်မှာ ကိုယ်က သူ့ကို မမြင်ဖူးရင်တောင်မှ အွန်လိုင်းပေါ်မှာ သူဘယ်သူဆိုတာ သေသေချာချာ သိနေရင် ကိစ္စအများကြီး မရှိပါဘူးလေ။​ တစ်ခါတစ်လေဆိုရင်တောင် ကိုယ်နဲ့သူ့ကြားက မိတ်ဆွေတူ (mutual friends) မရှိဘဲနဲ့ မိတ်ဆွေဖြစ်သွားကြတယ်ဆိုတာ သတိလေးတော့ပြုပါ။

တစ်ခါတစ်လေ အကောင့်တုတွေကိုလည်း သတိထားပါ။ အကောင့်တုတွေဆိုတာကတော့ အရင်တစ်ခေါက်က ပြောသလို ကိုယ်နဲ့လည်း အပြင်မှာ သေချာမရင်းနှီး၊ လူမှုကွန်ရက်ပေါ်မှာပဲ သူငယ်ချင်းစာရင်းထဲ ရောက်နေပြီး ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အကောင့်မျိုးတွေကို ပြောတာပါ။ ဘာပဲဖြစ်ဖြစ်လေ အွန်လိုင်းပေါ်မှာ အလုံခြုံဆုံးအပြုအမူကတော့ ဘယ်သူကပဲ ကိုယ့်ကို မိတ်ဆွေလာဖွဲ့ချင်တယ်ပြောပြော လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ လုံခြုံမယ်လေ။ အဲ့တော့ ဒီလူ့ကို လက်ခံသင့်၊ မခံသင့်ကို ကြိမ်ဖန်တစ်လဲလဲ စဉ်းစားဆင်ခြင်ပြီးမှ မိတ်ဆွေဖြစ်တာဆိုတာက ပညာရှိတို့ လုပ်ထုံးလုပ်နည်းပဲကွဲ့။

ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?
အင်တာနက်ဘော်ဒါမှာ Covid-19 နဲ့ပတ်သက်လို့ ဘယ်မှာသတင်းအမှန်နဲ့ သတင်းမြန်တာတွေကို ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။ Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင် အောက်မှာဖော်ပြထားတဲ့ Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ World Health Organization Myanmar (WHO) (https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr) ဒီPageမှာဆိုရင်
COVID ကာလမှာ စိုးရိမ်မှုတွေကဘာဖြစ်မလဲ?
Covid ကာလမှာ သတင်းမှားတွေနဲ့ ကောလာဟလတစ်ချို့ ထွက်နေတာကိုတွေ့ရှိရပါတယ်။ အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ လူကြီးလူငယ်မရွေး ကူးစက်ဖြစ်ပွားနေတဲ့ဒီကာလမှာ  ဘာတွေက ကောလာဟလတွေဖြစ်မလဲ။ ဘာတွေကိုစိုးရိမ်နေကြတာလဲ။ ဆိုတာကို ပြောဆိုဆွေးနွေးချင်ပါတယ်။ Covidနဲ့ ပတ်သတ်တဲ့ တစ်ချို့ကောလာဟလတွေကတော့  ၁။
1 2 3 … 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။