InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ

    မောင်မယ်တို့ရေ စာဥ ဒီကနေ့ နောက်ဆုံးပြောချင်တာကတော့ စာဥတို့ အင်တာနက်ပေါ်က အသိုင်းအဝိုင်းမှာ တွေ့နေရတဲ့ အမုန်းတရားတွေ အကြောင်းပါ။ လူတွေဟာ အွန်လိုင်းလောကဆိုတာ လက်တွေ့လောကနဲ့ မဆိုင်ဘူး၊ အွန်လိုင်းပေါ်မှာ လူကိုယ်တိုင်မမြင်ရလို့ လုပ်ချင်တာလုပ်၊ ပြောချင်တာပြောလို့ ရတယ်လို့ ထင်ရင် မှားသွားမယ်နော်။ အွန်လိုင်းပေါ်မှာ ကိုယ်တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်နဲ့ အပြုအမူတွေရဲ့ အမွေအနှစ်တွေကလာတဲ့ အကျိုးဆက်ကို ပြင်ပဘဝမှာ လူတိုင်းအပေါ် သက်ရောက် ခံစားရတယ်ဆိုတာ အနည်းနဲ့အများ ရှိပါတယ် မောင်မယ်တို့ရေ။

    ဒီကနေ့ စာဥတို့ လူ့အဖွဲ့အစည်းအတွက် စိတ်ပူစရာဖြစ်တာက အင်တာနက်ပေါ်မှာဆို လူကိုယ်တိုင်မမြင်ရတော့ လူတွေက ကိုယ်မကြေနပ်တဲ့အရာကို ဒေါသနဲ့ အားရပါးရပြောဆိုတာမျိုး၊ ဆဲဆိုတာမျိုး ဖြစ်တတ်ပါတယ်။​ အထူးသဖြင့် အဲ့လိုပြောဆိုတာက တစ်ဦးတစ်ယောက်ကို (သို့) အုပ်စုတစ်စုကို ရည်ရွယ်တာဆိုရင် သူတို့ကို ထိခိုက်နိုင်ပါတယ်။ တစ်ယောက်တလေက ပြောရာကနေ လူတွေအများကြီး ဝိုင်းစုပြုံပြောလာတဲ့အခါ အမုန်းတရားတွေကာ ပဲ့တင်ရိုက်ပြီး မေတ္တာတရားကို အခြေခံတဲ့ ယဥ်ကျေးမှုမဟုတ်တော့ပဲ မုန်းတီးတတ်တဲ့ ယဥ်ကျေးမှုဖြစ်လာမှာကို စိုးရိမ်မိပါတယ်။ အဲ့လိုနဲ့ ဒီခံစားချက်တွေနဲ့ အမြင်မှားတွေဟာ အင်တာနက်ပေါ်ကနေ အပြင်ကို စီးကူးသွားတဲ့အခါ ထိခိုက်မှုတွေ ဖြစ်ပေါ်လာတာပေါ့။ အနာဂတ်အတွက် မကောင်းဘူးနော်။

    အမုန်းစကားတွေဟာ အင်တာနက်မှာရှိတဲ့ လူတွေအများကြီး မြင်နိုင်တဲ့ လူမှုကွန်ယက်တွေပေါ်မှာ အဖြစ်များပါတယ်။​ ဥပမာ Facebook လိုပေါ့။ Facebookလို နေရာမှာ ပြဿနာက တစ်ခါတစ်လေ လူတွေအများကြီးမြင်တာ ပြဿနာပါပဲ။ ပြီးရင် အဲ့အကြောင်းအရာတွေကို လူတွေက ပြန်ဝေမျှရာကနေ ဖြန့်သလိုဖြစ်ပြီး ပြောတာထက် ပြန့်တာက ပိုးဆိုးရွားစေပါတယ်။ အဲ့တော့ ပြဿနာကို ပိုဆိုးလာတာပေါ့။

    အရင်တစ်ခေါက်က စာဥပြောခဲ့ဖူးတယ်နော်၊ Facebookက သူ့လူမှုကွန်ယက်စံနှုန်းအရ သူ့ပလက်ဖောင်းပေါ်မှာ အမုန်းစကားကို လက်မခံဘူးလို့။ သူ့သတ်မှတ်ချက်အရ အမုန်းစကားဆိုတာ စကားတစ်ခွန်းက လူတွေကို ခွဲခြားတဲ့၊ ဖယ်ထုတ်တဲ့၊ ခြိမ်းခြောက်တဲ့ ပတ်ဝန်ကျင်ကို ဖန်တီးပြီး အင်တာနက်ပြင်ပ လက်တွေ့ဘဝမှာ ထိခိုက်အန္တရာယ်ဖြစ်သွားစေရင် အမုန်းစကား ဖြစ်ပါတယ်တဲ့။ အမုန်းစကားဆိုတာ လူတွေရဲ့ ဝိသေသကို အခြေခံပြီး သူတို့ကို တိုက်ခိုက်တာကို ခေါ်ပါတယ်။ လူတွေရဲ့ ဝိသေသဆိုတာကတော့ သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ အသက်အရွယ်၊ အသားအရောင်​ နဲ့ ရုပ်အသွင်အပြင်၊ သူ့တို့ရဲ့ ဘဝနေထိုင်မှုပုံစံ၊ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊​ ယဉ်ကျေးမှု၊ ဓလေ့၊ အလေ့အထ၊ သူတို့ရဲ့ ဇာတိ၊ ဇာတ် (အတန်းအစား)၊ သူတို့လက်တွဲဖော်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ၊ လူတစ်ယောက်ရဲ့ မသန်စွမ်းမှုအခြေအနေနဲ့ နာမကျန်းမှု၊ ကျား,မ ဖြစ်တည်မှုနဲ့ ကျား,မ သတ်မှတ်မှု စတာတွေ အားလုံးကို သက်ရောက်ပါတယ်။ တိုက်ခိုက်တယ်ဆိုတာကတော့ သူတို့ကို လူမဆန်သော အခိုင်းအနှိုင်းတွေနဲ့ ပြောဆိုတာ၊ သူတို့ ကိုယ့်ထက်နှိမ့်ကျပါတယ်လို့ သတ်မှတ်ပြောဆိုတာနဲ့ သူတို့ကို ခွဲခြားဆက်ဆံဖို့ (သို့) သီးသန့်ခွဲခြားထားဖို့ လှုံ့ဆော်တာဖြစ်ပါတယ်။ ကဲစာဥတော့ ပြောရင်းနဲ့ စိတ်မချမ်းသာတော့ဘူး။ စာဥချစ်တဲ့ အင်တာနက် မောင်မယ်တို့အားလုံးကလဲ ဒီအလုပ်ကို လုပ်ကြမှာ မဟုတ်ဘူးဆိုတာ စာဥယုံကြည်ပါတယ်။ ကဲအဲ့တော့ မောင်မယ်တို့ ဖေ့စ်ဘုတ်မှာ ဒီလို အမုန်းတရားတွေ မပြောဆိုကြပဲ မြင်လိုက်ရင်လည်း ပါဝင်မဆင်နွဲကြဖို့နဲ့ ပြန့်မသွားစေဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆို မေတ္တာရပ်ခံ ပါရစေကွယ်ရို့။

    လူတွေက တစ်ဉီးနဲ့တစ်ဦး မတူညီတာကို မမုန်းပဲ လေးစားတယ်ဆိုတာက တိုးတက်ပြီး ​ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်းရဲ့ လက္ခဏာတစ်ခုပါ။ ဒီကနေ့ ဒီဂျစ်တယ်ခေတ်မှာ မျိုးဆက်သစ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရည်မွန်စွာ ပြုမူနေထိုင်ပြီး ပီယဝါစာ စကားတွေပဲ ပြောကြမယ်ဆိုရင် စာဥတို့ အွန်လိုင်းမှာကော် လက်တွေ့ဘဝမှာပါ သာယာလှပပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်ကြီးကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

    နောက်ဆက်တွဲအနေနဲ့ကတော့ ဖေ့ဘုတ်ပေါ်ကနေ ကိုယ့်ကို လာနှောင့်ယှက်နေတဲ့သူကို ဘယ်လို တားဆီးပြီး ကိုယ့်ရှေ့မှာ သူများကို နှောင့်ယှက်နေတာမြင်ရင် အဲ့ကောင်တွေကို ဘယ်လို ဗျင်းပစ်ရမယ်ဆိုတာကို တဆက်တည်းပြောပြမယ်။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.

Leave a comment

If you want to share your opinion, leave a comment.

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>