InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၆၊​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်

    ကဲ မောင်မယ်သစ်တို့ အွန်လိုင်းပေါ်မှာ အရင်တစ်ခေါက် လူမှုကွန်ရက်လို့ခေါ်တဲ့နေရာတွေ ပုံစံအမျိုးမျိုးရှိတယ်လို့ ပြောဖူးတယ်နော်။ အဲ့တော့ ဒီကွန်ရက်တွေကို ဘယ်သူမဆို တန်းတူ လက်လှမ်းမှီနိုင်တယ်။​ အများစုကတော့ ဇီးကွက်တို့ ပေါ်ဦးတို့လို သာမန် လူကောင်းတွေများပေမဲ့ တစ်ခါတစ်ရံ ဆိုးတဲ့လူတွေလည်း ရှိတတ်တယ်လေ။​ နောက်တစ်ခု ဇီးကွက်နားလည်ဖို့လိုတာက အွန်လိုင်းနဲ့ အပြင်မှာ မတူတဲ့အချက်က အွန်လိုင်းမှာ ကိုယ်လိုချင်တဲ့ ကိုယ့်ရဲ့ အသွင်သဏ္ဍာန်ကို ကိုယ်ကြိုက်သလို ဖန်တီးယူလို့ရတယ်။ သတ်မှတ်ချက်ဆိုတာမရှိဘူး။ အွန်လိုင်းမှာတော့ အပြင်က လူအတိုင်း တူရင်တူနိုင်သလို အဲ့လူက သူ့စိတ်ကြိုက် ကိုယ့်ကိုယ်ကို ပုံဖော်ဖန်တီးထားတဲ့ လူလည်းဖြစ်နိုင်တယ်။ တချို့က အွန်လိုင်းမှာ အမှန်အတိုင်း ကိုယ့်ကိုယ်ကို မဖော်ပြကြပဲ လိမ်ညာဖန်တီးထားတတ်သလို တချို့က အမှန်အတိုင်းဆိုပေမဲ့ အရာအများကြီးကို သိုဝှက်ထားတတ်ကြတယ်။​ တစ်ခါတစ်လေ တချို့က လူတွေကို လိမ်ညာလှည့်ဖျားလိုစိတ်မရှိပဲ သဘောရိုးနဲ့ အပျော်တမ်း လုပ်ကြတယ်ဆိုပေမဲ့ တချို့ အခြေအနေမျိုးတွေမှာတော့ မသမာလူတွေက ဒါကို အခွင့်ကောင်းယူ အသုံးချပြီး လူတွေကို ထိခိုက်အောင် ဒုက္ခပေးတတ်ကြတယ်နော်။​ အဲ့တော့ ဇီးကွက်ရေ ဒီအချက်က အွန်လိုင်းနဲ့ ပြင်ပ မတူတဲ့အချက်ဆိုတာကို နင် နှလုံးသွင်းဖို့လိုမယ်။

    အဲ့တော့ ဘော်ဒါတို့ရေ ဘော်ဒါတို့နေ့စဉ်သုံးနေတဲ့ လူမှုကွန်ရက်တွေပေါ်မှာ အကောင့်တု (fake accounts) တွေရှိနေတယ်ဆိုတာကို သတိထားမိကြပါ။ အကောင့်တုဆိုတာ အကြံအစည်တစ်ခုခုနဲ့ အကောင့်ကို ဖွင့်ပြီးတော့ မည်သူမည်ဝါ မဖော်ပြပဲ မှားယွင်းတဲ့ အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ လူတွေကို လိမ်ညာလှည့်ဖြားဖို့ လုပ်ထားတဲ့ အကောင့်တွေပဲ ဖြစ်ပါတယ်။

    အဲ့လိုအကောင့်တွေက အွန်လိုင်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေနိုင်တယ်။ ခုချိန်မှာ အဲ့လို အကောင့်တုတွေကလည်း မှိုလိုပေါက်လာတာမို့ အကောင့်တုတွေဆိုတာကို သတိမထားမိပဲ မောင်မယ်တို့ ကိုယ်ပိုင်အချက်အလက်တွေကို တစ်ဖက်သူကို ပြောပြမိတာမျိုး၊ ကိုယ့်ရဲ့ပုံတွေကို ပေးမိတာမျိုး မဖြစ်စေအောင် သတိထားကြနော်။ တစ်ခါတစ်လေ အဲ့အကောင့်တွေက ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်တာမျိုး မဟုတ်ဘူးဆိုရင်တောင်မှ သူတို့ လုပ်နေတဲ့ ရည်ရွယ်ချက်ထဲမှာ ကိုယ်ကပါ ရောယောင်ပြီး ပါသွားတတ်ကြပါတယ်။ ဥပမာ ပြောရရင် ကိုယ်ကအချက်အလက်အမှားတွေ ဖြန့်တဲ့အခါ ကိုယ်က အဲ့အရာတွေလိုမှားနေမှန်း မသိဘူးဆိုရင် ကိုယ်ကပါ ရောယောင်ပြီး မှားဖြန့်မိတတ်ပါတယ်။ ဒါမှမဟုတ် သူတို့ သိမ်းသွင်းတဲ့ထဲ ပါသွားတတ်ပါတယ်။

    ပြီးတော့ Fake accounts တွေနဲ့ ကိုယ့်ကို မဟုတ်တရုတ်ပုံတွေ၊ စာသားတွေ၊ ဗီဒီယိုတွေ ပို့တာတွေ လုပ်နိုင်ပါတယ်။ ကိုယ်က လက်မခံပဲ တစ်ခုခုပြန်ပြောမိတာမျိုးဆို ကိုယ်တင်ထားတဲ့ကိုယ့်ပုံတွေနဲ့ ပြန်ပြီးခြိမ်းခြောက်တာမျိုးတွေ၊ ပိုက်ဆံညှစ်တာမျိုးတွေ အများကြီးရှိတာမို့ တော်တော်ကိုမှ သတိထားကြဖို့လိုပါမယ်။

    ဒါကြောင့် ဇီးကွက်ရေ ဘယ်ကလာမှန်း ဘယ်သူဘယ်ဝါမှန်း သေချာမသိဘူးဆိုရင် အပေါင်းအသင်းမလုပ်တာ အကောင်းဆုံးပဲ။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.