Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

လမ်းဆုံက လူမှုကွန်ရက်

Posted on December 12, 2018September 11, 2020

အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်

ဇီးကွက်ရေ အရင်တစ်ခေါက်က ပြောခဲ့သလို လူမှုကွန်ရက်ဆိုတာ အင်တာနက်ပေါ်က ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေ ဒီနည်းပညာကို သုံးကြတဲ့ အဓိကအကြောင်းအရင်းကြီး တစ်ခုလည်း ဖြစ်တယ်။ အင်တာနက်ကြောင့်လည်း ဒီခေတ်မှာ လူတွေအချင်းချင်း အများကြီး ထိတွေ့ဆက်ဆံလာဖြစ်ကြတယ်။

Facebook ကဲ ပထမဆုံးက Facebook ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်။ ပြည်မြန်မာကြီးမှာတော့ သူက နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ကွန်ရက်တစ်ခုပါပဲ။ Facebookပေါ်မှာ ရောက်နေတဲ့ ကိုယ့်မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ကသွားချိတ်ဆက်လို့ရပြီး သူတို့ ကိုယ့်ရဲ့ အကြောင်းကို စကား၊ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ အားလုံးကို တစ်ချိန်တည်းမှာပဲ ပြောပြလို့ရတယ်။ အဲ့ဒီမှာ… သိသင့်တဲ့ အချက်တစ်ချက်ကတော့ ကိုယ်ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲ friends only ဆိုတဲ့ ရွေးချယ်ပြီး ဖော်ပြထားရင် ကိုယ့်အသိုင်းအဝိုင်းထဲက လူတွေပဲ မြင်ရတာလုပ်ထားလို့ရသလို public ဆိုပြီး ဖော်ပြထားရင် အင်တာနက်ပေါ်မှာ အဲ့ဒါကို ဘယ်သူမဆို မြင်နိုင်တယ်ဆိုတဲ့ အချက်က သိထားသင့်တယ်။ အဲ့လိုမျိုးရတယ်ဆိုတကာ အသုံးပြုသူတစ်ယောက်က သူ့ရေးကိုယ်တာကိစ္စကိုပဲ သူ့သူငယ်ချင်းတွေကြားမှာပဲ ပြောချင်တာ ဆိုရင်လည်း အဆင်ပြေအောင်၊ အဲ့လိုမဟုတ်ပဲ Facebook ပေါ်မှာ လူသန်းပေါင်းများစွာ ရှိတဲ့အချက်ကို အသုံးချပြီး ကိုယ်ပြောမယ့် အရာက လူတိုင်းသိသင့်တယ်လို့ထင်လို့ လူတိုင်းသိနိုင်အောင် public အနေနဲ့ ပြောရင်လည်း ရအောင် Facebook လုပ်ပေးထားတာပါ။

အဲ့ဒီအခါ သူများတွေ လုပ်ထားတဲ့အကြောင်းအရာကို ကိုယ့်ကဝေမျှပြီး ကိုယ့်သူငယ်ချင်းတွေမြင်ရအောင် လုပ်တယ်ဆိုရင် ကိုယ် public နဲ့ ရေးတာကိုလည်း သူများက အဲ့လိုပြန်ဝေမျှလို့ရတယ်။ အဲ့လိုနဲ့ ဒီ Facebook လက်ဖက်ရည်ဆိုင်ကြီးမှာ အကြောင်းအရာတွေက အများကြီး ရှိနေတာပေါ့။ အကြောင်းအရာထုတ်လုပ်တဲ့သူတွေကလည်း ဇီးကွက်လို သာမန်သူတွေ ရှိသလို သတင်းဌာနတွေ၊ စျေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ အစရှိရှိသမျှ အားလုံးက ပြုလုပ်ချင်တဲ့အကြောင်းအရာ၊ ပြောချင်တဲ့ အကြောင်းအရာတိုင်းကို ကိုယ်ပိုင် စာမျက်နှာ (page) ဒါမှမဟုတ် profile တွေနဲ့ ရေးထားကြတာပေါ့။ အဲ့တော့ ကမ္ဘာပေါ်မှာ Facebook သုံးတဲ့လူ လူသန်း ၂ ထောင် ကျော်လောက်က ပြုလုပ်တဲ့ အကြောင်းအရာတွေဆိုရင် နင်စဉ်းစားကြည့်တော့။ အဲ့ထဲမှာ public လုပ်ထားတဲ့အကြောင်းအရာကို နင်အကုန်မြင်နိုင်တယ်။ အဲဒီတော့ အဲ့လောက်လူတွေများလွန်းတာ လူကောင်းတွေအများကြီးပါသလို လူဆိုးတွေကလည်း မကောင်းတဲ့အကြောင်းအတွေ၊ သူများကို ထိခိုက်စေမယ့်အကြောင်းတွေရေးတင်နေကြတာ ရှိနိုင်တာပေါ့။ အဲ့တော့ ဇီးကွက် နင်တွေ့သမျှကို ယုံလို့မရဘူး။ အထူးသဖြင့် ကိုယ်မသိတဲ့လူတွေဆီက လာတာတွေဆိုရင် ပိုသတိထား ဆင်ခြင်ရမှာပေါ့။

Twitter Twitter ဆိုတာ သတင်းအတိုအဆလေးတွေ၊ ကိုယ့်ရဲ့အတွေးအမြင်အတိုအဆလေးတွေကို လူတွေအများကြီးဆီကို မြန်မြန်ရောက်အောင် ပို့ဆောင်ပေးတဲ့ ကွန်ရက်တစ်ခုပေါ့။ အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းလေလေ၊ လူများများဆီ ပြန့်လေလေပေါ့။ အဲ့တော့ Twitter ရဲ့ သဘောသဘာဝကတော့ ကိုယ်ဘာပြောပြော လူတိုင်းမြင်နိုင်အောင် လုပ်ပေးထားတာပါ။ ကိုယ်ပြောတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတွေက ကိုယ့်ကို လာ follow လုပ်လို့ရတယ်။ အဲ့လူတွေကို ကိုယ့်ရဲ့ follower တွေလို့ ခေါ်တာပေါ့။ ကိုယ်ကလည်း သူများကို အဲ့လိုပဲ ပြန်လုပ်လို့ရတယ်။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ကို follow လုပ်မဲ့သူတွေကို ကိုယ့်ခွင့်ပြုမှ follow လုပ်လို့ရအောင် လုပ်ထားမယ်ဆိုရင်တော့ ထိန်းချုပ်လို့ရတယ်။ ဒါပေမဲ့ Twitter ရဲ့ သဘောသဘာဝအရတော့ ကိုယ်တင်သမျှအရာကို လူတိုင်း ယူလို့ရတယ်၊ ကြည့်လို့ရတယ်ဆိုတာ သတိမူကြလေ။

Instagram Instagram ဆိုတာကလည်း Twitter လိုပါပဲ။ သူကတော့ ပုံတွေအဓိကတင်ရတဲ့ကွန်ရက်ပေါ့။ သူ့ရဲ့အဓိပ္ပါယ်ကတော့ “ချက်ချင်းရိုက် ချက်ချင်းတင်” တဲ့။ ကိုယ်ရိုက်ထားတဲ့ ပုံလှလှလေးတွေ လူတွေအများကြီးကို ပြဖို့ လုပ်ထားတဲ့ သဘောသဘာဝပေါ့။ သူကလည်း Twitter လိုပဲ ကိုယ့်ပုံတွေ ကြည့်ချင်တဲ့သူတွေက လာ follow လုပ်လို့ရသလို ကိုယ်ကလည်း သူများပုံတွေကို ကြည့်ချင်ရင် follow သွားလုပ်လို့ရပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပုံကို လူတိုင်းမမြင်စေချင်ရင် ကိုယ့်ကို follow လုပ်မယ့် သူတွေကို ကိုယ်ခွင့်ပြုမှ follow လုပ်လို့ရအောင် ကိုယ်ထိန်းချုပ်လို့ရတယ်။ Twitter နဲ့ မတူနဲ့ အချက်ကတော့ ကိုယ့်ရဲ့ပုံတွေကို သူများတွေက ပြန် Share လို့မရပါဘူး။ ဒါပေမဲ့ တစ်ချို့တွေကတော့ screenshot ရိုက်ယူပြီး ပုံတွေယူထားနိုင်တာမို့ ကိုယ့်ပုံတွေကို စိစစ်ပြီးမှ တင်သင့်တယ်နော်။

COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?
အင်တာနက်ဘော်ဒါမှာ Covid-19 နဲ့ပတ်သက်လို့ ဘယ်မှာသတင်းအမှန်နဲ့ သတင်းမြန်တာတွေကို ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။ Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင် အောက်မှာဖော်ပြထားတဲ့ Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ World Health Organization Myanmar (WHO) (https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr) ဒီPageမှာဆိုရင်
COVID ကာလမှာ စိုးရိမ်မှုတွေကဘာဖြစ်မလဲ?
Covid ကာလမှာ သတင်းမှားတွေနဲ့ ကောလာဟလတစ်ချို့ ထွက်နေတာကိုတွေ့ရှိရပါတယ်။ အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ လူကြီးလူငယ်မရွေး ကူးစက်ဖြစ်ပွားနေတဲ့ဒီကာလမှာ  ဘာတွေက ကောလာဟလတွေဖြစ်မလဲ။ ဘာတွေကိုစိုးရိမ်နေကြတာလဲ။ ဆိုတာကို ပြောဆိုဆွေးနွေးချင်ပါတယ်။ Covidနဲ့ ပတ်သတ်တဲ့ တစ်ချို့ကောလာဟလတွေကတော့  ၁။
အင်တာနက်ငွေကြေးနှင့်လူမူဘဝ
အင်တာနက်မှာဆိုရင် အများကြီးအထောက်ကူပြုတဲ့လုပ်ဆောင်ချက်တွေထဲမှာမှ ငွေလွှဲ တာလဲတစ်ခုအပါဝင်ပါပဲ။ အွန်လိုင်းပေါ်ကနေတစ်ဆင့်ဘဏ်လုပ်ငန်းစဥ် လုပ်ဆောင်မူတွေကို Mobile Bankingလို့ ခေါ်ပါတယ်။ Mobile Banking မှာအဓိကလုပ်လို့ရတာကတော့ ကိုယ်တိုင်ကိုယ်ကျဘဏ်ကိုသွားစရာမလိုပဲ လွယ်လွယ်ကူကူနဲ့ တစ်ဖက်ကိုပိုက်ဆံလွှဲလို့ရတာပဲဖြစ်ပါတယ်။ Mobile Banking ဖြင့်လုပ်ဆောင်နိုင်သော အကျိုးကျေးဇူးများကတော့ -
ပိုက်ဆံအလိမ်မခံရအောင်သတိပြုကြရန်
မထွေးနဲ့ ဦးကိုဆို တဲ့လင်မယားနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်က Covid ကာလကြီးမှာ အလုပ်တွေကလည်းအဆင်မပြေ၊ သားသမီးတွေကလည်း သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့၊ သူတို့မှာ အင်မတန်ကိုရုန်းကန်ကြရပါတယ်။ တစ်ရက်တော့ ဦးကိုကစိတ်ပြေလက်ပျောက် အင်တာနက်သုံးရင်းနဲ့ Facebook ပေါ်မှာ ၁ သိန်းသွင်း ရင်
Privacy ဆိုတာကိုဘယ်လိုနားလည်ထားလဲ?
Privacy ဆိုတာဘာလဲ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အရာတွေကို သတိမပြုမိပဲနဲ့ လူမှုကွန်ယက်ပေါ်မှာတင်ဖြစ်တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ privacy ကို အ‌လေးမထားမိခြင်းကြောင့် မသမာသူတွေနဲ့ သူစိမ်းတွေက အလွယ်တကူရယူနိုင်ပါတယ်။ တကယ်တော့ privacy ဆိုတာ ကိုယ့်ရေးကိုယ်တာကိစ္စဖြစ်ပြီး အရာရာဟာ သူများနဲ့မမျှ‌ဝေသင့်တဲ့အရာတွေဖြစ်ပါတယ်။
မိမိကိုယ်တိုင် Cyberbullying လုပ်မိနေပြီလား?
Cyberbullying ဆိုတဲ့အကြောင်းကို ဒီတစ်ခါ မိတ်ဆွေတို့ကိုမျှ‌ဝေပေးချင်ပါတယ်။ အခုလို အင်တာနက်ခေတ်ကြီးမှာ မိတ်‌ဆွေတို့ကိုယ်တိုင် cyber bullying လုပ်နေမှန်းမသိတာမျိုးနဲ့သတိမပြုမိတာမျိုးဖြစ်နိုင်ပါတယ်၊ အဲ့ဒါကြောင့်လည်း သိပြီးသားသူတွေအတွက်ရော reminder အနေနဲ့ဖြစ်ဖြစ်၊ မသိသေးသူတွေအတွက်ပါ ဒီစာလေးကိုရေးပေးလိုက်ပါတယ်။ အဲ့ဒီတော့ cyberbullying ဆိုတာ မြန်မာလိုဘာသာပြန်မယ်ဆိုရင်
Cyber Grooming နှင့် Sexual Harassment တို့ကိုသတိပြုရန်။
Cyber Grooming နှင့် Sexual Harassment ဆိုတဲ့အကြောင်းလေးကို မျှ‌ဝေသွားချင်ပါတယ်။ Cyber Grooming ဆိုတာ များသောအားဖြင့် အသက်ပြည့်ပြီးသူလူကြီးက ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို လူမှုကွန်ယက်ကတဆင့် ဆက်သွယ် မိတ်ဆွေဖွဲ့ကာ ရင်းနှီးမှုရယူပြီး၊ ကလေးနဲ့ခင်မင်အောင်ကြိုးစားတည်ဆောက်တာမျိုးဖြစ်ပါတယ်။
GoogleMeet အကြောင်းလေ့လာကြမယ်
Zoom လိုပဲအသုံးပြုနိုင်တဲ့ Google Meet နဲ့မိတ်ဆက်ပေးချင်ပါတယ်။    ပထမဆုံးအနေနဲ့ Google Meet သုံးဖို့ဆိုရင် အရင်ဆုံး Gmail  ရှိရမှာဖြစ်ပါတယ်။ ဒီ Google Meetဟာဆိုရင်လည်း သင်တန်းတွေပို့ချလို့ရသလို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြောနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင် Meet.google.com
Zoom အကြောင်းလေ့လာရန်
အခုလို Covid ကာလအတွင်းမှာလည်း ကဏ္ဍအသီးသီးမှာလည်ပတ်လျက်ရှိတဲ့ ယန္တရားတွေ ရပ်တန့်မသွားဖို့ လူမှုရေး၊ စီးပွားရေးအစရှိတဲ့ အရေးကြီးတာတွေလုပ်နိုင်ဖို့ နည်းပညာအကူအညီအဖြစ် Zoom ကို အသုံးပြုကာ ဆက်လက်ဆောင်ရွက်နိုင်တဲ့၊ အသုံးပြုသင့်တဲ့ နည်းပညာ tool တစ်ခုဖြစ်တဲ့ Zoom အကြောင်းကိုလည်း
Skype အကြောင်းသိကောင်းစရာ
Skype ရဲ့ အရေးပါပုံ နဲ့ Skype ကိုဘယ်လို အသုံးပြုရမလဲဆိုတဲ့အကြောင်းကို ဒီတစ်ခါ ပြောပြ ချင်ပါတယ်။ Skype က၂၀၀၃ ခုနှစ်မှာ ပေါ်ပေါက်လာပြီး ဆယ်စုနှစ်   နှစ်ခုနီးပါးကိုအောင်မြင်မှုတွေဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်သွယ်​ရေး Application ဆရာကြီးလို့ပြောရင်လည်းမမှားပါဘူး။ Skype
« Previous 1 2 3 4 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။