InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်

    မောင်မယ်တို့ရေ အင်တာနက်ပေါ်မှာ လူမှုကွန်ယက်မျိုးစုံရှိတယ်ဆိုတာကို စာဥတို့ရဲ့ ဘော်ဒါကြီး ပေါ်ဦး တစ်ခုပြောဖူးတာ မှတ်မိလား။ ဖေ့စ်ဘုတ်ဆိုတာက လူတွေအများဆုံးသုံးကြတဲ့ လူမှုကွန်ယက်တွေထဲက တစ်ခုပဲပေါ့။ တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘုတ်ကို အသုံးပြုသူ သန်းနှစ်ထောင် လောက်ရှိပြီး စာဥတို့ မြန်မာနိုင်ငံမှာလည်း ခန့်မှန်းခြေ ၁၈ သန်းလောက် အကောင့်တွေရှိတယ်လို့ပြောကြတယ်။ အဲ့တော့ လူမှုကွန်ယက်ဆိုတာ လူတွေတည်ဆောက်ထားတဲ့အရာ မဟုတ်လားကွယ်။ အဲ့တော့ လူ့အသိုင်းအဝန်းနဲ့ အပြင်မှာနေရင် လူ့စည်းလူ့ဘောင်ဆိုတာ ရှိသလို လူမှုကွန်ယက်ပေါ်မှာလည်း သူ့စည်းသူ့ဘောင်နဲ့ရှိကြတယ်။ အဲ့ဒါမှပဲ လူတွေအတူတကွ တည်ဆောက်ထားတဲ့အရာတွေဟာ ဖရိုဖရဲ မဖြစ်မှာပေါ့။ ကဲဒီတစ်ခေါက်တော့ အင်တာနက်မှာ လူမှုကွန်ယက်တွေအသီးသီးက သူတို့ သတ်မှတ်ချက်တွေ အမျိုးမျိုးရှိတဲ့အထဲမှ​ စာဥကနေ ဖေ့စ်ဘုတ်ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ပြောမယ်နော်။

    နေ့တိုင်းနေ့တိုင်း လူတွေက သူတို့ရဲ့ ဘဝဖြစ်စဉ်တွေ၊ အမှတ်တရတွေကို သူငယ်ချင်းဆီကို မျှဝေဖို့၊ ဗဟုသုတွေနဲ့ အခြားတွေရဲ့ အမြင်ကနေတစ်ဆင့် ကမ္ဘာကြီးကို ကြည့်ဖို့ Facebook ကို သုံးပြီး နေ့စဉ်နဲ့ အမျှစာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ အကြောင်းအရာမျိုးစုံတင်လာကြပါတယ်။ အရမ်းများလာပြီး လူပေါင်းစုံက ပြောက်သောက်တွေ တင်လာကြတော့ ကောင်းတဲ့အရာတွေများသလို မကောင်းတာတွေပါ ရောပါလာတော့ Facebook မှာ တင်ဖို့ ခွင့်ပြုမည့်အရာ ခွင့်မပြုမည့်အရာများကို သတ်မှတ်ထားရတော့တယ်လေ။ ဒါမှာ အားလုံး စိတ်ချမ်းသာစွာနဲ့ သုံးလို့ရမယ်လေ။

    သူတဲ့ လူမှုကွန်ယက် စံချိန်စံညွှန်းများကို Facebook က ဒီနေရာမှာ လိုရင်းတိုရှင်းနဲ့ ပြဌာန်းထားပါတယ်။ မြန်မာလိုဖတ်ချင်ရင် ကိုယ့် အကောင့်ရဲ့ settings မှာ မြန်မာလို့ပြောင်းလိုက်ရင် ရပါတယ်။ သူ့ရဲ့ စံနှုန်းတွေက ကမ္ဘာအနှံ့မှာရှိတဲ့ ဖေ့ဘုတ်ပေါ်ကိုတင်ထားတဲ့ အကြောင်းအရာအမျိုးအစား အားလုံးကို အကျိုးသက်ရောက်ပါတယ်။

    စာဥ အကျဥ်းချုဉ်း ပြန်ရှင်းပြရရင်တော့ သူက ခေါင်းစဥ်ငါးခုနဲ့ ပိုင်းခြားသတ်မှတ်ထားပါတယ်။

    ၁) “အကြမ်းဖက်မှုနှင့် ဒုစရိုက်မှုများ” ခေါင်းစဉ်အောက်မှာတော့ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ အကြမ်းဖက်မှုတွေ၊ အန္တရာယ်ရှိတဲ့ လူတွေနှင့် အဖွဲ့အစည်းတွေ၊ ရာဇဝတ်မှု၊ ပြစ်မှုတွေကို အားပေးအားမြောက်လုပ်တာ သို့မဟုတ် လူသိရှင်ကြား သတင်းလွှင့်တာ၊ လှုံဆော်တာ၊ ဆော်သြတာ၊ ပြီးတော့ ဒုစရိုက်လုပ်ငန်း၊ သူတစ်ပါး ထိခိုက်နစ်နာစေမယ့်အလုပ်ကို ညှိနှိုင်းတာ၊ စီစဉ်ဆောင်ရွက်တာ စတာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ အဲ့ဒီ အရာတွေကို ပြုလုပ်ဖို့ ကုန်ပစ္စည်းတွေ လက်နက်တွေ ရောင်းချတာကိုလည်း တားမြစ်ထားပါတယ်။

    ၂) “လုံခြုံမှု” အပိုင်းမှာတော့ မိမိကိုယ်ကို လုံခြံုမှုနဲ့ တခြားသူကလာထိခိုက်မှာကို ကာကွယ်ဖို့ လုံခြုံမှုဆိုပြီး နှစ်ခုရှိပါတယ်။ ပထမကတော့ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ မိမိကိုယ်ကိုနာကျင်အောင်လုပ်ဆောင်မှုနဲ့ ပက်သက်တာတွေကို ဖော်ပြတာတွေကို တားမြစ်ထားပါတယ်။

    ဒုတိယအနေနဲ့ လုံခြုံရေးကာကွယ်မှုထဲမှာ ကလေးသူငယ်တွေရဲ့ အဖော်အချွတ်နှင့် ကလေးငယ်များအပေါ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုထ်တာကို ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ကျူးလွန်သူတွေကို ဖေ့စ်ဘုတ်က သူ့ပလက်ဖောင်းကနေ တစ်သက်တာ တားမြစ်တာတွေ လုပ်ပစ်ပါလိမ့်မယ်။

    နောက်ပြီးတော့ Facebook က လိင်ပိုင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းအမြတ်ထုတ်ဖို့အတွက် ေဆွေးနွေးတာ သို့မဟုတ် အာရုံစိုက်လာအောင်လုပ်တာကို သူ့ပလက်ဖောင်းကန ပြုလုပ်တာကို တားမြစ်ထားပါတယ်။

    နောက်းဆုံး လုံခြံုမှုအတွက်တော့ စာဥ အရင်တခါက ပြောခဲ့သတဲ့ နှောင့်ယှက်ခြင်းပုံစံအမျိုးမျိုး အကျုံးဝင်တဲ့ အနိုင်ကျင့်ခြင်း၊ ထိပါးနှောင့်ယှက်ခြင်း၊ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ချိုးဖောက်ခြင်း စတဲ့ အမျိုးအစားအားလုံးကို တားမြစ်ထားပါတယ်။

    ၃) “ကန့်ကွက်နိုင်သောအကြောင်းအရာ” ကဏ္ဌမှာတော့ ဖေ့စ်ဘုတ်က သူ ပယ်ဖျက်ခွင့်ရှိတဲ့ အကြောင်းအရာ ၄ မျိုးကို သတ်မှတ်ထားပါတယ်။

    ပထမတစ်ခုကတော့ အမုန်းစကား တွေပါ။ လူတစ်ဦး (သို့) လူအုပ်စုတစ်ခုကို ရည်ရွယ်ပြီး တိုက်ရိုက်ညွှန်းဆိုကာ သူတို့ရဲ့ ဝိသေသတွေကို အခြေခံကာ ထိခိုက်နာကျင်အောင် ပြောဆိုမှုကို အမုန်းစကားလို့ သတ်မှတ်ပါတယ်။ အမုန်းစကား အပြောခံရတဲ့သူကို ကိုယ်တိုင် ထိခိုက်အောင် မပြုလုပ်လည်း သူများတွေက လုပ်သွားအောင် လှုံဆောင်ပေးတာကလည်း အမုန်းစကား အကျုံးဝင်ပါတယ်။

    ဒုတိယကတော့ အကြမ်းဖက်မှုနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ပိတ်ပင်ထားပြီး သွေးထွက်သံယိုနဲ့ အနိဋ္ဌာရုံတွေကို အဆင့်ဆင့် သတ်မှတ်ထားပါတယ်။ သာမှန်အဆင့် သွေးထွက်သံယိုနဲ့ ထိခိုက်မှုနဲ့ ပက်သက်တဲ့အကြောင်းအရာကို သတိပေးအမှတ်အသားနဲ့ လူတိုင်းမမြင်ရအောင်ပြုလုပ်ထားပေးပြီးတော့ ဆိုးရွားတဲ့ အနိဋ္ဌာရုံတွေကိုတော့ ခွင့်မပြုပါဘူး။

    တတိယအနေနဲ့ အဖော်အချွတ်နှင့် ညစ်ညမ်းအကြောင်းအရာတွေကို တင်တာတွေကိုလည်း ခွင့်မပြုပါဘူး။

    နောက်ဆုံးတစ်ခုကတော့ ရက်စက်မှုနှင့် စာနာစိတ်ကင်းမှုနဲ့ ပက်သက်တဲ့ အကြောင်းအရာပါ။ သူတစ်ပါး တိုက်ခိုက်ခံရနိုင်တဲ့ အားနည်းချက်တွေကို အခြေခံပြီး ပစ်မှတ်ထားတာ ဒါမှဟုတ် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ခံစားမှုဆိုင်ရာ ထိခိုက်နစ်နာမှုများ ခံစားခဲ့ရသူတွေကို ပစ်မှတ်ထားတဲ့ အကြောင်းအရာများတွေကို ရက်စက်မှုနှင့် စာနာစိတ်ကင်းမဲ့တဲ့ အကြောင်းအရာများလို့ သတ်မှတ်ထားပြီး လက်မခံပါဘူး။

    ၄) “ဂုဏ်သိက္ခာနှင့် စစ်မှန်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ အမှိုက်သရိုက် အကျိုးမရှိ အကြောင်းအရာတွေ၊ သူများယောင် ဟန်ဆောင်တာ၊ အတုပပြုလုပ်တယ်နဲ့ သတင်းအတုအယောင် အလိမ်အညာများကို ဖေ့စ်ဘုတ်က ဖယ်ရှားပစ်ပါလိမ့်မယ်။

    ၅) “ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်ကို လေးစားခြင်း” မှာတော့ သူများပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို ခွင့်ပြုချက်မရပဲသုံးတာ၊ ခိုးယူတာ၊ အလွဲသုံးစားလုပ် အမြတ်ထုတ်နဲ့ ပက်သက်ပြီး ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်နဲ့ အရေးယူတာပဲဖြစ်ပါတယ်။

    ကဲဒီလောက်ဆိုရင်တော့ ဖေ့စ်ဘုတ်က သူ့လူမှုကွန်ယက် အသိုက်အဝန်းမှာ ဘာတွေကို လက်မခံဘူးဆို အကြမ်းဖြင်းတော့ သဘောပေါက်လောက်ပြီနော်။​

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.

Leave a comment

If you want to share your opinion, leave a comment.

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>