Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

ဘယ်သူမပြု မိမိမှု

Posted on December 12, 2018September 11, 2020

အပိုင်း ၄။ ဘယ်သူမပြု မိမိမှု

ဟဲ့ ဇီးကွက်ရေ။ လူမှုကွန်ရက်ဆိုတဲ့ နေရာက အင်တာနက်ပေါ်မှာ ရှိတယ်နော်။ အင်တာနက်ဆိုတဲ့ သဘောက ကိုယ် တစ်ခုခုတင်လိုက်တာနဲ့ အဲ့အရာက အင်တာနက် တစ်နေရာရာမှာ အမြဲတမ်း ကျန်နေတတ်သကွဲ့။ ဘာကြောင့် အဲ့လို ဖြစ်နိုင်လဲဆိုတော့ ကိုယ်တစ်ခုခု အင်တာနက်ပေါ်မှာ တင်ခဲ့တာ၊ ပြောခဲ့တာကို ကိုယ်က ပြန်ဖျက်လိုက်ရင်တောင်မှ တစ်ယောက်ယောက်က သိမ်းထားခဲ့ရင် သူတို့တွေဆီမှာ ကျန်နေမှာ မျိုးလေ။ အဲ့အချက်အလက်တွေက သူတို့ရဲ့ ဖုန်းထဲမှာ ကျန်သွားရင်ကျန်၊ မဟုတ်ရင် အင်တာနက် တစ်နေရာမှာ ကျန်နေနိုင်တယ်။ ကိုယ်ပြောသမျှ အရာရာတိုင်းက အင်တာနက်ပေါ်မှာ သမိုင်းတွင်တတ်လို့ အကျွန်ုပ် မြင်တယ်။

တစ်ချို့ လူမှုကွန်ရက်ဆိုတာက ကိုယ့်ကွန်ရက်ထဲမှာ ကိုယ်သိတဲ့လူတွေပဲ ရှိအောင်ထားလို့ရပေမဲ့ တစ်ချို့ကတော့ လူများများ မြင်လို့ရအောင် လုပ်နိုင်တဲ့ သဘောသဘာဝတွေ ရှိတယ်လေ။ အဲ… အထူးသဖြင့် ဇီးကွက်သွားသွားနေတဲ့ Facebook ဆိုတဲ့ နေရာကြီးဆိုရင် နင့်သူငယ်ချင်းနဲ့ မိသားစုတွေ တင်မကဘူး၊ တစ်လောကလုံးကို ချိတ်ဆက်လို့ရမယ့် အခွင့်အရေးမျိုးကို ပေးထားတယ်။ ဘယ်သူတွေနဲ့ ချိတ်ဆက်မယ်ဆိုတာက နင့်သဘောပါလေ။ ဒါပေမယ့် တကယ်လို့ နင့် Facebook ထဲက အပြင်မှာ ကိုယ်တကယ် အကြောင်းမသိတဲ့ လူတွေ ပါနေရင် တော်ကြာ သူတို့ထဲက တစ်ယောက်ယောက်က မကောင်းကြံချင်ရင် နင်ဂိပြီပေါ့။ အဲ့ဒါဆို နင်ဘယ်လိုလုပ်မလဲ။​ အပြင်နဲ့ နှိုင်းယှဉ်ပြောရရင် Facebook ဆိုတဲ့ လူမှုကွန်ရက်ဆိုတာက ကွန်ရက်ထဲမှာ ကိုယ်မသိတဲ့သူတွေပါတဲ့အခါ နင့်အပြင် လူကြားသူကြားထဲမှာ ကိုယ့်အကြောင်းကို ပြောနေသလို၊ ကြေညာနေသလိုပဲပေါ့။ အဲ့တော့ လူတကာရှိတဲ့ နေရာမှာ နင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြောမလား။

လူမှုကွန်ရက်ပေါ်မှာ ဘေးကင်းလုံခြုံတယ်ဆိုတာ ကိုယ်ပြောမယ့် အကြောင်းအရာက ဒီလူမှုကွန်ရက်ပေါ်မှာ ပြောသင့်၊ မပြောသင့်ကို ဆင်ခြင်သုံးသပ်တတ်တာကို ခေါ်တာပေါ့။ ဥပမာ ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ တန်ဖိုးရှိတဲ့ဟာတွေကို ဘယ်နားမှာ သိမ်းထားလဲဆိုတာ ထုတ်ကြွားမလား။ ကိုယ့်မှာရှိတာတွေကို လိုချင်တဲ့သူတွေ၊ ကိုယ့်ကို ရန်ရှာချင်တဲ့ သူတွေသာ သိသွားရင် အန္တရာယ်ပေါ့။ ကိုယ်ဘယ်မှာ ရှိနေတယ်၊ ဘယ်ရောက်နေတယ် ဆိုတာတွေ၊ ကိုယ့်ရဲ့ အားနည်းချက်တွေက ဘာဆိုတာတွေကို ကိုယ့်ကို ဒုက္ခပေးချင်တဲ့သူတွေက သိသွားရင် ကိုယ့်အတွက် အန္တရာယ်ပေါ့။ ဥပမာ Facebook က ကိုယ့်ရဲ့ About နေရာမှာ လူတိုင်းမြင်နိုင်တဲ့ ကိုယ့်ကိုယ်ရေးအချက်အလက်တွေ၊
 နေရပ်လိပ်စာကို အတိအကျတွေ ဖော်ပြထားတာကို ရှောင်ကြနော်။ ကိုယ်က ဖုန်းနံပါတ်တွေကိုလည်း ဖေ့စ်ဘုတ်မှာ ထည့်ထားရရင်လည်း only me (ကိုယ်တစ်ယောက်ထဲ မြင်ရအောင်) ပြုလုပ်ထားကြနော်။
 About နေရာမှာ ထည့်ထားတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ (ဥပမာ ပညာရေး၊ အလုပ်အကိုင်၊ မိသားစုဝင်) အချက်အလက်တစ်ခုချင်းစီ ကို public ဖြစ်သင့်လား friend only ဖြစ်သင့်လား သေချာစိစစ်သင့်တယ်နော။

ကိုယ်တင်ထားတဲ့ အကြောင်းအရာတွေကို နောက် တစ်ယောက်ယောက်က Screenshot ရိုက်ယူထားလို့ ရတယ်ဆိုတာကိုလည်း မမေ့နဲ့နော်။ ကိုယ်ပို့စ်တင်တာတွေ နဲ့တင်မကပဲ ကိုယ်မသိတဲ့သူတစ်ယောက်က ကိုယ့်ကို Message (မက်စေ့) ပို့ပြီးတော့ အတွင်းရေးအချက်အလက်တွေ လာမေးတယ်ဆိုရင်လည်း ဇီးကွက် မဖြေရဘူး။ ငယ်ငယ်က အမေဆုံးမနေကြလို အပြင်ထွက်ရင် သူစိမ်းတွေ စကားလာပြောရင် ပြန်မဖြေနဲ့ ဆိုသလိုပေါ့။ အဲ့သလိုပဲ အွန်လိုင်းဆိုတာကလည်း လူအချင်းချင်း မမြင်ရတော့ နင်က ဘာမှမဖြစ်လောက်ပါဘူးလေလို့ ထင်နေပေမဲ့လည်း စဉ်းစားဆင်ခြင်ရမှာကတော့ ထိုနည်းတူစွာပါပဲ။

ကဲ… ဆက်ပြီးတော့ လူမှုကွန်ရက်ဘေးကင်းလုံခြုံတာနဲ့ ပက်သက်လို့ social media တစ်ခုချင်းစီရဲ့ သဘောသဘာဝတွေကို အကျဉ်းချုံးလေးဆက်ပြောပြမယ်။

Google Drive ကို အကျိုး ရှိရှိသုံးကြမယ်။
စာတွေရေးပြီး ဘယ်မှာသိမ်းလို့သိမ်းထားရမှန်းမသိပဲ ရှုပ်နေတာမျိုးရှိလား အခုလို covid ကာလမှာ အိမ်ကနေအလုပ်လုပ်နေရတဲ့သူတွေနဲ့အဖွဲ့အစည်းတွေမှ ာ အသုံးများတဲ့ Google Drive  နဲ့မိတ်ဆက်ပေးချင်ပါတယ်။  Google Drive မှာဆိုရင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်ထဲဘဲဖြစ်ဖြစ် ရေးထားတဲ့စာတွေကို သေသေသပ်သပ် မ​ပျောက်မပျက်သိမ်းထားလို့ရပါတယ်။  ဒါဆိုရင်
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
1 2 3 … 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။