Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အစကောင်းမှ အနှောင်းသေချာ

Posted on December 12, 2018September 11, 2020

အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ

မောင်မယ်တို့ရေ မီးဘေးရှောင် မလောင်ခင်ကတား ဆိုသလို စာဥဒီနေရာမှာ အကြံပေးချင်တာက ခုနကပြောထားတဲ့ အွန်လိုင်း နှောင့်ယှက်မှုတွေ ဖြစ်မလာအောင် အစကတည်းက ကိုယ့်ကိုယ့်ကို ဆင်ဆင်ခြင်ခြင် ကာကွယ်ထားရင် ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘော်ဒါကြီး ပေါ်ဦး တစ်ချိန်လုံးပြောနေသလိုပဲ အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံအောင် ဆင်ခြင် နေထိုင်တတ်ကြရင် ဘာမှ ပူစရာမလိုတော့ဘူးလေ။ ဒီမှာလည်း စာဥ နောက်တစ်ခေါက် အကျဥ်းချုံး ပြန်သတိပေးမယ်နော်။

အဲ့တော့ စဉ်းစားရမယ့် အချက်တွေကတော့

၁) အွန်လိုင်းပေါ်မှာ ရောက်နေမယ့် ကိုယ်ရေးကိုယ်တာ အချက်တွေကို လုံလုံခြုံခြုံထားပါ။

ကဲ ပေါ်ဦးကလည်း သူ့အလှည့်တုန်းက အကျယ်တဝင့် ဒီအရာတွေကို ထပ်ခါတလဲလဲ ပြောထားပြီးပြီနော်။ မေ့သွားရင် ပြန်သွားဖတ်ပါ။

၂) မိမိရဲ့ ဒီဂျစ်တယ် စက်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း နဲ့ ကွန်ပြူတာတွေကို လုံလုံခြုံခြုံထားပါ။

ကိုယ့်ရဲ့ အချက်အလက်တွေရှိနေတဲ့ ဒီ ဖုန်း နဲ့ ကွန်ပြူတာ စတဲ့ ဒီဂျစ်တယ် စက်ပစ္စည်းတွေကို သူများ မခိုးနိုင်အောင် ဒါမှမဟုတ် သူများခိုးမသုံးနိုင်အောင် မမြဲတမ်း သတိပြုပါ။ မေ့သွား၊ ပြောက်သွား၊ ခိုးသွားရင်တောင်မှ ကိုယ့်စက်တွေကို စကားဝှက်များ / pin များနှင့် သော့ခတ်ထားခြင်းအားဖြင့် မိမိအချက်အလက်နဲ့ အကောင့်ကို သူများမရအောင် ကာကွယ်ထားပါ။

၃) မိမိရဲ့ အင်တာနက် အကောင့်များကို လုံလုံခြုံခြုံထားပါ။

ပေါ်ဦးက ဒါနဲ့ပက်သက်ပြီး အများကြီး ပြောထားတယ်နော်။ ပြန်သွားဖတ်ကြည့်ပါ။

၄) အွန်လိုင်းအနှောင့် အယှက်တွေကို ကြုံတွေ့ရလာရင် အကူအညီရယူပါ။

ပြဿနာကြုံတွေ့လာရင် ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်ဖြေရှင်းတာထက် မိမိရဲ့ ပတ်ဝန်းကျင်က ကူညီပေးနိုင်မယ့်သူတွေဆီကနေ အထောက်အပံ့များရယူပါ။

ဒီလိုဆိုရင်တော့ စာဥတို့ အင်တာနက် အသိုက်အဝန်းမှာ အသုံးပြုသူအတွက် အနှောင့်အယှက်ကင်းပြီး စိတ်အေးချမ်းမယ့် ပတ်ဝန်းကျင့်ကို တည်ဆောင်နိုင်မှာပါ။ ဆက်လက်ပြီး လူ့အသိုက်အဝန်းတစ်ခုလုံးအနေနဲ့ သာယာတဲ့ အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ ဘယ်လိုမျိုး ကျင့်ဝတ်တွေ ရှိသင့်တယ်ဆိုတာဆက်ပြောပြမယ်။

Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?
အင်တာနက်ဘော်ဒါမှာ Covid-19 နဲ့ပတ်သက်လို့ ဘယ်မှာသတင်းအမှန်နဲ့ သတင်းမြန်တာတွေကို ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။ Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင် အောက်မှာဖော်ပြထားတဲ့ Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ World Health Organization Myanmar (WHO) (https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr) ဒီPageမှာဆိုရင်
1 2 3 … 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။