Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ

Posted on December 12, 2018September 8, 2020

အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ

ကဲ ဇီးကွက်၊ အခုကစပြီးတော့ သင့်ကို အကျွန်ုပ် အင်တာနက်ဘေးကင်းလုံခြုံမှုအကြောင်းတွေ သေချာရှင်းပြမှ ဖြစ်တော့မယ်။

အင်တာနက်ဆိုတာက လူတွေ တကယ်ရှိမနေပဲ ကွန်ရက်ကြီးပေါ်မှာ လူတွေကို ကိုယ်စားပြုထားတဲ့အရာတွေနဲ့ တည်ဆောက်ထားတယ်ဆိုတာ မှတ်မိလား။ အင်တာနက်ကနေ ကိုယ့်ကို ထိခိုက်တယ်ဆိုတာမျိုးက ကိုယ်က ပေါ့ဆလို့ အပြင်မှာ ကိုယ်ထိလက်ရောက် အန္တရာယ်ကျရောက်တာမျိုး၊ အင်တာနက်ပေါ်က အကြောင်းအရာကြောင့် အပြင်မှာ ကိုယ့်စိတ်နာကျင်ထိခိုက်သွားတာမျိုးနဲ့ အင်တာနက်ပေါ်က အလိမ်အညာတွေမိသွားတာမျိုးကို ခေါ်တာပေါ့ကွာ။

ကိုယ်ထိလက်ရောက် အန္တရာယ်ကျရောက်မှု (Physical Risk)
ဥပမာ ကိုယ့်ကို ရန်ပြုချင်တဲ့ သူတစ်ယောက်က ကိုယ်ဘယ်နားမှာ ရှိနေတယ်၊​ ဘာတွေ ပိုင်ဆိုင်တယ်ဆိုတာကို သိသွားလို့ အလွယ်တကူလာပြီး ရန်ရှာလို့ရတာမျိုးကို ပြောတာ။ ဒါမှမဟုတ် ကိုယ့်အင်တာနက် အကောင့်တွေရဲ့ စကားဝှက်တွေကို သိသွားလို့ ခိုးဝင်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေ သိသွားတာကအစ ကိုယ့် အွန်လိုင်းဘဏ်ထဲကို ဝင်ပြီး ပိုက်ဆံတွေ ခိုးယူတာအဆုံး ဖြစ်နိုင်တယ်တဲ့ကွယ်။

စိတ်နာကျင်ထိခိုက်မှု (Psychological Risk)
အင်တာနက်ပေါ်မှာ တစ်ဖက်ကလူကို အသင်က မမြင်ရပေမယ့် အဲ့လူက ကိုယ့်ကိုစိတ်ဝေဒနာဖြစ်အောင် လိုက်ပြီးနှောင့်ယှက်တာမျိုး ပြုလုပ်တာတွေ ဖြစ်နိုင်တယ်။ အဆိုးဆုံးကတော့ ကိုယ့်ကို ခြိမ်းခြောက်တာတွေ၊​ အနိုင်ကျင့်တာတွေ၊ အရှက်ခွဲတာတွေ၊ ငွေညှစ်တာတွေ စသဖြင့် လုပ်လို့ရတယ်ဟဲ့။​

အွန်လိုင်းပေါ်က အလိမ်အညာများ (Online Frauds)
အွန်လိုင်းပေါ်မှာ အသင့်ကို ပိုက်ဆံလာတောင်းတာ၊ အချက်အလက် လိမ်တောင်းတာတွေ လုပ်ချင်နေကြတဲ့သူတွေရှိနေတတ်ကြတယ်။ မပါးနပ်ပဲ ယုံလွယ်မယ့်သူတွေကို သူတို့က ချိန်ပြီး ထီပေါက်မယ်၊ မဲပေါက်မယ်၊ အတိုးရမယ်၊ ပိုက်ဆံပြန်ပို့ပေးမယ်စတဲ့ အလိမ်အညာတွေသုံး၊ အကြံအဖန်တွေလုပ်ပြီး ပိုက်ဆံတွေ အချက်အလက်တွေ လိမ်တောင်းတာမျိုးပေါ့ကွယ်။

ဘာပဲဖြစ်ဖြစ်လေ ကြောက်မသွားပါနဲ့။​ အပြင်လောကမှာ နေထိုင်သလိုပဲပေါ့။ ကိုယ့်ဘက်က အမြဲဂရုစိုက်ရင် ဘာအန္တရာယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့တော့ နောက်တစ်ခေါက်က စပြီးတော့ အွန်လိုင်းမောင်မယ်သစ်တို့ကို အင်တာနက် လုံခြုံရေးအကြောင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းသိမ်းရမယ့် အကြောင်းနဲ့၊​ အနှောင့်အယှက်ရန်တွေကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဒီဂျစ်တ​ယ် ပေါ်ဦးကနေ စပြောတော့မယ်။

Google Drive ကို အကျိုး ရှိရှိသုံးကြမယ်။
စာတွေရေးပြီး ဘယ်မှာသိမ်းလို့သိမ်းထားရမှန်းမသိပဲ ရှုပ်နေတာမျိုးရှိလား အခုလို covid ကာလမှာ အိမ်ကနေအလုပ်လုပ်နေရတဲ့သူတွေနဲ့အဖွဲ့အစည်းတွေမှ ာ အသုံးများတဲ့ Google Drive  နဲ့မိတ်ဆက်ပေးချင်ပါတယ်။  Google Drive မှာဆိုရင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်ထဲဘဲဖြစ်ဖြစ် ရေးထားတဲ့စာတွေကို သေသေသပ်သပ် မ​ပျောက်မပျက်သိမ်းထားလို့ရပါတယ်။  ဒါဆိုရင်
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
1 2 3 … 5 Next »

Related

©2022 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။