InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၃။​ ဒီဂျစ်တယ်
    ငတက်ပြားတွေကို သတိထား။

    မောင်မယ်တို့တစ်တွေ… အင်တာနက်ကိုကောင်းကောင်းမသုံးပဲနဲ့ လက်ကမြင်းပြီး သူတစ်ပါးကို လိုက်နှောင့်ယှက်တတ်ကြတဲ့ အနှောင့်ကောင်လေးတွေ ရှိကြတယ်ဆိုတာ စာဥပြောထားပြီးသားမလားအေ။

    တချို့က ပျော်စေပျက်စေ စကြနောက်ကြ သဘောရိုးနဲ့ သူများကို နှောင့်ယှက်ကြတယ်ဆိုသော်ငြား တစ်ခါတစ်လေ ဘောင်ကျော်သွားတဲ့အခါ သူများကို စိတ်ထိခိုက်၊ ကိုယ်ထိခိုက် ဖြစ်လာတဲ့အခါ ဒီလို နှောင့်ယှက်မှုက မကောင်းတော့ဘူးလို့ စာဥ ပြောရတော့မယ်လေ။ ဒီ့ထက်ဆိုးရင် မသမာသူတွေကလည်း အင်တာနက်ကို အသုံးချပြီး သူတစ်ပါးကို ဒုက္ခပေးတဲ့ အလုပ်တွေလုပ်ကြတဲ့ အခါမှာတော့ သာယာအေးချမ်းတဲ့ အင်တာနက်လောကကြီးမှာ အနှောင့်အမှောင့်တွေ ဝင်လာတော့မပေါ့။

    အဲ့လိုမျိုး အနှောင့်အယှက်တွေဟာ ဘယ်လိုမျိုးလဲဆိုတာကို သိလာတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ထားပြီးသလို ဖြစ်တာပေါ့။ အဲ့ဒီအခါမှ သူတို့ကို ရှောင်ရှားနိုင်တဲ့အခါ အင်တာနက်သုံးရင် အာရုံမနောက်တော့ဘူးလေ။ ဆိုးဆိုးရွားရွားအခြေအမျိုးတွေ ဖြစ်မလာအောင် အစကတည်းက တားဆီးထားရင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံတာပေါ့။ အဲ့ဒါကို ကာကွယ်နိုင်ဖို့ အခု စာဥပြောမယ့် နှောင့်ယှက်ပုံ အမျိုးအစားတွေကို သိအောင် မှတ်သားကြပါတော့နော်။

    (၁) သူတစ်ပါးအကြောင်းကို ဖြန့်ခြင်း

    နှောင့်ယှက်သူတွေက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ(အတွင်းရေးအကြောင်းအရာတွေ)၊ မမှန်မကန်သတင်းတွေ၊ တစ်ခြားသူတစ်ယောက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အင်တာနက်ပေါ်ကတစ်ဆင့် လူတွေအများကြီးဆီရောက်အောင် နည်းမျိုးစုံသုံးပြီး ဖြန့်ချင်ဖြန့်လို့ရတဲ့။ တစ်ခြားသူအပေါ် မသမာတဲ့စိတ်နဲ့ ရည်ရွယ်ချက်မျိုးမျိုးထားပြီး လုပ်ကြတာ ဖြစ်ပါတယ်။ အဆိုးရွားဆုံး အခြေအနေမျိုးမှာတော့ သူတစ်ပါးရဲ့အတွင်းရေးအကြောင်းတွေကို အလွဲသုံးစားလုပ်ပြီး အရှက်ကွဲအောင်လုပ်ဖို့၊ လိုချင်တာကိုရအောင် ခြိမ်းခြောက်ဖို့နဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ကာယိန္ဒြေ ထိခိုက်စေအောင် လုပ်ကြတာများပါတယ်။

    (၂) ဟန်ဆောင်ကာ နှောင့်ယှက်ခြင်း

    အွန်လိုင်းပေါ်မှာ တစ်ခြားသူတစ်ယောက်ရဲ့ ပုံနဲ့ နာမည်တွေကိုယူသုံးထားပြီး အဲ့လူပုံစံမျိုးအယောင်ဆောင်နေတဲ့ လူတွေနဲ့ ကြုံဖူးကြလား။ တစ်ချို့ဆိုရင် ကိုယ့်ရဲ့ ဓာတ်ပုံကိုသုံးပြီး အတုအယောင်လိုက်လုပ်တာကို ကြုံဖူးမှာပေါ့။ သူများနာမည်နဲ့ ဓာတ်ပုံကိုသုံးပြီး အဲ့လူလို ဟန်ဆောင်ပြီး လူမှုကွန်ယက်ပေါ်ကနေ နှောင့်ယှက်တဲ့ နည်းလမ်းပါ။ ကာယကံရှင်ကို အရှက်ခွဲချင်လို့​ ဒါမှမဟုတ် လူအထင်လွဲအောင် / မုန်းတီးအောင် လုပ်ချင်လို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြတယ်။ အကောင့်တုတွေဖန်တီးပြီး သတင်းအမှားတွေလွှင့်တာ၊ အရှက်ရစေမယ့်ပုံတွေတင်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမယ့် အကြောင်းအရာတွေကို ရေးတင်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အခြားနှောင့်ယှက်တဲ့ ပုံတစ်မျိုးကတော့ သူများအဖြစ်ဟန်ဆောင်ပြီး ထိုကာယကံရှင်ရဲ့ လူမှုကွန်ယက်အတွင်းက သူငယ်ချင်းတွေဆီကနေ အချက်အလက်တွေ ခိုးခြင်း၊ လိမ်တောင်းခြင်း၊ နှောင့်ယှက်ခြင်း ပြုလုပ်တဲ့ နည်းပါပဲ။

    (၃) အွန်လိုင်းပေါ်တွင် နောက်ယောင်ခံခြင်း

    အင်တာနက်ကတစ်ဆင့် သူတစ်ပါးရဲ့ လူမှုမီဒီယာ ပရိုဖိုင်းတွေ (ဥပမာ ဖေ့စ်ဘုတ်ပရိုဖိုင်း) ကို အမြဲတစေ ခိုးဝှက်စောင့်ကြည့်ပြီး ကာယကံရှင်မသိပဲ သူရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတာကလည်း အင်တာနက်နှောင့်ယှက်မှု တစ်ခုဖြစ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေကတော့ ကာယကံရှင်ရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်ကနေ တခြားသူတွေ အများကြီးဆီကို ဝေမျှတာ၊ ပြန်ဖြန့်ဝေတာတွေ ပြုလုပ်ခြင်းနဲ့ အန္တရာယ်ပြုတာပါ။ တခြားနည်း တစ်ခုကတော့ ပြင်ပဘဝမှာ ကာယကံရှင်မသိပဲ ဓာတ်ပုံရိုက်ယူကာ လူမှုကွန်ယက် အုပ်စု (Facebook groups / meme groups)တွေမှာ သူ့ရဲ့ ပုံကို ပြန်ဖြန့်ခြင်းနဲ့ နှောင့်ယှက်တာမျိုး လုပ်တတ်ကြတယ်။

    (၄) အလျှော့မပေးပဲ အဆက်မပြတ် စိတ်အနှောင့်အယှက်ပေးခြင်း

    အင်တာနက်နဲ့ လူမှုကွန်ယက်ရဲ့ စာပို့တဲ့နေရာတွေ (ဥပမာ FB Messenger နဲ့ Viber) ကတစ်ဆင့် ကြိမ်ဖန်များစွာ စာပို့တာကလည်း နှောင့်ယှက်ခြင်းပုံစံတစ်ခုပါ။ ဆိုးရွားတဲ့ အဆင့်ထိ မရောက်နိုင်ပေမဲ့လည်း အထူးသဖြင့် အမျိုးသမီးတွေကို ထိကပါးရိကပါး ပြောတာ၊ လိင်ပိုင်းဆိုင်ရာ အကြောင်းတွေ ပြောတာ / အဆိုပြုတာ ပြုလုပ်တတ်ကြသလို ကာယကံရှင် စာမပြန်ရင် သူ့ကို အပြစ်တင်တယ်၊ ဆဲဆိုတယ်ဆိုတာကလည်း နှောင့်ယှက်ရာ ရောက်ပါတယ်။

    (၅) အင်တာနက်ပေါ်ကနေ အရှက်ခွဲခြင်း

    အွန်လိုင်းပေါ်ကတစ်ဆင့် အရှက်ခွဲခံရမှုမှာ ဘာတွေပါလဲဆိုတော့ ကိုယ်အရှက်ရစေမယ့်ပုံတွေတင်တာ၊ ကိုယ့်အပေါ်မကောင်းတဲ့အမြင်တွေကို သူများတွေသိအောင်ဝေမျှတာတွေ၊ ကိုယ့်အတွက် အန္တရာယ်ရှိတာတွေ၊ ကိုယ့်ရဲ့အတွင်းအကြောင်းအမှန်တွေ၊ မဟုတ်ရင် ကိုယ့်အကြောင်းအမှားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ရေးတင်တာမျိုးတွေလုပ်ပြီး ကိုယ့်ကို စိတ်နာကျင်အောင်လုပ်ဖို့ကြိုးစားတာလုပ်တတ်ကြတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အင်တာနက်ပေါ်နဲ့ လူမှုကွန်ယက်နယ်ပယ်တွေပေါ်ကတဆင့် လူတွေအများကြီးမြင်အောင်လုပ်ပြီး အန္တရာယ်ဖြစ်အောင်လုပ်တာ ဒါမှမဟုတ် လှောင်ပြောင် အရှက်ခွဲတာပဲ ဖြစ်ပါတယ်။ စာဥတို့ ဒီနေ့ခေတ်မှာ ရေပန်းစားနေတဲ့ meme ဟာသပြုလုပ်နည်းကတစ်ဆင့်လည်း ကာယကံရှင်တစ်ဦးဦးရဲ့ ဓာတ်ပုံ (သို့) ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုသုံးပြီး meme ပြုလုပ်လှောင်ပြောင်ကာ လူတကာရှေ့ကို ချပြခြင်းအားဖြင့် သူ့ရဲ့ ဘဝကို ထိခိုက်စေနိုင်တာကို သတိထားပါ။

    (၆) စိတ်ထိခိုက်အောင် ဆဲဆို ရိုင်းပြခြင်း

    လူမှုကွန်ယက်နယ်ပယ်ပေါ်မှာ comment နေရာတွေ ဒါမှမဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင် အကောင့်ကတစ်ဆင့် တစ်ယောက်ယောက်ကို နာမည်တပ် လူအများအမြင်၌ ဆဲဆိုရိုင်းပြခြင်း၊ စကားလုံးတွေနဲ့ တိုက်ခိုက်တာကို ဆိုလိုတာပါ။ အမုန်းစကားတွေနဲ့ လူတစ်ယောက်ကို စိတ်နာကျင်အောင် ထိခိုက်အောင် ပြောဆိုတယ်ဆိုတာ သူ့ကို ကိုယ်က တိုက်ရိုက်မပြောဆိုရင်တောင် လူတစ်ဦးဦးရဲ့ ဝိသေသတစ်ခုကို အခြေခံပြီး ရိုးရိုးခြုံငုံပြောလိုက်တယ်ဆိုရင်ပဲ ကိုယ်တစ်ချိန်ချိန်တုန်းက ရေးထားတဲ့ စကားတွေ စာလုံးတွေကို တစ်ယောက်ယောက်မြင်တဲ့အခါ သူနဲ့ သက်ဆိုင်တယ်လို့ သူခံစားရရင် သူစိတ်ထိခိုက်သွားမှာပေါ့။ ဝိသေသဆိုတာက လူတစ်ဦးဦးရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ အသားအရောင်​ နဲ့ ရုပ်အသွင်အပြင်၊ သူ့တို့ရဲ့ဘဝနေထိုင်မှုပုံစံ၊ လူမျိုး၊ ဘာသာ၊​ ယဉ်ကျေးမှု အလေ့အထ၊ သူတို့လက်တွဲဖော်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ၊ လူတစ်ယောက်ရဲ့ မသန်စွမ်းမှုအခြေအနေ၊ ကျား,မ ဖြစ်ခြင်း၊ အသက်အရွယ် စတာကို ခေါ်ပြီး အဲ့ဒါတွေကို အခြေခံပြီး သူတို့ကို အမုန်းစကားတွေနဲ့ ပြောဆိုတာက လူတွေကို ထိခိုက်နိုင်လို့ နှုတ်စောင့်ထိန်းသင့်ပါတယ်။ အဲ့တော့ အွန်လိုင်းမှာ ဘယ်သူမှ ကိုယ်ဘာရေးရေး ကိုယ့်ကို မမြင်လို့ ရေးချင်တာရေးမယ်လို့ နှလုံးမသွင်းလိုက်ပါနဲ့။ ကိုယ်က ကြင်နာတဲ့ စကားကို ပြောပါ။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်ရွင်လန်းချမ်းမြေ့မှုကို ဖြစ်ပါစေနော်။

    (၇) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း

    အင်တာနက်နဲ့ လူမှုကွန်ယက်ကတစ်ဆင့် ကာယကံရှင် (အထူးသဖြင့် အမျိုးသမီးတွေ)ကို ပုံစံအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာပါ။ ဥပမာ – မတောင်းပဲ ညစ်ညမ်းပုံတွေပို့တာ၊ ကာမတောင်းဆိုမှု ပြုလုပ်တာ၊ ခြိမ်းခြောက်တာ၊ ကာယကံရှင်ရဲ့ ဓာတ်ပုံ နှင့် နာမည်ကိုသုံးပြီး အင်တာနက်တစ်ခွင် ညစ်ညမ်းအကြောင်းအရာတွေနှင့် ဆက်နွယ်ပြီး တခြားသူတွေ မြင်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းရဲ့ အဆိုးရွားဆုံး ပုံစံကတော့ လက်စားချေ ညစ်ညမ်းအကြောင်းအရာပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကျုးလွန်သူက သူနဲ့ပတ်သက်သူတစ်ဦးဦးကို လက်စားချေပြီး ထိခိုက်စေချင်လို့ အဲ့လူရဲ့ ဣန္ဒြေနဲ့ သိက္ခာကို ဖျက်ဆီးတဲ့ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အကြောင်းအရာကို ညစ်ညမ်း website (သို့) စာမျက်နှာတွေမှာ ဖြန့်ဝေတာပဲ ဖြစ်ပါတယ်။ အများသောအားဖြင့် ချစ်သူဟောင်းများက လက်စားချေရန် ပြုလုပ်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေ အဲ့လို မဖြန့်ခင်မှာ အွန်လိုင်းက စာပို့တဲ့နေရာတွေကနေ ခြိမ်းခြောက်တာတွေ အရင်ပြုလုပ်တတ်ကြတယ်။

    (၉) ကိုယ်ထိလက်ရောက်ထိခိုက်ရန် ခြိမ်းခြောက်ခြင်း

    အင်တာနက်နည်းပညာက တစ်ခါတစ်ရံမှာ မသမာသူတွေအတွက် မျက်နှာချင်းဆိုင်တွေ့ဖို့ ခက်ခဲတဲ့ သူဆီကို အလွယ်တကူ အတားအဆီးမရှိ အကြောင်းအရာတွေ ပေးပို့လို့ရအောင် ကူညီပေးသလို ဖြစ်တတ်ပါတယ်။ ဒုစရိုက်ပြုလိုသူများအဖို့ လူတစ်ဦးတစ်ယောက်ဆီကို ခြိမ်းခြောက်စာတွေ ပေးပို့တာ ပြုလုပ်နိုင်တာမို့လို့ အဆိုးရွားဆုံးအခြေအနေတွေမှာ ဖုန်း၊ အင်တာနက်တို့ကတစ်ဆင့် အသက်ခြိမ်းခြောက်စာများကို ပို့တာမျိုး ဖြစ်နိုင်ပါတယ်။

    ကဲ ဒါတွေအားလုံးကို ပြောလိုက်လို့ မောင်မယ်တို့ ကြောက်မသွားကြနဲ့ဦးနော်။ ကိုယ့်ဘက်က သတိနဲ့ စဉ်းစားဆင်ခြင်တာကို ပုံမှန်လုပ်ရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.