Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း

Posted on December 12, 2018September 8, 2020

အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း

ဪ… အကျွန်ုပ်တို့ခေတ်ကလို မဟုတ်တော့ပဲ အခုက လူမှုကွန်ယက်ဆိုတာတွေကို တမ်းတမ်းစွဲစွဲနေကြတဲ့ ကာလပါလား။ လူတွေက အိပ်ရာထရင်လည်း ဆိုရှယ်မီဒီယာပေါ်တင်ရ၊ အိမ်သာထဲရောက်နေရင်လည်း တင်။ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် အားလုံးသိအောင် အကြောင်းကြားရ၊ ကိုယ်ငိုငိုရယ်ရယ် သူငယ်ချင်းတွေအားလုံးလည်း မလွတ်လိုက်စေရ ဆိုတော့၊ အိုး… အရမ်းကို ဆိုရှယ်ကျနေတဲ့ ခေတ်ပါလား ကွယ်ရို့။

ဒါနဲ့ မောင်မယ်တို့ ကိုယ့်အကြောင်းအရာအတွေ အကုန်လုံးကို ထုတ်ဖော်ပြောကြားနေတဲ့ ဆိုရှယ်မီဒီယာတွေဆိုတာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိပါသလား။ အင်တာနက်ပေါ် တက်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာတွေလုပ်ကြမယ်ဆိုရင် အနည်းဆုံးတော့ ဒီဆိုရှယ်မီဒီ​ယာတွေပေါ်မှာ ဘေးကင်းပြီး စမတ်ကျအောင် ဘယ်လိုနေထိုင်ရမလဲဆို လေ့လာထားသင့်တယ်နော်။

ဇီးကွက်သိတဲ့အတိုင်း အခု မြန်မာပြည်ကြီးအတွက် နာမည်အကြီးဆုံး ဆိုရှယ်မီဒီယာကတော့ Facebook (ဖေ့စ်ဘုတ်ခ်)​ ပေါ့။​

ဒါပေမယ့် တစ်ခါတစ်လေ… ဇီးကွက်ရယ်… အဲ့ဒီ​ ဖေ့စ်ဘုတ်ကြီးကတစ်ဆင့် ကိုယ်တကယ် အပြင်မှာ သိတဲ့သူတွေကကော၊ အပြင်မှာ မမြင်ဖူးသေးတဲ့သူနဲ့ပါ ကိုယ်က ချိတ်ဆက်မိလာတဲ့အခါ ကိုယ့်ရဲ့ ကွန်ရက် ကျယ်ပြန့်လာတော့တာပေါ့။ အဲ့ဒီအပြင် ဒီကွန်ရက်ရဲ့ စင်္ကြန်ပေါ်မှာ အသင်တို့ ကိုယ်တိုင်ဖန်တီးထားတဲ့ အကြောင်းအရာတွေကို လူအများမြင်အောင် ဝေမျှလို့ရသလို သူများတွေ လုပ်ထားတာကိုလည်း ရှာဖွေကြည့်လို့ရတာပေါ့။ သတင်းအချက်အလက်၊ ဗဟုသုတ၊ အနုပညာ၊ ကြော်ငြာ စတဲ့ အကြောင်းအရာအစုံကို တွေ့နိုင်တယ်လေ။ လူတကာ ဘယ်သူမဆို လုပ်နိုင်တော့ ဗြောက်သောက်တွေလည်း ရှိနိုင်တာပေါ့။

တစ်ခါတလေကျရင် ​Facebook တို့ Twitter တို့လို လူမှုကွန်ရက်တွေမှာ ကိုယ်က ခွင့်ပြုထားရင် ကိုယ်လုပ်သမျှ အရာတွေအားလုံးကို လူတကာ မြင်နိုင်တယ်လေ။ အပြင်လောကနဲ့ နှိုင်းယှဉ်ပြောရရင် ကိုယ်က လူလယ်ခေါင်မှာ ကိုယ့်ကိုယ်ကို ထွက်ပြနေသလိုမျိုးပေါ့။ အဲ့ဒါနဲ့ပက်သက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးအကြောင်းကို ကျွန်ုပ်ပေါ်ဦးက အကျယ်တဝင့် ရှင်းပြချင်ကြောင်းပါ။

Google Drive ကို အကျိုး ရှိရှိသုံးကြမယ်။
စာတွေရေးပြီး ဘယ်မှာသိမ်းလို့သိမ်းထားရမှန်းမသိပဲ ရှုပ်နေတာမျိုးရှိလား အခုလို covid ကာလမှာ အိမ်ကနေအလုပ်လုပ်နေရတဲ့သူတွေနဲ့အဖွဲ့အစည်းတွေမှ ာ အသုံးများတဲ့ Google Drive  နဲ့မိတ်ဆက်ပေးချင်ပါတယ်။  Google Drive မှာဆိုရင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်ထဲဘဲဖြစ်ဖြစ် ရေးထားတဲ့စာတွေကို သေသေသပ်သပ် မ​ပျောက်မပျက်သိမ်းထားလို့ရပါတယ်။  ဒါဆိုရင်
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
1 2 3 … 5 Next »

Related

©2022 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။