Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်

Posted on December 12, 2018September 8, 2020

အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်

မောင်မယ်တို့ရေ အင်တာနက်ဆိုတဲ့ စာဥတို့လောကကြီးမှာလေ လူတွေကပေါင်းစုံရှိတာ။ အင်တာနက်က လူတွေကို မတည်ဆောက်ဘူး။ လူတွေကသာ အင်တာနက်ကို တည်ဆောက်ထားကြတာပါ။ ကောင်းတဲ့ နေရာမှာ သုံး၊ ကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တယ်ဆိုရင် ကိုယ့်အတွက် ကောင်းကျိုးတွေပေးနိုင်သလို၊ ဒုစရိုက် လုပ်တဲ့သူတွေကျတော့ အင်တာနက်ကို အလွဲသုံးစားလုပ်ပြီး အမြတ်ထုတ်နေကြတာတွေ သူများကို ဒုက္ခပေးနေကြတာတွေလည်းရှိပါတယ်။

မောင်မယ်တို့ စာဥတို့အားလုံးဟာ ကိုယ့်ရဲ့ ဉာဏ်ပညာတွေနဲ့ အင်တာနက်ပေါ်က အရာတွေကို ဖန် တီးသလို အင်တာနက်ပေါ်မှာ ဝင်ရောက်နေထိုင်လိုက်ပြီဆိုတာနဲ့ Digital Citizenship လို့ခေါ်တဲ့ ဒီဂျစ်တယ်လောကကြီးရဲ့ နိုင်ငံသားတွေဖြစ်သွားကြတယ်ဆိုတာကို သတိပြုစေလိုပါတယ်။ အင်တာနက် အသုံးပြုသူတိုင်းဟာ အင်တာနက်ပေါ်က ကိုယ်ရဲ့တစ်ကိုယ်ရည်တစ်ကာယနယ်ပယ်ကို ဘယ်သူမှမပိုင်ပဲ ကိုယ်ကိုယ်တိုင် တည်ဆောက်ထားကြထားကို ဘယ်သူမှလဲ လာယူလို့မရပါဘူး။​ ဒီဂျစ်တယ် နိုင်ငံသားဆိုတဲ့ အတိုင်း နိုင်ငံသားတွေ ရှိသင့်တဲ့ တာဝန်တွေ၊ နီတိတွေနဲ့ အနည်းအများတော့ ပတ်သက်လာပါပြီ။ အဲ့ဒါမှပဲ သဟဇာတရှိတဲ့ ဒီဂျစ်တယ် အသိုက်အဝန်းတစ်ခုကို အတူတကွ တည်ထောင်နိုင်လေမပေါ့။ အဲ့ဒီအခါမှာ ဒီဂျစ်တယ် နိုင်ငံသားတိုင်းသိသင့်တဲ့ အချက်လေးချက်ရှိတယ်။​

၁- Digital Footprint ဆိုတဲ့ ကိုယ်အင်တာနက်မှာ ဘာလုပ်လုပ် ဘာသုံးသုံး ကိုယ်လုပ်သမျှ အရာတိုင်းဟာ ခြေရာကျန်ခဲ့တယ်ဆိုတာကို သိထားသင့်တဲ့အချက် ၂- Digital Identity ဆိုတဲ့ အင်တာနက်ပေါ်မှာ မိမိကိုယ်ကို ဘယ်လို သတ်မှတ်နေထိုင်တယ်ဆိုတဲ့ အရာ ၃- Digital Rights ဆိုတဲ့ အင်တာနက်ပေါ်မှာ ရသင့်ရထိုက်တဲ့ လူတိုင်းရဲ့ အခွင့်အရေးတွေ အကြောင်းနဲ့ ၄- Digital Civics ဆိုတဲ့ သဟဇာတဖြစ်တဲ့ ဒီဂျစ်တယ် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ဖို့ လူတိုင်းလိုက်နာသင့်တဲ့ ဒီဂျစ်တယ်နိတိ ပေါ့ကွာ။

ဟိတ်… အဲ့ဒီထဲမှာမှ စာဥ​ က နောက်ဆုံးအချက်ဖြစ်တဲ့ ဒီဂျစ်တယ်နိတိ အကြောင်းကိုပြောပြရင်း အင်တာနက်ပေါ်မှာ စိတ်အေးချမ်းသာယာစွာမှုကို ရရှိနိုင်မယ့် နေထိုင်ပုံအကြောင်းတွေကို ပြောပြမယ်လေ။

သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
ပညာလို အိုသည်မရှိ
အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
ကံကိုယုံ၍ ဆူးပုံမနင်းရာ
အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
Report လုပ်နည်းနဲ့ Block လုပ်နည်း
ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
ဒါသတင်းလား
သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
မသိသူကျော်သွား သိသူဖော်စား
အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
« Previous 1 2 3 4 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။