အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
မောင်မယ်တို့ရေ အင်တာနက်ဆိုတဲ့ စာဥတို့လောကကြီးမှာလေ လူတွေကပေါင်းစုံရှိတာ။ အင်တာနက်က လူတွေကို မတည်ဆောက်ဘူး။ လူတွေကသာ အင်တာနက်ကို တည်ဆောက်ထားကြတာပါ။ ကောင်းတဲ့ နေရာမှာ သုံး၊ ကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တယ်ဆိုရင် ကိုယ့်အတွက် ကောင်းကျိုးတွေပေးနိုင်သလို၊ ဒုစရိုက် လုပ်တဲ့သူတွေကျတော့ အင်တာနက်ကို အလွဲသုံးစားလုပ်ပြီး အမြတ်ထုတ်နေကြတာတွေ သူများကို ဒုက္ခပေးနေကြတာတွေလည်းရှိပါတယ်။
မောင်မယ်တို့ စာဥတို့အားလုံးဟာ ကိုယ့်ရဲ့ ဉာဏ်ပညာတွေနဲ့ အင်တာနက်ပေါ်က အရာတွေကို ဖန် တီးသလို အင်တာနက်ပေါ်မှာ ဝင်ရောက်နေထိုင်လိုက်ပြီဆိုတာနဲ့ Digital Citizenship လို့ခေါ်တဲ့ ဒီဂျစ်တယ်လောကကြီးရဲ့ နိုင်ငံသားတွေဖြစ်သွားကြတယ်ဆိုတာကို သတိပြုစေလိုပါတယ်။ အင်တာနက် အသုံးပြုသူတိုင်းဟာ အင်တာနက်ပေါ်က ကိုယ်ရဲ့တစ်ကိုယ်ရည်တစ်ကာယနယ်ပယ်ကို ဘယ်သူမှမပိုင်ပဲ ကိုယ်ကိုယ်တိုင် တည်ဆောက်ထားကြထားကို ဘယ်သူမှလဲ လာယူလို့မရပါဘူး။ ဒီဂျစ်တယ် နိုင်ငံသားဆိုတဲ့ အတိုင်း နိုင်ငံသားတွေ ရှိသင့်တဲ့ တာဝန်တွေ၊ နီတိတွေနဲ့ အနည်းအများတော့ ပတ်သက်လာပါပြီ။ အဲ့ဒါမှပဲ သဟဇာတရှိတဲ့ ဒီဂျစ်တယ် အသိုက်အဝန်းတစ်ခုကို အတူတကွ တည်ထောင်နိုင်လေမပေါ့။ အဲ့ဒီအခါမှာ ဒီဂျစ်တယ် နိုင်ငံသားတိုင်းသိသင့်တဲ့ အချက်လေးချက်ရှိတယ်။
၁- Digital Footprint ဆိုတဲ့ ကိုယ်အင်တာနက်မှာ ဘာလုပ်လုပ် ဘာသုံးသုံး ကိုယ်လုပ်သမျှ အရာတိုင်းဟာ ခြေရာကျန်ခဲ့တယ်ဆိုတာကို သိထားသင့်တဲ့အချက်
၂- Digital Identity ဆိုတဲ့ အင်တာနက်ပေါ်မှာ မိမိကိုယ်ကို ဘယ်လို သတ်မှတ်နေထိုင်တယ်ဆိုတဲ့ အရာ
၃- Digital Rights ဆိုတဲ့ အင်တာနက်ပေါ်မှာ ရသင့်ရထိုက်တဲ့ လူတိုင်းရဲ့ အခွင့်အရေးတွေ အကြောင်းနဲ့
၄- Digital Civics ဆိုတဲ့ သဟဇာတဖြစ်တဲ့ ဒီဂျစ်တယ် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ဖို့ လူတိုင်းလိုက်နာသင့်တဲ့ ဒီဂျစ်တယ်နိတိ ပေါ့ကွာ။
ဟိတ်… အဲ့ဒီထဲမှာမှ စာဥ က နောက်ဆုံးအချက်ဖြစ်တဲ့ ဒီဂျစ်တယ်နိတိ အကြောင်းကိုပြောပြရင်း အင်တာနက်ပေါ်မှာ စိတ်အေးချမ်းသာယာစွာမှုကို ရရှိနိုင်မယ့် နေထိုင်ပုံအကြောင်းတွေကို ပြောပြမယ်လေ။