Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ

Posted on December 12, 2018September 8, 2020

အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ

ဇီးကွက်ရဲ့ တစ်ခါတစ်လေ အွန်လိုင်းမှာ မသမာသူတွေက သူတို့ကိုယ်သူတို့ တကယ်ပဲ ယုံကြည်ရလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေအသွင်ဟန်ဆောင်ပြီး လူတွေဆီကနေ အချက်အလက်တွေလိမ်တောင်း၊​ ငွေတွေလိမ်တောင်း လုပ်တတ်တာရှိတယ်ကွဲ့။ တစ်ခါတစ်လေကျတော့ သူတို့က လူတွေကို တကယ်မဟုတ်တဲ့ မက်လုံးကြီးတွေပေးပြီး ဖြားရောင်းတာ၊ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ခြောက်လှန့်တာ၊ အရေးပေါ်ဖြစ်နေပါပြီ အခုချက်ချင်းပဲလုပ်ပါတော့ဆိုပြီး အလန့်တကြားလုပ်တာတွေလုပ်ပြီး လူတွေကို သူတို့လိုချင်တာတွေရအောင် တောင်းတာ၊ လုပ်ခိုင်းတာတွေ လုပ်လေ့ရှိတယ်။ အဲ့တော့ ဘာပဲပြောပြော အကြောင်းအရာကို သေချာစဉ်းစားပြီး ချင့်ချိန်ပြီးမှ ယုံမှရမယ်။

ဥပမာ ဇီးကွက်ရဲ့ အီးမေးလ်ထဲကို ဇီးကွက်မဲပေါက်သွားပါပြီ၊​ ထီပေါက်သွားပါပြီ၊​ ဆုငွေရယူရန် ဒီ link ကို နှိပ်ပါ၊​ သင့်ဘဏ်အချက်အလက်တွေပေးပါဆိုပြီး လာတောင်းတာမျိုးရှိတတ်တယ်။ နောက်တစ်မျိုးက ဇီးကွက် Facebook Messenger တို့ Viber တို့လို စာပို့စကားပြောတဲ့ စင်္ကြန်တွေမှာ “ဒီစာကို နောက်ထပ် လူငါးယောက်စီ ထပ်ပို့ပေးပါ၊ မဟုတ်ရင် ဇီးကွက်ရဲ့ Facebook အကောင့်ပျက်သွားနိုင်တယ်”​တို့ “မက်ဇူကာဘတ်က Facebook ကို ပိတ်တော့မယ် ကိုယ့်သူငယ်ချင်းတွေ များများသိနိုင်အောင် ပို့နိုင်သမျှပို့ပေးပါ”တို့ စတဲ့ လူတွေကို အလန့်တကြားဖြစ်အောင်လုပ်ပြီး ယောင်လုပ်မိစေတဲ့ စာတွေကို ဇီးကွက်ကြုံဖူးမှာပေါ့။​

အဲ့လိုဖြစ်လာပြီဆိုရင် ပေါ်ဦး ပထမဆုံးပြောချင်တာက ဘာပဲဖြစ်ဖြစ် မဆင်ခြင်ပဲ ပေါ့ပေါ့ဆဆ မလုပ်မိစေပဲ။ ပါတဲ့ အကြောင်းအရာတွေကို အရင်ဆုံး သေချာ စဉ်းစားသုံးသပ်သင့်တယ်။ အဲ့လို မသမာသူတွေကလဲ မဆင်ခြင်ပဲ​ ပေါ့ဆတဲ့ သူတွေကို ချိန်တွယ်ပြီး လုပ်တတ်ကြလို့ပဲ။​ အဲ့တော့ ဇီးကွက် အဲ့ထဲက အကြောင်းအရာက ဖြစ်နိုင်သလား မဖြစ်နိုင်သလားဆိုတာ စဉ်းစားရမယ်။​ ကိုယ်က ဘယ်တုန်းကမှ​ ထီမထိုးပဲ ထီပေါက်တယ်ဆိုရင် ယုတ္တိမရှိဘူးလေ။​ မဲပေါက်တယ်ဆိုရင်လည်း ကိုယ့်ကိုပေးမယ့်သူကို လူကိုယ်တိုက်မမြင်ရပဲနဲ့ ဘာမှသွားပြီး ကိုယ့်အချက်အလက်တွေ ပေးစရာမလိုဘူး။ ပြီးတော့ အီးမေးလ်တွေဆိုရင် ပို့တဲ့သူက ဘယ်ကလဲဆိုတာ စမ်းစစ်ရမယ်။​ ကိုယ်သိတဲ့သူတွေဆီက မဟုတ်တဲ့ စာပို့သူတွေဆို ဒါက သံသယရှိဖွယ်ရှိတယ်။ ပို့တဲ့အချိန်ကိုလည်း လေ့လာကြည့်လို့ရတယ် (ဥပမာ ညအချိန်မတော်တုန်းက ဝင်လာတာတို့၊ ရုံးချိန်ပြင်ပ ဝင်လာတာတို့)။ နောက်ပြီးတော့ အဲ့လို အီးမေးလ်တွေမှာ တစ်ခါတစ်လေ file တွေ attachment တွေ link တွေ ပါလာတယ်ဆိုရင် သွားမနှိပ်မိဖို့ အရေးကြီးတယ်။ ကိုယ့်ကို တစ်ခုခုပေးမယ်လို့ဆိုတဲ့ မက်လုံးတွေက အားကျစရာဆိုပေမဲ့ သူတို့က အစစ်မဟုတ်လို့ ဇီးကွက် နှိပ်မိတဲ့အခါ စက်ထဲ မသိမသာဝင်သွားရင် ကိုယ့်အချက်အလက်တွေကို တိတ်တိတ်လေး ကောက်ယူနေပြီး ကိုယ့်စက်ကို ဒုက္ခပေးမယ့်ကောင်တွေပဲမို့ ယောင်ပြီးမနှိပ်ဖို့ အရေးကြီးတယ်ကွဲ့။

တကယ်လို့ Messenger ကနေပို့လာတဲ့ စာဆိုရင် သူစိမ်းဖြစ်နိုင်သလို ကိုယ့်သူငယ်ချင်းစီကလည်း ဖြစ်နိုင်တယ်။ အဲ့တော့ ကိုယ့်သူငယ်ချင်းဆိုရင်တောင်မှ​ သူကလည်း အညာမိတာဖြစ်လို့ ကိုယ့်ဆီကို ရောက်လာတာဖြစ်မယ်။ စာထဲအတိုင်း လိုက်မလုပ်ပဲ သူနဲ့ အရင် မေးလားမြန်းလား လုပ်ပြီးမှ ဆုံးဖြတ်ရမယ်။

အလိမ်အညာတွေကို message ထဲတွေမှာတင်မကဘူး၊ status post တွေ အနေနဲ့လည်း တွေ့နိုင်တယ်။​ ကိုယ့်သူငယ်ချင်းက သူ့ wall မှာ ရှယ်ထားတယ်ဆိုပေမဲ့လည်း သူလည်းအလိမ်မိနေတာ ဖြစ်နိုင်တာမို့လို့ ပါတဲ့ အကြောင်းအရာကို ကြည့်ပြီး ဆင်ခြင်ရမယ်။
 သူတို့တွေက တစ်ခါတစ်လေ အပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ သတင်းထူးတွေနဲ့ အချိန်ကိုက် လုပ်တတ်တာတွေလည်း ရှိတယ်။ ဥပမာ တကယ်မဟုတ်ပဲနဲ့ “အကယ်ဒမီ​ပေးပွဲမှာ ဆုရလို့ မင်းသားမင်းသမီးတွေက မဲဖောက်ပေးမယ်”တို့​၊​ “သင်္ကြန်အတွင်း ကုသိုလ်ရအောင် လူငါးယောက်စီရောက်အောင်ပို့ပေးပါ”တို့ စတာတွေပေါ့။

ဘာပဲပြောပြော ဇီးကွက်ရေ အွန်လိုင်းမှာ မသမာသူတွေရဲ့ အလိမ်အညာမမိလေအောင် သေချာစဉ်းစားတွေးတောပြီးမှသာ လုပ်ပါဟေ့။

ကဲ ဇီးကွက်ရေ… ငါ့ဘက်ကတော့ နင့်ကို အတတ်နိုင်ဆုံး အင်တာနက်လောကကြီးအကြောင်း၊ လူမှုကွန်ယက်ရဲ့ သဘောသဘာဝတွေအကြောင်းကို ပြောပြလိုက်တယ်နော်။ တကယ်တော့ အင်တာနက်ဆိုတာ နည်းပညာသာဖြစ်ပြီး လိမ္မာပါးနပ်စွာ သုံးနိုင်သူအတွက်ကတော့ အကျိုးရှိပြီး ပေါ့ဆနေရင်တော့ အန္တရာယ်ပို ဖိတ်ခေါ်သလို ဖြစ်မှာပေါ့။ ကိုယ်ဆင်ခြင်ရမယ့် အချက်အတွေကိုလည်း နင်တော်တော်များ သိနေလောက်ပြီးဆိုတော့ ကိုယ့်ဘာသာကိုယ်သာ လုံခြုံအောင်နေပေတော့ ဇီးကွက်ရေ…။

ဒီနေ့အတွက်တော့ ပေါ်ဦးသွန်သင်ချင်တာကတော့ ဒီလောက်ပါပဲ။

ဒီထက်မက လုံခြုံသထက် လုံခြံုချင်ရင်တော့ သော့နှစ်ထပ်ခတ်နည်းဆိုတဲ့ Two Factor Authentication (သို့) Two Factor Verification ဆိုတဲ့ နည်းရှိတယ်ကွဲ့။ စိတ်ဝင်စားရင်တော့ လေ့လာကြည့်ပါလေ။

COVID နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဘယ်မှာဖတ်ကြမလဲ?
အင်တာနက်ဘော်ဒါမှာ Covid-19 နဲ့ပတ်သက်လို့ ဘယ်မှာသတင်းအမှန်နဲ့ သတင်းမြန်တာတွေကို ဖတ်ရမလဲဆိုတာမျိုးကိုလာမေးကြတာတွေရှိပါတယ်။ Covid-19 နဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်ပူပန်မှု တွေမဖြစ်ရအောင်နဲ့သတင်းမှားတွေနဲ့မကြုံရအောင် အောက်မှာဖော်ပြထားတဲ့ Page လေးတွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ World Health Organization Myanmar (WHO) (https://web.facebook.com/WorldHealthOrganizationMyanmar/?_rdc=10&_rdr) ဒီPageမှာဆိုရင်
COVID ကာလမှာ စိုးရိမ်မှုတွေကဘာဖြစ်မလဲ?
Covid ကာလမှာ သတင်းမှားတွေနဲ့ ကောလာဟလတစ်ချို့ ထွက်နေတာကိုတွေ့ရှိရပါတယ်။ အခုလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ လူကြီးလူငယ်မရွေး ကူးစက်ဖြစ်ပွားနေတဲ့ဒီကာလမှာ  ဘာတွေက ကောလာဟလတွေဖြစ်မလဲ။ ဘာတွေကိုစိုးရိမ်နေကြတာလဲ။ ဆိုတာကို ပြောဆိုဆွေးနွေးချင်ပါတယ်။ Covidနဲ့ ပတ်သတ်တဲ့ တစ်ချို့ကောလာဟလတွေကတော့  ၁။
အင်တာနက်ငွေကြေးနှင့်လူမူဘဝ
အင်တာနက်မှာဆိုရင် အများကြီးအထောက်ကူပြုတဲ့လုပ်ဆောင်ချက်တွေထဲမှာမှ ငွေလွှဲ တာလဲတစ်ခုအပါဝင်ပါပဲ။ အွန်လိုင်းပေါ်ကနေတစ်ဆင့်ဘဏ်လုပ်ငန်းစဥ် လုပ်ဆောင်မူတွေကို Mobile Bankingလို့ ခေါ်ပါတယ်။ Mobile Banking မှာအဓိကလုပ်လို့ရတာကတော့ ကိုယ်တိုင်ကိုယ်ကျဘဏ်ကိုသွားစရာမလိုပဲ လွယ်လွယ်ကူကူနဲ့ တစ်ဖက်ကိုပိုက်ဆံလွှဲလို့ရတာပဲဖြစ်ပါတယ်။ Mobile Banking ဖြင့်လုပ်ဆောင်နိုင်သော အကျိုးကျေးဇူးများကတော့ -
ပိုက်ဆံအလိမ်မခံရအောင်သတိပြုကြရန်
မထွေးနဲ့ ဦးကိုဆို တဲ့လင်မယားနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်က Covid ကာလကြီးမှာ အလုပ်တွေကလည်းအဆင်မပြေ၊ သားသမီးတွေကလည်း သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့၊ သူတို့မှာ အင်မတန်ကိုရုန်းကန်ကြရပါတယ်။ တစ်ရက်တော့ ဦးကိုကစိတ်ပြေလက်ပျောက် အင်တာနက်သုံးရင်းနဲ့ Facebook ပေါ်မှာ ၁ သိန်းသွင်း ရင်
Privacy ဆိုတာကိုဘယ်လိုနားလည်ထားလဲ?
Privacy ဆိုတာဘာလဲ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အရာတွေကို သတိမပြုမိပဲနဲ့ လူမှုကွန်ယက်ပေါ်မှာတင်ဖြစ်တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ privacy ကို အ‌လေးမထားမိခြင်းကြောင့် မသမာသူတွေနဲ့ သူစိမ်းတွေက အလွယ်တကူရယူနိုင်ပါတယ်။ တကယ်တော့ privacy ဆိုတာ ကိုယ့်ရေးကိုယ်တာကိစ္စဖြစ်ပြီး အရာရာဟာ သူများနဲ့မမျှ‌ဝေသင့်တဲ့အရာတွေဖြစ်ပါတယ်။
မိမိကိုယ်တိုင် Cyberbullying လုပ်မိနေပြီလား?
Cyberbullying ဆိုတဲ့အကြောင်းကို ဒီတစ်ခါ မိတ်ဆွေတို့ကိုမျှ‌ဝေပေးချင်ပါတယ်။ အခုလို အင်တာနက်ခေတ်ကြီးမှာ မိတ်‌ဆွေတို့ကိုယ်တိုင် cyber bullying လုပ်နေမှန်းမသိတာမျိုးနဲ့သတိမပြုမိတာမျိုးဖြစ်နိုင်ပါတယ်၊ အဲ့ဒါကြောင့်လည်း သိပြီးသားသူတွေအတွက်ရော reminder အနေနဲ့ဖြစ်ဖြစ်၊ မသိသေးသူတွေအတွက်ပါ ဒီစာလေးကိုရေးပေးလိုက်ပါတယ်။ အဲ့ဒီတော့ cyberbullying ဆိုတာ မြန်မာလိုဘာသာပြန်မယ်ဆိုရင်
Cyber Grooming နှင့် Sexual Harassment တို့ကိုသတိပြုရန်။
Cyber Grooming နှင့် Sexual Harassment ဆိုတဲ့အကြောင်းလေးကို မျှ‌ဝေသွားချင်ပါတယ်။ Cyber Grooming ဆိုတာ များသောအားဖြင့် အသက်ပြည့်ပြီးသူလူကြီးက ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို လူမှုကွန်ယက်ကတဆင့် ဆက်သွယ် မိတ်ဆွေဖွဲ့ကာ ရင်းနှီးမှုရယူပြီး၊ ကလေးနဲ့ခင်မင်အောင်ကြိုးစားတည်ဆောက်တာမျိုးဖြစ်ပါတယ်။
GoogleMeet အကြောင်းလေ့လာကြမယ်
Zoom လိုပဲအသုံးပြုနိုင်တဲ့ Google Meet နဲ့မိတ်ဆက်ပေးချင်ပါတယ်။    ပထမဆုံးအနေနဲ့ Google Meet သုံးဖို့ဆိုရင် အရင်ဆုံး Gmail  ရှိရမှာဖြစ်ပါတယ်။ ဒီ Google Meetဟာဆိုရင်လည်း သင်တန်းတွေပို့ချလို့ရသလို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြောနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင် Meet.google.com
Zoom အကြောင်းလေ့လာရန်
အခုလို Covid ကာလအတွင်းမှာလည်း ကဏ္ဍအသီးသီးမှာလည်ပတ်လျက်ရှိတဲ့ ယန္တရားတွေ ရပ်တန့်မသွားဖို့ လူမှုရေး၊ စီးပွားရေးအစရှိတဲ့ အရေးကြီးတာတွေလုပ်နိုင်ဖို့ နည်းပညာအကူအညီအဖြစ် Zoom ကို အသုံးပြုကာ ဆက်လက်ဆောင်ရွက်နိုင်တဲ့၊ အသုံးပြုသင့်တဲ့ နည်းပညာ tool တစ်ခုဖြစ်တဲ့ Zoom အကြောင်းကိုလည်း
Skype အကြောင်းသိကောင်းစရာ
Skype ရဲ့ အရေးပါပုံ နဲ့ Skype ကိုဘယ်လို အသုံးပြုရမလဲဆိုတဲ့အကြောင်းကို ဒီတစ်ခါ ပြောပြ ချင်ပါတယ်။ Skype က၂၀၀၃ ခုနှစ်မှာ ပေါ်ပေါက်လာပြီး ဆယ်စုနှစ်   နှစ်ခုနီးပါးကိုအောင်မြင်မှုတွေဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်သွယ်​ရေး Application ဆရာကြီးလို့ပြောရင်လည်းမမှားပါဘူး။ Skype
« Previous 1 2 3 4 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။