InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ

    ဇီးကွက်ရဲ့ တစ်ခါတစ်လေ အွန်လိုင်းမှာ မသမာသူတွေက သူတို့ကိုယ်သူတို့ တကယ်ပဲ ယုံကြည်ရလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေအသွင်ဟန်ဆောင်ပြီး လူတွေဆီကနေ အချက်အလက်တွေလိမ်တောင်း၊​ ငွေတွေလိမ်တောင်း လုပ်တတ်တာရှိတယ်ကွဲ့။ တစ်ခါတစ်လေကျတော့ သူတို့က လူတွေကို တကယ်မဟုတ်တဲ့ မက်လုံးကြီးတွေပေးပြီး ဖြားရောင်းတာ၊ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ခြောက်လှန့်တာ၊ အရေးပေါ်ဖြစ်နေပါပြီ အခုချက်ချင်းပဲလုပ်ပါတော့ဆိုပြီး အလန့်တကြားလုပ်တာတွေလုပ်ပြီး လူတွေကို သူတို့လိုချင်တာတွေရအောင် တောင်းတာ၊ လုပ်ခိုင်းတာတွေ လုပ်လေ့ရှိတယ်။ အဲ့တော့ ဘာပဲပြောပြော အကြောင်းအရာကို သေချာစဉ်းစားပြီး ချင့်ချိန်ပြီးမှ ယုံမှရမယ်။

    ဥပမာ ဇီးကွက်ရဲ့ အီးမေးလ်ထဲကို ဇီးကွက်မဲပေါက်သွားပါပြီ၊​ ထီပေါက်သွားပါပြီ၊​ ဆုငွေရယူရန် ဒီ link ကို နှိပ်ပါ၊​ သင့်ဘဏ်အချက်အလက်တွေပေးပါဆိုပြီး လာတောင်းတာမျိုးရှိတတ်တယ်။ နောက်တစ်မျိုးက ဇီးကွက် Facebook Messenger တို့ Viber တို့လို စာပို့စကားပြောတဲ့ စင်္ကြန်တွေမှာ “ဒီစာကို နောက်ထပ် လူငါးယောက်စီ ထပ်ပို့ပေးပါ၊ မဟုတ်ရင် ဇီးကွက်ရဲ့ Facebook အကောင့်ပျက်သွားနိုင်တယ်”​တို့ “မက်ဇူကာဘတ်က Facebook ကို ပိတ်တော့မယ် ကိုယ့်သူငယ်ချင်းတွေ များများသိနိုင်အောင် ပို့နိုင်သမျှပို့ပေးပါ”တို့ စတဲ့ လူတွေကို အလန့်တကြားဖြစ်အောင်လုပ်ပြီး ယောင်လုပ်မိစေတဲ့ စာတွေကို ဇီးကွက်ကြုံဖူးမှာပေါ့။​

    အဲ့လိုဖြစ်လာပြီဆိုရင် ပေါ်ဦး ပထမဆုံးပြောချင်တာက ဘာပဲဖြစ်ဖြစ် မဆင်ခြင်ပဲ ပေါ့ပေါ့ဆဆ မလုပ်မိစေပဲ။ ပါတဲ့ အကြောင်းအရာတွေကို အရင်ဆုံး သေချာ စဉ်းစားသုံးသပ်သင့်တယ်။ အဲ့လို မသမာသူတွေကလဲ မဆင်ခြင်ပဲ​ ပေါ့ဆတဲ့ သူတွေကို ချိန်တွယ်ပြီး လုပ်တတ်ကြလို့ပဲ။​ အဲ့တော့ ဇီးကွက် အဲ့ထဲက အကြောင်းအရာက ဖြစ်နိုင်သလား မဖြစ်နိုင်သလားဆိုတာ စဉ်းစားရမယ်။​ ကိုယ်က ဘယ်တုန်းကမှ​ ထီမထိုးပဲ ထီပေါက်တယ်ဆိုရင် ယုတ္တိမရှိဘူးလေ။​ မဲပေါက်တယ်ဆိုရင်လည်း ကိုယ့်ကိုပေးမယ့်သူကို လူကိုယ်တိုက်မမြင်ရပဲနဲ့ ဘာမှသွားပြီး ကိုယ့်အချက်အလက်တွေ ပေးစရာမလိုဘူး။ ပြီးတော့ အီးမေးလ်တွေဆိုရင် ပို့တဲ့သူက ဘယ်ကလဲဆိုတာ စမ်းစစ်ရမယ်။​ ကိုယ်သိတဲ့သူတွေဆီက မဟုတ်တဲ့ စာပို့သူတွေဆို ဒါက သံသယရှိဖွယ်ရှိတယ်။ ပို့တဲ့အချိန်ကိုလည်း လေ့လာကြည့်လို့ရတယ် (ဥပမာ ညအချိန်မတော်တုန်းက ဝင်လာတာတို့၊ ရုံးချိန်ပြင်ပ ဝင်လာတာတို့)။ နောက်ပြီးတော့ အဲ့လို အီးမေးလ်တွေမှာ တစ်ခါတစ်လေ file တွေ attachment တွေ link တွေ ပါလာတယ်ဆိုရင် သွားမနှိပ်မိဖို့ အရေးကြီးတယ်။ ကိုယ့်ကို တစ်ခုခုပေးမယ်လို့ဆိုတဲ့ မက်လုံးတွေက အားကျစရာဆိုပေမဲ့ သူတို့က အစစ်မဟုတ်လို့ ဇီးကွက် နှိပ်မိတဲ့အခါ စက်ထဲ မသိမသာဝင်သွားရင် ကိုယ့်အချက်အလက်တွေကို တိတ်တိတ်လေး ကောက်ယူနေပြီး ကိုယ့်စက်ကို ဒုက္ခပေးမယ့်ကောင်တွေပဲမို့ ယောင်ပြီးမနှိပ်ဖို့ အရေးကြီးတယ်ကွဲ့။

    တကယ်လို့ Messenger ကနေပို့လာတဲ့ စာဆိုရင် သူစိမ်းဖြစ်နိုင်သလို ကိုယ့်သူငယ်ချင်းစီကလည်း ဖြစ်နိုင်တယ်။ အဲ့တော့ ကိုယ့်သူငယ်ချင်းဆိုရင်တောင်မှ​ သူကလည်း အညာမိတာဖြစ်လို့ ကိုယ့်ဆီကို ရောက်လာတာဖြစ်မယ်။ စာထဲအတိုင်း လိုက်မလုပ်ပဲ သူနဲ့ အရင် မေးလားမြန်းလား လုပ်ပြီးမှ ဆုံးဖြတ်ရမယ်။

    အလိမ်အညာတွေကို message ထဲတွေမှာတင်မကဘူး၊ status post တွေ အနေနဲ့လည်း တွေ့နိုင်တယ်။​ ကိုယ့်သူငယ်ချင်းက သူ့ wall မှာ ရှယ်ထားတယ်ဆိုပေမဲ့လည်း သူလည်းအလိမ်မိနေတာ ဖြစ်နိုင်တာမို့လို့ ပါတဲ့ အကြောင်းအရာကို ကြည့်ပြီး ဆင်ခြင်ရမယ်။
 သူတို့တွေက တစ်ခါတစ်လေ အပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ သတင်းထူးတွေနဲ့ အချိန်ကိုက် လုပ်တတ်တာတွေလည်း ရှိတယ်။ ဥပမာ တကယ်မဟုတ်ပဲနဲ့ “အကယ်ဒမီ​ပေးပွဲမှာ ဆုရလို့ မင်းသားမင်းသမီးတွေက မဲဖောက်ပေးမယ်”တို့​၊​ “သင်္ကြန်အတွင်း ကုသိုလ်ရအောင် လူငါးယောက်စီရောက်အောင်ပို့ပေးပါ”တို့ စတာတွေပေါ့။

    ဘာပဲပြောပြော ဇီးကွက်ရေ အွန်လိုင်းမှာ မသမာသူတွေရဲ့ အလိမ်အညာမမိလေအောင် သေချာစဉ်းစားတွေးတောပြီးမှသာ လုပ်ပါဟေ့။

    ကဲ ဇီးကွက်ရေ… ငါ့ဘက်ကတော့ နင့်ကို အတတ်နိုင်ဆုံး အင်တာနက်လောကကြီးအကြောင်း၊ လူမှုကွန်ယက်ရဲ့ သဘောသဘာဝတွေအကြောင်းကို ပြောပြလိုက်တယ်နော်။ တကယ်တော့ အင်တာနက်ဆိုတာ နည်းပညာသာဖြစ်ပြီး လိမ္မာပါးနပ်စွာ သုံးနိုင်သူအတွက်ကတော့ အကျိုးရှိပြီး ပေါ့ဆနေရင်တော့ အန္တရာယ်ပို ဖိတ်ခေါ်သလို ဖြစ်မှာပေါ့။ ကိုယ်ဆင်ခြင်ရမယ့် အချက်အတွေကိုလည်း နင်တော်တော်များ သိနေလောက်ပြီးဆိုတော့ ကိုယ့်ဘာသာကိုယ်သာ လုံခြုံအောင်နေပေတော့ ဇီးကွက်ရေ…။

    ဒီနေ့အတွက်တော့ ပေါ်ဦးသွန်သင်ချင်တာကတော့ ဒီလောက်ပါပဲ။

    ဒီထက်မက လုံခြုံသထက် လုံခြံုချင်ရင်တော့ သော့နှစ်ထပ်ခတ်နည်းဆိုတဲ့ Two Factor Authentication (သို့) Two Factor Verification ဆိုတဲ့ နည်းရှိတယ်ကွဲ့။ စိတ်ဝင်စားရင်တော့ လေ့လာကြည့်ပါလေ။

    အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
    ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
    Read more.
    အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
    အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
    Read more.
    အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
    လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
    Read more.
    အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
    အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
    Read more.
    အပိုင်း ၄။ ဘယ်သူမပြု မိမိမှု
    လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
    Read more.
    အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
    လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၆။​၊ ဝါဝါမြင်တိုင်း ရွှေမဟုတ်
    လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
    Read more.
    အပိုင်း ၇။ လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
    Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
    Read more.
    အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
    အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
    Read more.
    အပိုင်း ၉။ ဘယ်ဆီကို ရောက်ရောက်
    ကိုယ် ဘယ်နား ရောက်နေတယ်၊ ဘယ်တွေ သွားတတ်တယ်ဆိုတဲ့ နေရာနဲ့ အချိန်တွေကို အမြဲတမ်း ဝေမျှသင့်သလား။
    Read more.
    အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
    အွန်လိုင်းပေါ်ကနေ မသိတဲ့ သူစိမ်းတွေကို ကိုယ့် အချက်အလက်တွေ လှမ်းပြောမိတာနဲ့ ပက်သက်လို့ ပြောရဦးမယ်။
    Read more.
    အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ
    ကိုယ့် အချက်အလက်တွေကို လူတွေအကုန် မမြင်ပဲ ကိုယ် မြင်စေချင်တဲ့သူတွေကိုပဲ မြင်အောင် သတ်မှတ်နည်းကို ပြောပြပါ့မယ်။
    Read more.
    အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ
    Password တွေ ဘာ့ကြောင့် အရေးကြီးတာလဲ ဆိုတာ သိသင့်တယ်။
    Read more.
    အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်
    Password တွေ ကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ။
    Read more.
    အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
    တစ်ခြားသူတွေက ကိုယ့်ရဲ့အကောင့်ကို ဖွင့်ပေးထားတာလား။ Password ပြောင်းမှ ဖြစ်မယ်။
    Read more.
    အပိုင်း ၁၅။​ အွန်လိုင်းပေါ်က မသမာသူများ
    အွန်လိုင်းကနေ သင့် အရေးကြီးအချက်အလက်တွေကို လိမ်ညာတောင်းယူတဲ့ နည်းလမ်းတွေအကြောင်း နည်းနည်း သတိထားပါ။
    Read more.
    ​သော့နှစ်ထပ်ခတ်နည်း (သို့) Two Factor Authentication
    နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို သင့်ရဲ့ အဖေ့စ်ဘုတ်နဲ့ Gmail မှာ သုံးလို့ရအောင် ဖွင့်တဲ့နည်း သင်ပေးမယ်။
    Read more.
    အပိုင်း ၂။​ မရှိတောင့်တ ရှိကြောင့်ကြ
    အင်တာနက်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရရှိအောင် ဘယ်လို လုပ်ရမလဲ။
    Read more.
    အပိုင်း ၃။​ ဒီဂျစ်တယ် ငတက်ပြားတွေကို သတိထား။
    Internet Harrassment လို့ခေါ်တဲ့ အင်တာနက်ပေါ်ကလာတဲ့ အနှောင့်အယှက်လေးတွေအကြောင်းကို ပြောပြမယ်။
    Read more.
    အပိုင်း ၄။​ အစကောင်းမှ အနှောင်းသေချာ
    အွန်လိုင်းနှောင့်ယှက်မှုတွေ ဘယ်တော့မှ ကိုယ့်ဆီ မရောက်လာအောင် နေထိုင်ရမယ့်နည်းက အလွယ်လေးပါ။
    Read more.
    အပိုင်း ၅။ လူ့စည်း လူ့ဘောင်… အင်တာနက်စည်း အင်တာနက်ဘောင်
    ဖေ့စ်ဘုတ်ပေါ်မှာ လူမှုကွန်ယက်စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတာ သိလား မောင်မယ်တို့။
    Read more.
    အပိုင်း ၆။​ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ
    အမုန်းတရားကင်းစင်တဲ့ အင်တာနက် အသိုင်အဝန်းကြီးကို တည်ဆောက်ကြပါစို့လား။
    Read more.
    အပိုင်း ၁။ မသိသူကျော်သွား သိသူဖော်စား
    အင်တာနက် သတင်းလောကဟာ လူပေါင်းစုံလုပ်ထားနိုင်တာမို့ ပညာရှင်တွေရေးတဲ့ သတင်းတွေနဲ့ ဂျင်းသတင်းတွေ ရောနေနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။
    Read more.
    အပိုင်း ၂။ ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ။
    သတင်းများကို ပြန်လည်မဝေမျှခင် စစ်ဆေးနိုင်သော အချက် ၈ ချက်
    Read more.
    အပိုင်း ၃။ ဒါသတင်းလား
    သတင်းတွေကို ပညာရှင်ဆန်မှု ရှိမရှိ စစ်ဆေးမှု အဆင့်ဆင့်
    Read more.
    အပိုင်း ၄။ သတိမမူ ဂူမမြင် သတိမူက မြူပါမြင်၏
    ဆိုရှယ်မီဒီယာပေါ်မှာ သင့်ကို သတင်းတုတွေနဲ့ လှည့်ဖျားတဲ့ အထာ (၁၀) ခု
    Read more.
    အပိုင်း ၇။ Report လုပ်နည်းနဲ့ Block လုပ်နည်း
    ဖေ့စ်ဘုတ်ပေါ်က အနှောင့်အယှက်လေးတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခု။
    Read more.
    အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ
    အင်တာနက်ပေါ်က ဗဟုသုတနဲ့ သတင်းအချက်အလက်များကို အရည်အသွေး စစ်ဆေးနည်း
    Read more.
    အပိုင်း ၂။ ပညာလို အိုသည်မရှိ
    အင်တာနက်ပေါ်က အကျိုးရှိမယ့် ဗဟုသုတများ လေ့လာနိုင်မယ့်နေရာများ
    Read more.
    သူတွေကိုယ်တွေ လုပ်တတ်ကြတဲ့ အင်တာနက် အလေ့အကျင့်ဆိုးလေးများ
    အွန်လိုင်းပေါ်က အကျင့်ဆိုးတွေကို ဖျောက်ပြီးတော့ ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးကြရအောင်။
    Read more.