Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

စကားဝှက်တမ်း ကစားကြရာဝှယ်

Posted on December 12, 2018September 11, 2020

အပိုင်း ၁၃။ စကားဝှက်တမ်း ကစားကြရာဝှယ်

မောင်မယ်တို့ရေ အခုနတုန်းက ကိုယ့်ရဲ့ စကားဝှက်တွေက အိမ်သော့တွေလိုပဲ အရမ်းအရေးပါတယ်လို့ ပြောခဲ့တယ်နော်။ အခုတစ်ခေါက်တော့ အဲ့သော့တွေ ခိုင်ခံလုံခြုံအောင်ဘယ်လိုရမလဲဆိုတာကို ဆက်ပြောပြမယ်။

အွန်လိုင်းက Facebook တို့ Google တို့လို နေရာတွေက စကားဝှက် နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို မကြာခဏ မြင်ဖူးကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အက္ခရာတွေ သုံးဖို့နဲ့ စာလုံးအကြီးအသေးတွေ သုံးကြဖို့ ၊ စာလုံးအရေအတွက်များများသုံးကြဖို့နဲ့ စာလုံးတွေကို အစီအစဥ်လိုက် မသုံးကြဖို့ (ဥပမာ abcd၊ 1234) ဆိုတဲ့ သတိပေးချက်တွေကို မကြာခဏ မောင်မယ်တို့ မြင်တွေ့နေကြမှာပါ။​

Password ကောင်းကောင်းတစ်ခုဟာ ခပ်ရှည်ရှည်ဖြစ်သင့်ပြီး သူများတွေ အလွယ်တကူ မှန်းနိုင်တဲ့ အရာတွေ (ဥပမာ မိမိနာမည်၊ မိမိဖုန်းနံပါတ်၊ မိမိချစ်သူနာမည်၊ မိဘမောင်နှမနာမည်၊ မိမိအချစ်တော် ခွေးလေးကြောင်လေးတွေနာမည်၊ မိမိမွေးနေ့မွေးရက်၊ username အတိုင်းပဲ ကို စကားဝှက်မှာလည်း အတူတူပြန်ပေးတာမျိုးတွေ၊ ဂဏန်းတွေကို အစဉ်လိုက် 1234 ပေးတာမျိုး) တွေမလုပ်ဖို့အရေးကြီးပါတယ်။ ဒါဆိုရင် ကိုယ့်အကောင့်ထဲကို ဖောက်ဝင်ချင်သူက အဲ့ဒါကို မှန်းပြီး ကိုယ့်စကားဝှက်ကို သိသွားရင် မကောင်းပါဘူး။​

မောင်မယ်တို့အနေနဲ့ အကောင့်တွေများလာတဲ့အခါ တစ်ခုချင်းစီကို သီးသန့်ထားရတာ မှန်းရခက်အောင် ထားရတာမို့ မှတ်မိဖို့မလွယ်ဘူးဆိုတာတော့ နားလည်ပါတယ်။ ဒါပေမဲ့ အဲ့လိုဖြစ်မှပဲ ကိုယ့်အတွက် ဘေးကင်းလုံခြုံမှာမို့ လုံ့လဝီရိယ စိုက်ကြပါလို့ ပေါ်ဦးကတိုက်တွန်းချင်တယ်။

ကောင်းမွန်ပြီး သူများမှန်းဆရ ခက်တဲ့ စကားဝှက်တွေဆိုတာက ကျပန်းစကားလုံးတွေ အက္ခရာအကြီးအသေးတွေ ဂဏန်းတွေကို ရောနှောပြီးထားတာမျိုးဖြစ်သင့်တယ် (ဥပမာ KweePAWOOlivesINshweBo46)။ စကားဝှက်ကို စကားစုအနေနဲ့ ကျပန်းစကားလုံးသုံးလုံးနဲ့အထက် တွဲပြီး ပေးတာမျိုး (ဥပမာ – RiverCountryShoesPowerSocket)၊ နောက်တစ်နည်းက စာကြောင်းတစ်ခုအနေနဲ့ ပေးတာမျိုး (ဥပမာ – Iwenttothemarkettoday/ Iw3nt2th3m@RKET2day) စတာတွေကတော့ ပိုပြီးအားကောင်းစေပါတယ်။ ရိုးရိုး ထားနေကျ (နာမည်တွေ၊မွေးနေ့တွေ) ပါနေတဲ့ Password ထက်စာရင်တော့ ပိုကောင်းသွားတာပေါ့။

ကဲ…မောင်မယ်တို့ရေ မိမိတို့ အကောင့်တွေရဲ့ Password တွေကို သေချာပြန်စစ်ဆေးပြီး ပိုပြီးလုံခြုံတဲ့ Password ကောင်းကောင်းတစ်ခုနဲ့ သော့ခတ်ကြရအောင်နော်။

နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
ဝါဝါမြင်တိုင်း ရွှေမဟုတ်
လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
လမ်းဆုံက လူမှုကွန်ရက်
လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
ဘယ်သူမပြု မိမိမှု
လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
« Previous 1 … 3 4 5

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။