Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

ပျော်ရာမှာမနေ တော်ရာမှာနေ

Posted on December 12, 2018September 11, 2020

အပိုင်း ၁၁။ ပျော်ရာမှာမနေ တော်ရာမှာနေ

ကဲ မောင်မယ်တို့ရေ အစပိုင်းတုန်းက အရမ်းကိုယ်ရေးကိုယ်တာ ဖြစ်တဲ့အချက်အလက်တွေ အကြောင်းအရာတွေကို ကိုယ်မသိတဲ့သူတွေ မမြင်အောင်ထားဖို့ အရေးကြီးတယ်ဆိုတာပြောထားပြီးပြီနော်။ ကိုယ်တင်တာကို ဘယ်သူတွေမြင်နိုင်မလဲ ဆိုတာကို ကန့်သတ်မထားဘူးဆိုရင် ကိုယ်နဲ့သိတဲ့သူပဲဖြစ်၊ မသိတဲ့သူပဲဖြစ်ဖြစ် အကုန်လုံးကမြင်နိုင်တယ်ဆိုတာကိုလည်း သိထားပြီးပြီဆိုတော့ အခု အဲ့ဒါကို ဘယ်လိုကန့်သတ်ရမလဲဆိုတာကို ပြောပြမယ်နော်။

မောင်မယ်တို့ Facebook မှာ ပို့စ်တွေဖတ်ရင် ပို့စ်ရေးသူရဲ့ နာမည်အောက်မှာ ကမ္ဘာလုံးပုံလေးတွေ၊ လူနှစ်ယောက်ပုံစံ ပုံလေးတွေ၊ သော့ကလောက်ပုံစံလေးတွေ၊ ခွေးသွားစိတ်ပုံစံလေးတွေကို သတိထားမိကြပါသလား။ မောင်မယ်တို့ကိုယ်တိုင် ပို့်စ်တစ်ခုတင်တော့မယ်ဆိုရင်လည်း ကိုယ့်ရဲ့နာမည်အောက်မှာ အဲ့ဟာမျိုးလေးတွေကို ဝင်ပြင်ဆင်ပြီးမှ တင်တာမျိုး လုပ်လေ့ရှိပါသလား။

ဘယ်လိုဝင်ပြင်ရတယ်ဆိုတာမသိသေးတဲ့ မောင်မယ်တို့အတွက် တစ်ဆင့်ချင်းစီပြောပြမယ်နော်။

(၁) ပထမဆုံး Facebook Application ထဲကိုဝင်ပါ။



(၂) စာရေးတော့မယ် What’s on your mind ဆိုတာတဲ့နေရာကနေ စာကိုရိုက်တော့မယ်ဆိုရင် ဒီလိုပုံစံလေးပေါ်လာတာကို မြင်ရမှာပါ။ ကိုယ့်အကောင့်နာမည်အောက်က လူနှစ်ယောက်ပုံစံ ပုံလေးကို နှိပ်လိုက်ပါ။



(၃) အဲ့မှာ ရွေးချယ်စရာ ၆ခု တွေ့ရပါလိမ့်မယ်။



ပထမဆုံးတစ်ခုကတော့ Public လို့ရေးထားတဲ့ ကမ္ဘာလုံးပုံစံလေးနဲ့ ဟာပါ။ သူကတော့ မိမိတင်သမျှကို မိမိနဲ့ Facebook မှာ သူငယ်ချင်းဖြစ်ဖြစ် မဖြစ်ဖြစ် ကိုယ်တင်တဲ့ပို့စ်တွေ ပုံတွေကို မြင်ရမှာပါ။

ဒုတိယတစ်ခုကတော့ Friends လို့ရေးထားတဲ့ လူနှစ်ယောက်ပုံစံနဲ့ ဟာလေးပါ။ သူကတော့ မိမိနဲ့ Facebook မှာ သူငယ်ချင်းဖြစ်နေတဲ့သူတွေကသာ ကိုယ်တင်တဲ့ပို့စ်တွေ ပုံတွေကို မြင်ရမှာပါ။

တတိယတစ်ခုကတော့ Friends except လို့ရေးထားပြီး လူနှစ်ယောက်ပုံမှာ တစ်ခုကအရောင်မှိန်နေတဲ့ ပုံစံမျိုးလေးနဲ့ပါ။ သူ့ကို ထပ်နှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ အောက်ကပုံအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ ကိုယ်မမြင်စေချင်တဲ့သူကို နာမည်ရိုက်ထည့်ပြီး ဖယ်ထားလို့ရတာပါပဲ။



စတုတ္ထတစ်ခုကတော့ Specific Friends လို့ရေးထားပြီး လူတစ်ယောက်တည်းပါတဲ့ ပုံစံမျိုးလေးနဲ့ပါ။ သူကတော့ မိမိတင်သမျှကို မိမိမြင်စေချင်တဲ့သူတွေပဲမြင်ရအောင် နာမည်ရိုက်ထည့်ပြီး ထားလို့ရတာပါပဲ။



ပဉ္စမတစ်ခုကတော့ Only me လို့ရေးထားပြီး သော့ကလောက်ပုံစံလေးနဲ့ပါ။ သူကတော့ မိမိတင်သမျှကို မိမိကိုယ်တိုင်ပဲမြင်ရမှာပါ။

ဆဌမတစ်ခုကတော့ Friends of friends လို့ရေးထားပြီး လူသုံးယောက်ပုံစံနဲ့ ဟာလေးပါ။ သူကတော့ မိမိတင်သမျှကို မိမိနဲ့ Facebookမှာ သူငယ်ချင်းဖြစ်နေသူတွေသာမက သူတို့ရဲ့ သူငယ်ချင်းတွေကပါမြင်ရမှာပါ။

အဲ့တော့ ပို့စ်တွေတင်တိုင်း ဒီဟာလေးတွေကို စစ်ပြီးမှ တင်ဖို့ မမေ့နဲ့နော်။

Twitter မှာ Follower Setting ပြောင်းနည်း

ဆက်ပြီးတော့ မောင်မယ်တို့ရဲ့ Twitter အကောင့်ကနေ တင်သမျှ အချက်အလက်တွေကို ကိုယ်နဲ့မသိတဲ့သူတွေ လာဝင်ကြည့်လို့မရအောင် လုပ်တဲ့နည်းလေးပြောပြပေးမယ်နော်။

(၁) ပထမဦးဆုံး မိမိရဲ့ Twitter အကောင့်ကို သွားပြီး Settings and privacy သို့ဝင်ပါ။



(၂) ပြီးရင် Privacy and safety သို့သွားပါ။



(၃) အဲ့ဒီ့မှာ “Protect your Tweets” ဆိုတဲ့ ခလုတ်လေးကို ဖွင့်ပေးပါ။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့အကောင့်မှာ တင်သမျှအရာတိုင်းကို ကိုယ့်ကို follow လုပ်ထားတဲ့သူများမှလွဲလို့ တစ်ခြားသူတွေမြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်ကို နောက်ထပ်လူအသစ်တွေ follow လာလုပ်တဲ့အခါမှာလည်း Twitter က notification ပို့ပြီး လှမ်းအကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ အဲ့တော့ follower အသစ်တွေကို သေချာစီစစ်ပြီးမှ ကိုယ်က လက်ခံသင့်၊ မခံသင့် စဥ်းစားဆုံးဖြတ်လို့ရတာပေါ့။



(၄) နောက်တစ်ခုကတော့ “Recieve messages from anyone” ခလုတ်လေးက ပွင့်နေခဲ့ရင် လူတိုင်းက ကိုယ့်ဆီကို ဘယ်လိုအကြောင်းအရာကို မဆို message ပို့နိုင်တယ်လေ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ပို့လာနိုင်တာပေါ့။ အဲ့ခလုတ်လေးကို ပိတ်လိုက်ခြင်းအားဖြင့် ကိုယ် follow လုပ်ထားတဲ့သူတွေဆီကနေပဲ message ရနိုင်တော့တာပေါ့။


(၅) မိမိရဲ့ Twitter အကောင့်မှာလည်း လူတိုင်းက ကိုယ်နဲ့သိသိ၊ မသိသိ ဓာတ်ပုံတွေလာ tag နိုင်တယ်နော်။ ပေါက်ကရပုံတွေလာ tag ရင် ဘယ်လိုလုပ်ကြမလဲ။​ အဲ့လိုအခြအနေမျိုးတွေကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Privacy and safety ထဲက Photo tagging ထဲကိုဝင်ပြီး အဲ့ခလုတ်လေးကို ဖွင့်လိုက်ပါ။ ပြီးရင် မိမိကို follow လုပ်ထားတဲ့ သူတွေပဲ ဓာတ်ပုံ tag လို့ရအောင် Only people you follow can tag you ကို လုပ်ထားလိုက်ခြင်းအားဖြင့် ကိုယ် follow သွားလုပ်ထားတဲ့သူကလွဲလို့ ကိုယ့်ကို တစ်ခြားသူတွေက ဓာတ်ပုံတွေ လာ tag နိုင်မှာ မဟုတ်တော့ပါဘူး။



(၆) မိမိရဲ့ အကောင့်ကို အခြားသူတစ်ယောက်က ကိုယ့်အား မဟုတ်တာ တစ်ခုခုလာလုပ်တာပဲ ဖြစ်ဖြစ်၊ Message ကနေ လာနှောက်ယှက်နေတာပဲ ဖြစ်ဖြစ် စသဖြင့် အဲ့လိုမျိုးတွေဖြစ်လာရင် အဲ့လိုလုပ်တဲ့သူတွေရဲ့ Twitter account ကို Block လုပ်လို့ရတယ်ဆိုတာလည်း မမေ့နဲ့နော်။ အောက်မှာ ဥပမာပြထားတဲ့ အကောင့်ကလေးရဲ့ Setting logo လေးကို ဖိလိုက်ပါ။



အဲ့လိုလုပ်လိုက်တဲ့အခါကျရင် ပြထားတဲ့ Block လုပ်လို့ရမဲ့ နေရာလေးကို တွေ့ရပါလိမ့်မယ်။



ခုနက ပြောတဲ့နေရာလေးကို နှိပ်လိုက်ရင် Block ဆိုတဲ့ စကားလုံးလေးကို နှိပ်လိုက်တာနဲ့ Block အလုပ်ခံလိုက်ရသူဘက်ကနေ ကိုယ့်ကို ဘယ်လိုနည်းနဲ့မှ ဆက်သွယ်လို့ ရတော့မှာ မဟုတ်တော့ပါဘူး။



Instagram ကို Private Account လုပ်နည်း

ကဲမောင်မယ်တို့ရေ Facebook နဲ့ Twitter အကြောင်းသိပြီးပြီဆိုတော့ နာမည်ကြီးတဲ့ဆိုရှယ်မီဒီယာတွေထဲကတစ်ခုဖြစ်တဲ့ Instagram အကြောင်းကိုလည်းပြောပြအုံးမယ်နော်။

Twitter ကတော့ စာချည်းသီးသန့်တင်ရတာမျိုးဖြစ်ပြီး Facebook ကတော့ စာတွေရော ပုံတွေရောတင်လို့ရပါတယ်။ အခုပြောပြမယ့် Instagram ကတော့ ဓါတ်ပုံသီးသန့်တင်ရတာမျိုးပါ။ Facebook ကပို့စ်တွေကိုတော့ Public, Friends only, Only me, Friends of friends တွေစသဖြင့် ဘယ်သူတွေကိုပဲမြင်စေချင်လဲဆိုတာရွေးချယ်လို့ရပေမယ့် Instagram မှာကတော့ Friendsအဖြစ် သွားပြီးAdd လို့ရတာမျိုးမရှိပဲ Follower အဖြစ်ပဲ လုပ်လို့ရမှာပါ။ ကိုယ့်အကောင့်မှာ ကိုယ်တင်ထားတဲ့ပုံတွေအားလုံးကို ကိုယ့်ကို Follow လုပ်ထားသူဟုတ်ဟုတ်မဟုတ်ဟုတ်မြင်နေရတာမျိုးကတော့ ကိုယ့်အတွက်မလုံခြုံပါဘူး။ (အဲ့ဒါကတော့ Public Account လုပ်ထားတယ်ခေါ်တာပေါ့)။ အဲ့တော့ ကိုယ့်ရဲ့အကောင့်ကို လာကြည့်တဲ့သူတိုင်းကို ကိုယ်တင်ထားတဲ့ပုံတွေကို တန်းပြီးမမြင်ရအောင် ကိုယ့်အကောင့်ကို Private Account အကောင့်အဖြစ်သတ်မှတ်ထားလို့ရပါတယ်။ ကိုယ့်ကို Follow ခွင့်ရအောင် ခွင့်လာတောင်းတဲ့သူတွေကို ကိုယ်ကခွင့်ပြုလိုက်မှပဲ ကိုယ့်ပုံတွေကိုသူတို့က မြင်နိုင်မှာပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်ကဘယ်သူတွေကို ကိုယ့် Follower အဖြစ်လက်ခံထားမလဲဆိုတာပါပဲ။ ကိုယ်နဲ့ သိသူမသိသူအကုန်ကို Follow လုပ်နိုင်ခွင့်မပေးသင့်ပါဘူးနော်။

အခု Private Account ဆိုတာကို ဘယ်လိုလုပ်ရလဲဆိုတာကို တစ်ဆင့်ချင်းပြောပြမယ်နော်။

(၁) ပထမဆုံး မောင်မယ်တို့ရဲ့ Instagram Application ကိုသွားပါ။



(၂) ညာဘက်ထောင့်အောက်ဆုံးနားက ငါးခုမြောက် Iconလေးဖြစ်တဲ့ ကိုယ့်ရဲ့ အကောင့်လေးကို နှိပ်လိုက်ပါ။



(၃) ဒီလိုပုံစံလေးပေါ်လာပြီဆိုရင် ညာဘက်အပေါ်ဆုံးနားက “လိုင်း၃လိုင်းခုလုပ်”ကို နှိပ်လိုက်ပါ။ ဒီလိုပုံလေးပေါ်လာပါမယ်။



(၄) ဘယ်ဘက်အောက်ထောင့်က ခွေးသွားပုံစံလေးကိုနှိပ်လိုက်ပါ။ ဒီလိုပုံစံလေးပေါ်လာပါမယ်။



(၅) အပေါ်ကိုနည်းနည်းထပ်ဆွဲတင်လိုက်ပါ။ ဒီပုံစံတွေ့ရပြီဆိုရင် Private Account ဘေးက ခလုတ်လေးကိုနှိပ်လိုက်ပါ။



(၆) Change to Private Account? ဆိုပြီး မေးခွန်းမေးပါလိမ့်မယ်။ အပေါ်မှာရှင်းပြထားသလိုပဲ၊ “ကိုယ့်ကို Follow ခွင့်ရအောင် ခွင့်လာတောင်းတဲ့သူတွေကို ကိုယ်ကခွင့်ပြုလိုက်မှပဲ ကိုယ့်ပုံတွေကိုသူတို့က မြင်နိုင်မှာပါ။” ဆိုပြီးတော့ ပြန်ပြီး သေချာအောင်မေးတာပါ။ ပြီးရင်တော့ OK ကိုနှိပ်လိုက်လို့ရပါပြီ။



(၇) Private Account ဘေးကခလုတ်လေးက အပြာရောင်လေးပြောင်းသွားရင်တော့ မောင်မယ်တို့ရဲ့ Instagram Accountလေးဟာ Private ဖြစ်သွားပါပြီ။



(၈) ကိုယ့်ကို Follow လုပ်ဖို့ ကိုယ်ကခွင့်မပြုထားတဲ့ Accountတစ်ခုက ကိုယ့်အကောင့်ကိုလာချောင်းကြည့်မယ်ဆိုရင်တော့ This Account is Private ဆိုတဲ့စာလေးကိုပဲမြင်ရတော့မှာပါ။



ကဲ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ အင်တာနက် ပေါ်က အချက်အလက်တွေကို ဘယ်သူတွမြင်အောင်မမြင်အောင် လုပ်တတ်သွားပြီပေါ့နော်။ ဆက်ပြီးတော့ ပေါ်ဦး မောင်မယ်တို့ကို အကောင့်စကားဝှက်​(password)အကြောင်း ပြောပြမယ်။

Google Drive ကို အကျိုး ရှိရှိသုံးကြမယ်။
စာတွေရေးပြီး ဘယ်မှာသိမ်းလို့သိမ်းထားရမှန်းမသိပဲ ရှုပ်နေတာမျိုးရှိလား အခုလို covid ကာလမှာ အိမ်ကနေအလုပ်လုပ်နေရတဲ့သူတွေနဲ့အဖွဲ့အစည်းတွေမှ ာ အသုံးများတဲ့ Google Drive  နဲ့မိတ်ဆက်ပေးချင်ပါတယ်။  Google Drive မှာဆိုရင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်ထဲဘဲဖြစ်ဖြစ် ရေးထားတဲ့စာတွေကို သေသေသပ်သပ် မ​ပျောက်မပျက်သိမ်းထားလို့ရပါတယ်။  ဒါဆိုရင်
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ?Campaign ဆိုတာဘာလဲ?
Campaign တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေလိုမလဲ? Campaign  ဆိုတာဘာလဲ?  Campaign ဆိုတာ ကိုယ်ယုံကြည်ရာအအကြောင်းတစ်ခုခုကို စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တာကို Campaign လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ယက်မှာဆိုရင် ဘော်ဒါတို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ Campaign တွေကိုတွေ့မိမယ်ထင်တယ်နော်။ ဥပမာ “SaveIrrwaddyDolphins” တို့ “JusticeForVictoria”
ပုံကောင်းထွက်အောင်ဘယ်လိုပြင်ကြမလဲ?
ဘော်ဒါတို့ ရိုက်ထားတဲ့ ပုံလေးတွေကို ပိုလှပိုကြည့်လို့ကောင်းအောင် ဘယ်လိုပြင်ကြမလဲ? ပုံရဲ့background ကိုလည်းပိုပြီးစိမ်းစိမ်းစိုစိုဖြစ်စေချင်တာမျိုးဆို ဘော်ဒါတို့ လိုချင်တဲ့အတိုင်းရအောင် ဘယ်မှာသွားပြင်ကြမလဲ စတဲ့ ဓာတ်ပုံပြင်နည်းလေးတွေ အလွယ်တကူ လုပ်လို့ရတဲ့ ၊ အခမဲ့ပုံပြင်လို့ရတဲ့ applications တွေအများကြီးထဲကမှ Snapseed Application
VPN ကိုဘာလို့သုံးသင့်လဲ?
VPN နဲ့ပတ်သတ်လို့ အချက်သုံးချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။ VPN ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးလည်းနဲ့ ဘာကြောင့် VPN ရှိသင့်လဲဆိုတာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။  VPN ဆိုတာဘာလဲဆိုတာနဲ့စလိုက်ကြရအောင်။ ။ VPN ဆိုတာ Virtual Private Network ဖြစ်ပြီး၊ ထိုအရာသည် သင့် ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်တဲ့
Zoom အကြောင်း အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကပြောပြဖူးတဲ့ Zoom အကြောင်းရဲ့ ဒုတိယအပိုင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။ (Zoom အကြောင်း မသိသေးတဲ့ ဘော်ဒါတို့အတွက် အဓိက ရည်ရွယ်ပြီး ပြန်မျှဝေပေးတာဖြစ်ပါတယ်။) ပထမအပိုင်း မဖတ်ရသေးတဲ့ဘော်ဒါတွေက ဒီလင့် (https://bit.ly/2K0PUjj ) လေးမှာဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
သတင်းအချက် အလက်အမှားအမှန်တွေကိုဘယ်လိုစစ်ဆေးကြမလဲ?
ဘော်ဒါတို့ရေ ဟိုတစ်ခါ fact checking (သတင်းအချက်အလက်စစ်ဆေးခြင်း) နဲ့ပတ်သက်တဲ့ ဘယ်သတင်းတွေက အမှန်၊ ဘယ်သတင်းတွေကအမှား ဆိုတာကိုစစ်လို့ရမဲ့နည်းလမ်းတွေကို (https://bit.ly/348zKux) ဒီလထဲမှာတင်ပေးမယ်လို့ပြောထားတယ်နော်။ သတင်းတွေကို အမှန်၊အမှား စစ်လို့ရမဲ့နည်းလမ်းလေးတွေနဲ့ ဘယ် page တွေကအကူညီတောင်းပြီး စစ်ခိုင်းလို့ရတာလည်းဆိုတာ ပြောပြသွားပေးမယ်နော်။ သတင်းအတုယောင်တွေကို
VoteMM ကိုဘယ်လိုသုံးကြမလဲ?
ဘော်ဒါတို့ကို application အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app လေးက အခု ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အသုံးပိုဝင်လာမဲ့ app လေးဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်သမျှဗဟုသုတအစုံကိုလည်း လေ့လာလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ မအားလပ်တာမျိုးဖြစ်နေလို့
ချစ်သူ၊အိမ်ထောင်ဖက်၊မိတ်ဆွေတို့နှင့် မိမိ Password များကို မျှဝေအသုံးပြုသင့်ပါသလား?
မိမိချစ်သူ၊ အိမ်ထောင်ဖက်၊ မိမိ၏သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိမိ password/PIN code ကိုဘာလို့မမျှဝေသင့်တာလဲ။ မိမိချစ်သူ (သို့) မိမိအိမ်ထောင်ဖက်ကို password/PIN code ​ တွေ share ထားခဲ့မယ်ဆိုရင် မထင်မှတ်ဘဲ ကွဲသွားတာမျိုး၊ မပေါင်းတော့တာမျိုးဆိုရင်
ယူနီကုဒ်ကိုဘယ်လိုပြောင်းကြမလဲ?
ZAWGYI VERSION: မိတ်ဆွေဟာ ကွန်ပျူတာကို အခုမှ စတင်အသုံးပြုတာမဟုတ်ဘူးဆိုရင် အမျိုးအစားအများကြီးရှိတဲ့ မြန်မာဖောင့် တွေနဲ့ ရင်းနှီးခဲ့ဖူးမှာပါ။ တစ်ခါတစ်လေ အစည်းအဝေးပွဲတစ်ခုခုမှာ မြန်မာစာနဲ့ ရေးထားတဲ့ powerpoint တွေက ဖောင့်မတူဘူးဆိုတဲ့ အဖြစ်ကြောင့် နှောင့်နှေး​ရတာမျိုးကြုံဖူးတယ်မဟုတ်လား။ ဒါမှမဟုတ်
အွန်လိုင်းပေါ်မှာ ဘယ်အရာတွေက သတင်းအတုအယောင်တွေလဲ
ဆိုရှယ်မီဒီယာသုံးတဲ့အခါ ဘယ်သတင်းတွေကအမှန်လည်းဆိုတာကို ဝေခွဲရခက်လေ့ရှိကြပါတယ်။ အွန်လိုင်းပေါ်မှာ သတင်း​တွေမျှ​ဝေတဲ့အခါ အချက်အလက်တွေမမှန်ပဲ မျှဝေတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။  ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်တဲ့သတင်းတွေကိုမျှဝေတာပဲဖြစ်ဖြစ်၊  မသိလို့မျှဝေတာပဲဖြစ်ဖြစ်၊  အရေးကြီးတာကတော့ ကိုယ်ဖတ်နေတဲ့သတင်းအချက်အလက်​တွေက  မှန် မမှန်ဆိုတာကိုသိဖို့ပါပဲ။ အဲ့ဒီတော့ အ​သေးစိတ်ထပ်သိရ​အောင် အောက်မှာ​ဖော်ပြထားတဲ့ သတင်းမှားတွေဖြစ်လေ့ရှိတဲ့ အချက်အလက်​များကို ဆက်ကြည့်လိုက်ကြရအောင်နော်။  
1 2 3 … 5 Next »

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။